Pages

Monday, September 17, 2007

ကျောင်းသားဆင်ခြေ

ဧရာဝတီမြစ်ကမ်းဘေးက မြို့လေးတစ်မြို့ရှိသတဲ့ကွယ်။ အဲဒီမြို့လေးမှာ ကျောင်းကားရယ်လို့လည်း မရှိ လိုင်းကားရယ်လို့လည်းမရှိဘူးကွယ့်။ စက်ဘီး၊ ဆိုက်ကားနဲ့ မြင်းလှည်းတွေကိုပဲအားကိုးနေရတယ်။ မြစ်ကမ်းဘေးဆိုတော့ သင်္ဘောတော့ရှိတာပေါ့နော်။ အဲဒီ့မြို့ရဲ့ အလယ်တန်းကျောင်းမှာ ကျောင်းအမြဲ နောက်ကျတဲ့ ကျောင်းသားတစ်ယောက် ရှိသတဲ့။ သူ့အတွက် ကျောင်းတက် ခေါင်းလောင်းထိုးသံလေးဟာ မိုးကြိုးပစ်တာပဲတဲ့။ တစ်မျိုးတော့ အထင်နဲ့နော်။ မိုးကြိုးပစ်တယ်ဆိုတာ ဆရာမမေးရင် ပြန်ဖြေဖို့ဆင်ခြေကို စဉ်းစားရလို့တဲ့။ ဆရာမကလည်း သူပြောလာမယ့် ဆင်ခြေတွေကို ကြိုသိတယ်။ အိမ်အလုပ် ၀ိုင်းကူရလို့။ အမေနေမကောင်းလို့ ဆင်ခြေပေါင်းစုံပဲတဲ့။ ဒီနေ့လည်း ထပ်နောက်ကျပြန်ပြီ ဆရာမမေးရင် ဘယ်လို လှည့်ပတ်ပြောရမလဲပေါ့။ သူတွေးထားတဲ့အတိုင်းပဲ ဆရာမက မေးတယ် “ဒီနေ့လည်း အမေနေမကောင်း လို့လား”တဲ့ အဲတော့ မောင်ကျောင်းသား ဘယ်လိုဖြေလိုက်တယ်မှတ်လဲ “ အမေနေမကောင်းလို့ မဟုတ်ပါဘူး ဆရာမ၊ သင်္ဘောဘီးပေါက်နေလို့ပါ ဆရာမ”တဲ့ကွယ်။

No comments: