Pages

Thursday, September 20, 2007

ငါမသေဘူး ရေကူးတတ်တယ်

တခါက ရေကူးတတ်တဲ့သူရယ်၊ ရေမကူးတတ်တဲ့သူရယ်၊ သူငယ်ချင်း နှစ်ယောက်ရှိသတဲ့။ တနေ့တော့ သူတို့ နှစ်ဦးဟာ အလောင်းအစားလုပ်ရင်း ရေကန်တစ်ကန်ထဲကို ပြိုင်တူ ခုန်ချကြဖို့ သဘောတူခဲ့တယ်။

ရေမကူးတတ်တဲ့သူကတော့ ငါရဲ့ဘ၀နောက်ဆုံးအချိန်ရောက်ပြီပေါ့။ ဒါပေမယ့် သူဟာ ရေမကူးတတ်တဲ့ အကြောင်း သူ့သူငယ်ချင်းကို ပြောရမှာ ရှက်တယ်တဲ့။ ဒါနဲ့ ခုန်ချလိုက်ရော ရေက ရင်ခေါင်းလောက်ပဲနက်တာကို ရေကူးတတ်တဲ့သူငယ်ချင်းက လာကူးနေကြမို့သိပြီးသားပေါ့။ ရေမကူးတတ်တဲ့ သူကတော့ သူအသက်မသေတဲ့ အတွက် ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ကြုံးဝါးလိုက်တာက `ငါမသေဘူး ရေကူးတတ်တယ်ကွ´ တဲ့ကွယ်။ အန်င်

1 comment:

FunFlakes said...

နော်လဲပဲ အဲလိုချို ကူးတတ်တယ်လို့။ ဟဲဟဲ သေတော့ဘူးပေါ့။
ရယ်ရလို့ သွားတွေအေးပတ်ကုန်ပြီနော်။
အားပေးပါတယ်။