Pages

Friday, September 21, 2007

Congratulation!

မီးလေးက ဘောလုံးပွဲကို ၀ါသနာမပါဘူး။ ကြည့်လည်းမကြည့်ဘူး။ နိုင်ငံခြားပွဲတွေဆိုပိုစိုးတယ်။ ကြည့်လည်း မကြည့်တတ်ခဲ့ပါဘူး။ ဒါပေမယ့် မီးလေးကြည့်တဲ့ပွဲစဉ်တွေက မြန်မာပါတဲ့ပွဲဆိုရင်တော့ ရှုံးသည်ပဲဖြစ်စေ၊ နိုင်သည်ပဲဖြစ်စေ ကြည့်တယ်ဆိုတာထက် အားပေးဖြစ်ခဲ့ပါတယ်။ မီးလေး အစ်ကိုနဲ့ သူငယ်ချင်းတွေဆို မီးလေးကို အမြဲပြောတယ် ကောင်းလည်း မကောင်းပဲ နင်မို့လို့ကြည့်တယ်တဲ့ နိုင်ငံခြားပွဲစဉ်တွေဆို ဘယ်လောက် ကောင်းလဲတဲ့။ ဘယ်သူဘာပြောပြော မီးလေးကတော့ မြန်မာပွဲစဉ်ကို အားပေးမြဲ အားပေးတယ်။ မြန်မာတွေချဉ်းကန်တဲ့ပွဲကို ပြောတာ မဟုတ်ဘူးနော်။ ကိုယ့်နိုင်ငံနဲ့ သူများနိုင်ငံ ကန်တဲ့ပွဲကို ကြည့်တာ။

မီးလေးငယ်ငယ်တုန်းက ကြည့်တဲ့ပွဲစဉ်တွေကဆို မြန်မာတွေ ရှုံးတာ များတယ်။ ထိုင်းတို့၊ မလေးတို့ဆို မကန်ခင်ရှုံးဖို့ဘက်ကချဉ်း များတယ် ဟိုးအရင်ခေတ်က ဘောလုံးပွဲတွေဆို ထိုင်းတွေ မြန်မာကို ကြောက်ရတယ်။ အရမ်းလည်းအားမလို အားမရဖြစ်မိတယ်။ ဟိုတနှစ်က မြန်မာအမျိုးသား ဘောလုံးအသင်း နိုင်လာတော့ အရမ်းပျော်မိပါတယ်။
သူတို့တွေရဲ့ အပျော်က မီးလေးတို့ဆီကို ကူးစက်သွားလားမသိဘူး။ မြန်မာအမျိုးသမီး အသင်းကတော့ အများအားဖြင့် နိုင်တာများတယ်။

ယခုလည်း အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ထိုင်းအသင်းကို အနိုင်ယူပြီး ဒုတိယအကြိမ်မြောက် ချန်ပီယံဆုရတဲ့အတွက်လည်း ၀မ်းမြောက်ဂုဏ်ယူမိပါကြောင်း ...

No comments: