Pages

Thursday, February 28, 2008

ဆုတောင်း

စာရေးသူ တူမလေး အပြင်ဆေးရုံကနေ ကလေးဆေးရုံကြီးသို့ ပြီးခဲ့တဲ့သောကြာနေ့ ည၁၀နာရီခွဲမှာ ပြောင်းခဲ့ရပါတရ်... ဆေးရုံရောက်ရောက်ချင်း ဆရာမတွေက cannula ထိုးပြီး လက်ကို ပတ်တီးနဲ့ စည်းပေးထားကြပါတရ်... သွေးတွေလည်း စစ်ရပါတရ်... သွေးဖြူဥများနေလို့ သွေးကို ပိုးမွေးပြီး စစ်ထားတာ အဖြေက ၂၉ရက်နေ့မှ ရမရ်... ခုလောလောဆယ် Becef I.V, Amikacin Inj ကို မနက်တချိန်၊ ညတချိန် ပိုးသတ်ဆေးအကောင်းစားတွေ သွင်းတာတောင် ညနေပိုင်းဆို အဖျားက ၁၀၁၊ ၁၀၂လောက် တက်နေပါသေးတရ်... မနေ့ကတော့ အဖျား မတက်ဘူး၊ ၀မ်းသွားနေတာ ၁၀ခါမကတော့ဘူး... အိမ်က လူကြီးတွေလည်း ပင်ပန်းနေကြပီလေ... မီးလေး တူမလေး အမြန်နေကောင်းပြီး ဆေးရုံက အမြန်ဆင်းလာနိုင်ပါစေလို့ ဆုတောင်းရင်း......

1 comment:

မင်းကျန်စစ်။ said...

တူမလေး အမြန်နေကောင်းပြီး ဆေးရုံက အမြန်ဆင်းလာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် မီးလေးရေ။ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်အုံးကွ။ ပန်းဖျား ဖျားနေမယ်။