Pages

Saturday, September 22, 2007

မွေးနေ့ပွဲ

ဒီနေ့ကမီးလေးရဲ့ မွေးနေ့လေးပါ။ မီးလေးရဲ့မွေးနေ့ပွဲကို သူငယ်ချင်းတွေပို့ပေးတဲ့(ပုံတွေမှာ တကယ့်ကိတ် က ခဏနေမှရောက်မယ် အချိန်မီရင် တင်ပေးမယ်နော်) ကိတ်တွေနဲ့ မွေးနေ့ပွဲလုပ်ထားပါတယ်။
တိုက်ဆိုင်တာလေးတစ်ခုပြောရဦးမယ်။ ဒီနေ့ဟာ မီးလေးရဲ့ နှစ်ဆယ့်တစ်နှစ်မြောက် မွေးနေ့ဖြစ်သလို၊ ဘောလုံးသမား ရောနယ်လ်ဒိုရဲ့ သုံးဆယ့်တစ်နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။ ပြီးတော့ ဒီနေ့က friendship day လည်းဖြစ်ပါတယ်။ ဒါကြောင့် ဘလော့ဂ်ညီအစ်ကို မောင်နှမများနဲ့ အတူတူ မွေးနေ့ပွဲကျင်းပဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။ မွေးနေ့ပွဲကို တက်ရောက်ကြသော ညီအစ်ကို မောင်နှမများအား ကျေးဇူး အထူးပင်တင်ရှိပါသည်။ အချိန်မရ လိုက်ပါသဖြင့် ဖိတ်ကြားဖို့ ကျန်ခဲ့တဲ့သူများအားလည်း တောင်းပန်ပါတယ်။ အ၀စားကြနော်။ မလောက်ရင် ထပ်ကျွေးမယ်။ နင်နေမှာစိုးလို့ ရေခဲမုန့်လည်း စားသွား၊ အသီးတွေလည်း စားသွားကြနော်။ ပြီးရင် မကောင်းဘူးတော့ မပြောပါနဲ့နော်။ ဆုလည်းတောင်းပေးဦး။ ဟီး ..ဟီး

8 comments:

JulyDream said...

Happy birthday, MeeLay.
မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ။
မိဘကို အလုပ်အကျွေးပြုနိုင်တဲ့ အားကိုးရတဲ့ သမီးရတနာလေး ဖြစ်ပါစေဗျာ။ အများအကျိုး ပြုနိုင်တဲ့ လူသားတစ်ဦးလည်း ဖြစ်လာပါစေဗျာ။

FunFlakes said...

Happy 21st Birthday Mielay!
မီးလေးရဲ့ ၂၁နှစ်ပြည့်မွေးနေ့မှာ အရမ်းပျော်ရျွှင်ပါစေ။
မီးလေးအရမ်းပင်ပမ်းနေပြီလား၊ ဧည့်သည်တွေ ဧည့်ခံရတာ။
ဧည့်ခံကျွေမွေးတာအရမ်းပြည့်စုံပြီး စုံလင်ပါတယ်။
အပြင်မှာတကယ်စားရသလို ခံစားပြီး တကယ်ကို ၀အီသွားပါတယ်။
တကူးတက ပြည့်စုံအောင်စီမံနိုင်တာကို လေးစားဂုဏ်ယူပါတယ်။
ဆုတောင်းပေးမယ်နော်..
မိဘ နှင့် ကျေးဇူးရှင်များအးဦးထိပ်ထားပြီး လူသားအားလုံး အတွက် ကောင်းကျိုးပြုနိုင်သူ ဖြစ်ပြီး မိမိ လိုအင်ဆနဓအားလုံးပြည့်စုံနိုင်ပါစေ...

ဖီးနစ် - ငတေ said...

မီးလေးက ခုမှ ခလေးလေးပဲရှိသေးတာပဲ... ကဲ ဆုတောင်းပေးလိုက်တယ်နော်.. မီးလေးတစ်ယောက် နေ့တိုင်း မုန့်များများ စားရပါစေ။ အလိုလိုက်မယ့် သူတွေ များပါစေ။ ကိုရီးယား မင်းသားခပ်ချောချောလေးနဲ့ တွေ့ပါစေလို့... အဟိ

Anonymous said...

ပျော်စရာ မွေးနေ့ ဖြစ်ပါစေ အမ မီးလေး...
အောက်ဆုံးက Ice Cream ပဲ ယူစားလိုက်တယ်။

ဆုတောင်းတာက တစ်ကြောင်းတည်းနဲ့ နှစ်ခွက်တောင် စားသွားတယ်... ဟားဟား

kthuyein said...

Happy Birthday Meelay

Today is ur special day,
that day is yout birthday,
So it's the perfect time to say,
u r always thought of
in a very special way,
ur birthday is a special day,
A time to have new hopes & dreams,

And now i'd like to take the time to say,
u r very special in every way,
So, i wish u a very Special
Happy Birthday !!!!!!!

zaw thet said...

ကော့ မန့် မှာ မွေးနေ့ လက်ဆောင်လေးထည့် ပေးမို့ ပဲ...
Your HTML cannot be accepted: Tag is not allowed:

တဲ့..ဟင့်..ဟင့်..
ခုမှ ၂၁ နှစ်ပြည့်တဲ့ညီမလေး.. မီးလေးရေ... ဒီနှစ်မှသည်နောင်နှစ်ပေါင်းများစွာ.....အေးချမ်းပျော်ရွှင်တဲ့ ဘ၀လေးကို ချစ်ခင်ရပါသော မိဘများနဲ့ ဖြတ်ကျော်နိုင်ပါစေဗျာ...

ကျနော်က ခုမှလာပြီး.စတော်ဘယ်ရီသီးလေး တစ်လုံးစားသွားပါတယ်ဗျာ....

Hlaing Htun said...

မီးလေးရေ မွေးနေ့ကို အရောက်နောက်ကျပေမဲ့ စားစရာတွေ ကျန်နေသေးလို့ တော်သေးရဲ့။ ကြိုမသိလိုက်ရလို့ လက်ဆောင်တော့ ပါတော့ဘူးနော်။ ရေခဲမုန့်နဲ့ သစ်သီးတွေ အားပေးသွားရင်းနဲ့ ........... ၂၁ နှစ်မြောက် မွေးနေ့မှသည် နှောင်နှစ်ပေါင်းများစွာ မီးလေးရဲ့ဘဝမှာ ပျော်ရွှင်အောင်မြင်ခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေလို့ .... ဆန္ဒပြုတယ်ဗျာ။

မျှားပြာ said...

ကျွန်တော် နောက်ကျသွားတယ်ဗျာ
မွေးနေ့ မှာ ပျော်ရွှင် အောင်မြင် အဆင်ပြေပါစေဗျာ