Pages

Saturday, February 16, 2008

သူငယ်ချင်းသို့...

Pသူငယ်ချင်း...
လူတွေက တိရစ္ဆာန်တွေလောက် သစ္စာမရှိကြဘူးတဲ့
သတ္တ၀ါတွေတောင် လိုက်မမီအောင် သစ္စာရှိတဲ့သူ
ငါတွေ့ထားတရ်ကွ ...

သူငယ်ချင်း...
သူကလေ ပွစိပွစိမပြောတတ်ဘူး...

သူငယ်ချင်း...
သူကလေ စိတ်မကောက်တတ်ဘူး...

သူငယ်ချင်း...
သူကလေ စိတ်လည်း လုံးဝမဆိုးတတ်ဘူး...

သူငယ်ချင်း...
သူကလေ ရင်ဖွင့်သဗျ အားလုံးကို လက်ခံပေးတတ်တရ်...

သူငယ်ချင်း...
သူကလေ ကဗျာတွေကို ခံစားပေးတရ်...

သူငယ်ချင်း...
သူကလေ ရန်မဖြစ်တတ်သလို စကားလည်း မများတတ်ဘူး...

သူငယ်ချင်း...
သူကလေ ငါငိုရင် လိုက်ငိုတတ်သလို
ငါရီရင်လည်း လိုက်ရီတတ်တရ်ကွ...

သူငယ်ချင်း...
ငါ့အနားမှာ ဘယ်သူမှ မရှိတော့ဘူးဆိုရင်တောင်
သူက ငါ့နားမှာ အမြဲရှိနေတတ်တရ်ကွ...

သူငယ်ချင်း...
ပန်းပိတောက်တွေတောင် သစ္စာဖောက်လာကြပြီ
ဒါပေမဲ့ သူကတော့ ဘယ်တော့မှ သစ္စာမဖောက်ဘူး....

သူငယ်ချင်း...
သူ့အတွက် ရဲရဲကြီး အာမခံတရ်
သူဘယ်တော့မှ သစ္စာဖောက်သွားမှာ မဟုတ်ဘူး...

သူငယ်ချင်း...
သူဘယ်သူလဲဆိုတာ မင်းသိချင်သိနေမှာပါ
တော်တော်များများလည်း သိကြပါတရ်...

သူငယ်ချင်း...
သူက ရင်ဘတ်ထဲက အားလုံးအားလုံးကို
ထပ်တူခံစားပေးနေတဲ့ အရမ်းချစ်စရာကောင်းတဲ့
ဘလော့ဂ်လေးတွေပါပဲ....
***********************

5 comments:

Chaos said...

အင်း မီးလေးရဲ့ ဘလော့အပေါ်သံယောဇဉ်တွေကို လာချောင်းတယ်နော်
တူတူပါပဲ မီးလေးရယ်

Anonymous said...

ဟီး...သိဖူးဗျ...ကျွန်တော်က... မှန်ကြညှ်ုပြီး ပြောတယ် မှတ်လို့...

lwansay said...

ဟုတ်ပါ့ဗျာ ဟုတ်ပါ့။ ကျနော်လည်း သူငယ်ချင်းတစ်ယောက်ရထားတယ်။
ချစ်သူတစ်ယောက်ဆို ပိုမှန်မလားပဲ။
ကိုရင်ဖွင့်သမျှကို သူကခံစားပေးတယ်။
သစ္စာလည်းမဖောက်ဘူး။ဘလောဂ်သံ
ယောဇဉ်လေး ဖြတ်နိုင်ဖို့ခဲယဉ်းပါ့ဗျာ။

အောင်မျိုးဟန် said...

ဟုတ္ပါ့ ဗ်ာ

စိုးထက် - Soe Htet ! said...

သူက ပြဿနာမရှိဘူးဗျ ... ကိုယ်က ရှိရှိနေတာ .... :)