Pages

Friday, February 8, 2008

မီးလေးခရီးသွားမှတ်တမ်း-၁

တရုတ်နှစ်သစ်ကူးနေ့ ညနေမှာ အလုပ်ကပြန်ရောက်ရောက်ချင်း ဖုန်းတလုံးဝင်လာပါတရ်။ စာရေးသူရဲ့ ယောက်မ (မီးဖိုချောင်သုံး မဟုတ်ပါ၊ အကို၏မိန်းမ)က တရုတ်ဆိုတော့ နှစ်ဆန်းတရက်နေ့ကို ဇလွန် ပြည်တော်ပြန်ဘုရားသွားမလို့ လိုက်မလားတဲ့။ စာရေးသူလည်း မရောက်ဖူးတဲ့နေရာဆို သိပ်သွားချင်တာ ဒါနဲ့အလုပ်ကို ခွင့်ယူကြည့်မယ် ရရင် လိုက်မယ်လို့ ပြောလိုက်ပြီး အလုပ်ကို ခွင့်လှမ်းတိုင်တော့ စာရေးသူတို့ ကံကောင်းချက် အလုပ်ရှင်ကလည်း တရုတ်ဖြစ်လေတော့ ခွင့်ပေးလိုက်ပါတရ်။ ဒါနဲ့ အားရ၀မ်းသာ ဖုန်းပြန်ဆက် လိုက်မယ်ဆိုရင် မနက်၃နာရီ သွားမှာမို့ သူတို့ လာခေါ်မယ်ပြောပါတရ်။ လိုအပ်မယ့် ပစ္စည်းပစ္စယတွေထည့်ပီး လာခေါ်တာကို စောင့်နေလိုက်တရ်။

စာရေးသူရဲ့အကိုအိမ်ရောက်တော့ ည၉နာရီခွဲနေပြီ။ မနက်သွားဖို့လာဖို့အတွက် မုန့်တို့၊ ဟင်းတို့ပြင်ဆင် (ရှိခိုးထားသည့် ဟင်းများ :P)၊ အသီးအနှံတွေလှီးနဲ့ ည၁၁နာရီထိုးပါရောလား။ အားလုံးအဆင်သင့်ပြင်ထားပြီး အိပ်ယာတွေ ခင်းပြီး တန်းစီအိပ်ကြပါတရ်။ စာရေးသူရဲ့ အမေနဲ့ အဒေါ်က ထိုအိမ်မှာပင် နှစ်မကူးခင် တရက်က သွားနေတာမို့ သုံးယောက်က ခြင်ထောင်တခု၊ စာရေးသူရဲ့ ယောက်မဘက်က အကိုလင်မယားနှယောက်က ခြင်ထောင်တခု၊ မီးလေးတို့ အကိုလင်မယားနဲ့ တူမလေးကတော့ အိပ်ခန်းထဲမှာပေါ့ ၀င်အိပ်ကြပါတရ်။

စာရေးသူရဲ့နားထဲမှာ အိပ်မက်လိုလို တကယ်လိုလို အသံတခုကြားလိုက်ရပါတရ်။ ငါးနာရီတောင် ထိုးနေပြီဟ။ ထကြ ထကြဆိုပြီး စာရေးသူအဒေါ်ရဲ့အသံပါ။ အဲတော့မှ အကုန် ၀ရုန်းသုန်းကားနဲ့ အသီးသီးထလာကြတရ်။ မီးငယ်(စာရေးသူရဲ့တူမလေး)ကလွဲရင်ပေါ့။ နောက်များမှ မီးငယ်လေးအကြောင်း ပြောပြရဦးမယ်။ ခုမီးငယ်က တနှစ်နဲ့သုံးလအရွယ်ပါ။ မသိတဲ့သူများက မီးငယ်လေးကို သုံးနှစ်လို့ ထင်ကြပါတရ်။ အဲ...ပြန်ဆက်ရအောင် အိမ်သာနဲ့ ရေချိုးခန်းမှာ လူခုနှစ်ယောက်ဆိုတော့ တန်းစီနေတော့တာပေါ့။ အားလုံးပြင်ဆင်ပြီး အိမ်ကထွက်တော့ ၆နာရီခွဲနေပြီ။

