Pages

Monday, February 11, 2008

ဟာဒယရွှင်ဆေး

လူရွှင်တော် ၁ - မင်းကို ငါဥာဏ်စမ်းတခုမေးမယ်
လူရွှင်တော် ၂ - မေးပါ...မေးပါ
လူရွှင်တော် ၁ - ဟိုလေကွာ စူပါကော်ဖီမစ် ကြေညာတာလိုမင်းကိုမေးမယ်။ မနေ့က ဗုဒ္ဓဟူးရဲ့ မနက်ဖြန်၊ မနက်ဖြန်က တနင်္ဂနွေနေ့ရဲ့ မနေ့က ဆိုရင် ဒီနေ့ဘာနေ့လဲ ?????
လူရွှင်တော် ၂ - မနေ့က ဗုဒ္ဓဟူးရဲ့ မနက်ဖြန်၊ မနက်ဖြန်က တနင်္ဂနွေနေ့ရဲ့ မနေ့.. သိပြီ...သိပြီ ဒါလေးများ လွယ်လွယ်လေး ကလေးတောင်သိတယ် သော...ကြာ....နေ့...
လူရွှင်တော် ၁ - ဟယ်...တော်လိုက်တာတော့။ နောက်တခုထပ်မေးမယ်
လူရွှင်တော် ၂ - မင်းလူလည်မကျနဲ့ ငါမေးကလှဲ့ကွ
လူရွင်တော် ၁ - မေးပေါ့ ငါတို့က မျိုးနဲ့ရိုးနဲ့ ပညာတတ် လာမစမ်းနဲ့
လူရွှင်တော် ၂ - စမ်းတော့ ဘာဖြစ်လဲ
လူရွှင်တော် ၁ - စမ်းစမ်းပါကွ ဘယ်နားစမ်းစမ်း......................... နံရိုးကြီးပဲ
အင်န်
လူရွှင်တော် ၂ - မေးပီကွာ။ မနေ့က အင်္ဂါနေ့ရဲ့ မနက်ဖြန်၊ မနက်ဖြန်က စနေနေ့ရဲ့ မနေ့ကဆိုရင် ဒီနေ့ ဘာနေ့တုန်း????
လူရွှင်တော် ၁ - အင်္ဂါနေ့ရဲ့ မနက်ဖြန်က ဗုဒ္ဓဟူး၊ စနေနေ့ရဲ့ မနေ့က သောကြာ... သြော်.. သိပြီ... သိပြီ ကြာသပတေးနေ့
လူရွှင်တော် ၂ - ကဲဟာ (ဖတ်)၊ မှားတယ်... မှားတယ်
လူရွှင်တော် ၁ - ဘာဖြစ်လိုကတုန်းမှန်တယ်လေကွာ
လူရွှင်တော် ၂ - ငတုံး၊ ငအ၊ ငထူ မသေမချင်းမှတ်ထား မနေ့က အင်္ဂါနေ့ရဲ့ မနက်ဖြန်၊ မနက်ဖြန်က စနေနေ့ရဲ့ မနေ့ကဆိုရင် ဒီနေ့က ချစ်သူများနေ့ကွ

1 comment:

Anonymous said...

ဘာလိုလိုနဲ့ ချစ်သူများနေ့ တောင်ရောက်တော့ မှာပါလား။
ရှိသောသူများပျော်ပါစေ။
မရှိသောသူလည်း ရပါစေ။