စထွက်လာပြီး ဘုရင့်နောင်တံတားကိုကျော်၊ Toll Gateကို ဖြတ်ပြီး ကားလေးက ကတ္တရာလမ်းအတိုင်း (၂လမ်းသွား) ပြေးနေစဉ်မှာပဲ လှပတဲ့ မြင်ကွင်းတခုကို တွေ့လိုက်ရတရ်။ ကားလမ်းတဖက်အခြမ်းက မြူတွေနဲ့ပိတ်ပြီး တခြမ်းက လင်းနေတရ်။ မြူတွေက တချို့နေရာတွေမှာ မီးဖွင့်မောင်းရအောင် ပိတ်နေသလို တချို့နေရာမှာကျပြန်တော့လည်း လင်းထိန်နေပြန်ရော ခုလိုမနက်ခင်းမျိုးကို ပထမဦးဆုံးမြင်ရခြင်းမို့ အရမ်းကို ကြည်နူးပျော်ရွှင်မိပါတရ်။ များသောအားဖြင့် မြူတွေပိတ်ပြီဆိုလည်း နေရာတိုင်းမှာ ပိတ်နေတာပဲ မြင်နေရတာမို့ တကယ့်ကို ပျော်စရာလေးပါပဲ။ ဒါပေမဲ့တော့ အန္တာရာယ်တော့ အများသား။ လမ်းက မြွေလိမ် မြွေကောက်လမ်း၊ ဘယ်ကိုကွေ့လိုက် ၂မိနစ်လောက်မောင်းပြီးရင် ညာကိုကွေ့လိုက်နဲ့၊ ပြီးဘယ်ကွေ့နဲ့ တလှည့်စီကွေ့ရတဲ့အတွက် ကားအက်ဆင့်ဒက်ဖြစ်မှာတောင် စိုးရပါတရ်။ ဒါကြောင့် ကြည်နူးပျော်ရွှင်တဲ့ထဲမှာ ကြောက်စိတ်လေးလည်း ပါတာပေါ့။ ဘုရားစာကို ပါးစပ်ကမချဘဲ ရွတ်ပြီးလိုက်လာတာ စာရေးသူပေါ့။ လေနုအေးများကလည်း စာရေးသူကို လှောင်သယောင် ကြည်စယ်လို့နေပါရဲ့။

တံတားတခုကို ဖြတ်ပြီးတဲ့အချိန်မှာတော့ စားသောက်ဆိုင်မှာ မနက်စာ ၀င်စားကြပါတရ်။ အဲဒီ့ဆိုင်မှာလည်း ဘုရားဖူးသွားမည့် ကားတွေတန်းစီနေတာပဲ။ ကိုယ်ပိုင်ကားရော၊ ဘုရားဖူးကားတွေရော လူတွေစီနေတာပါပဲ။ အများစုကတော့ တရုတ်တွေပေါ့ သူတို့ရက်ကိုး။ စားသောက်ပြီးတော့ စထွက်တယ်ဆိုရင်ပဲ ဇာတ်လမ်းက စပါပြီ ဆိုးလိုက်တဲ့လမ်း ကတ္တရာလမ်းခင်းတဲ့အခါမှာ ဂ၀ံကျောက်ကိုခင်းပြီး သဲနဲ့ကျောက်စလစ်ခဲ့ရောပြီး အပေါ်ကို ခင်းပါတယ်။ ပြီးမှ ကတ္တရာစေးကို လောင်းတာကို စာရေးသူတို့လမ်းမှာ လမ်းခင်းတုန်းက တွေ့ဖူးပါတယ်။ ဒါပေမဲ့လမ်းက ကတ္တရာစေး မလောင်းထားတဲ့ အကြမ်းထည်လမ်းပုံစံ ဂ၀ံကျောက်တွေက ဆူးချွန်လေးတွေ ထောင်နေသလိုလို ဆူးချွန်လေးတွေ ထောင်နေတဲ့အပေါ် ဘောလုံးလွတ်လိုက်ရင် ခုန်ဆွ ခုန်ဆွနဲ့ သွားနေသလို ကားကလည်း ဘောလုံးလို ဖြစ်နေပါတော့တရ်။ ၀မ်းသာစရာစကား တခုကြားလိုက် ပါရဲ့။ ရှေ့ကျရင် လမ်းက ဒီ့ထက်ပိုးဆိုးမယ်တဲ့။ ဘယ်လောက်ဝမ်းသာစရာ ကောင်းလိုက်ပါလိမ့်။

ဆက်ရန်
**********************************************************

1 comment:

FunFlakes said...

ဘောလုံးလို လိုက်ခုံနေပြီနော်.. ခရီးစဉ် မြန်မြန်ဆက်နော်..တော်ကြာခုန်ဆွ ခုန်ဆွနဲ့ ပြုတ်ကြကုန်မှာဆိုးလို့.. ဆောင့်နေမှာနော် ...