Pages

Tuesday, September 18, 2007

နှလုံးသားနှင့်ရင်း၍ …

ဒီနေ့ ရာသီဥတုက အရမ်းသာယာတယ်။ ရာသီဥတုသာယာ သလောက် ရင်ထဲမှာတော့ မိုးမှောင်ကျနေတယ်။ မိုးကြိုးတွေလည်း အခါတစ်ရာမကပစ်ခတ်လို့နေပါတော့တယ်။ နာရီလက်တံတွေကို ကြည့်နေခဲ့တယ်။ စကန့်တန်သွားနေတဲ့ `ချပ်…ချပ်´ ဆိုတဲ့အသံဟာ သူ့အတွက်တော့ ငှက်ဆိုးထိုးသံအလားပါပဲ။ `ဝေါ……´ ဒီအသံက သူ မကြားလိုတဲ့ အသံပါပဲ။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ လေယာဉ် တစ်စင်း တိမ်တွေကို အံတုရင်း တဖြည်းဖြည်း မြင့်သထက်မြင့်တက်ကာ မျက်စိထဲမှာ ကွယ်ပျောက်သွားသည်အထိ ကြည့်နေခဲ့မိပါတယ်။လေယာဉ် မျက်စိရှေ့က ပျောက်သွားသလို သူ့ရင်ထဲက အသည်းနှလုံးသည်လည်း ကြေမွ ပျက်စီးဆုံးရှုံးခဲ့ရပါပြီ။ ယောက်ျားလေးတန်မဲ့ အသိတရားကင်းမဲ့စွာ ဖင်ထိုင်ရက်ကျသွားပြီး မျက်ရည်တွေ စီးကျလာပါတော့တယ်။

လွန်ခဲ့တဲ့ ၁၀နှစ် ကောင်မလေးတစ်ယောက် ကျွန်တော်တို့အိမ် ခြေရင်းအိမ်ကို သူ့မိသားစုနှင့်အတူ ပြောင်းလာခဲ့ပါတယ်။ အဲဒီနေ့ ကတည်းက ဘာကိုမှ အလေးအနက်မထားတတ်တဲ့ကျွန်တော် သူမရဲ့ပတ်သက်တဲ့ ကိစအ၀၀ ကို အလေးထားတတ်လာတယ်၊ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ ကျွန်တော် အရာရာကိုဂရုစိုက် တတ်လာယ်၊ သူမကို ဘယ်တော့မှ မေ့ရ မည် မဟုတ်တော့ပါ။ သူမနဲ့ကျွန်တော် အရင်းနှီးဆုံးနဲ့ အခင်ဆုံး သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ ဘာသာဘာဝထုံးစံအတိုင်း ချစ်သူ တွေလည်း ဖြစ်ခဲ့ ကြပါတယ်။ အဲဒီအချိန်တွေဟာ ကျွန်တော့်အတွက် အပျော်ရွှင်ရဆုံးအချိန်တွေပါပဲ။ အဲဒီမှာပဲ ပြသနာစတော့တာပဲ။ ဘာသာခြားပြသနာကစတာပါ။ သူမက ခရစ်ယာန်၊ ကျွန်တော်က ဗုဒ္ဓဘာသာ၊ ပိုဆိုးတာက ကျွန်တော်တို့ကလည်း ဗုဒ္ဓဘာသာစစ်စစ် သူမရဲ့အဖေက သင်းအုပ် ဆရာ၊ သူမအဖေကို အိမ်ပြောင်းလာ တည်းက တခါမှမမြင်ဘူးပါ။ သူမအဖေက နိုင်ငံတကာ လိုက်ပြီး သာသနာပြု နေတာတဲ့။ ကဲ ကျွန်တော်တို့ နှစ်ဖက်လုံးမှာမှ အခက်အခဲမရှိဘူးဆို ကျွန်တော်တို့လည်း ဘယ်စိတ်ဆင်းရဲပါ့မလဲ။ ကျွန်တော်တို့ကို ခွဲဖို့ အတွက် သူမရဲ့မိဘတွေက အဆောင်မှာနေပြီး လုပ်ရတဲ့အလုပ်ကို ထည့်လိုက်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူမရဲ့ နားရက်ရှိတဲ့ နေ့တွေမှာ တွေ့ဖြစ်ခဲ့ကြပါတယ်။ ဒီလိုပဲ နေလာရင်း သူမကကျွန်တော်ကို လမ်းခွဲကြစို့လို့ဆိုပါတယ်။ ကျွန်တော်နားကြားများမှားသလား၊ ဒါမှ မဟုတ် အိပ်မက်များ မက်နေလားပေါ့၊ အိပ်မက်ဆိုလည်း မြန်မြန်နိုးထချင် ပါပြီ။ အိပ်မက်မဟုတ်ဘဲတကယ်ဖြစ် နေခဲ့တယ်။ ပြီးတော့ နှုတ်ဆက်ပါ တယ်လို့လည်းပြောသေးတယ်။ ဘာတွေလည်းပေါ့ သူမနိုင်ငံခြားကို အပြီးထွက်သွားတော့မယ်တဲ့ သူမအဖေက ဟိုမှာကျောင်းတက်ဖို့ လှမ်းခေါ် နေပြီတဲ့လေ။ သူမတို့မိသားတစုလုံး သွားမယ့်အစီအစဉ်ရှိ မှန်းတော့ သိပါတယ်။ ဒါပေမယ့် ဒီလောက်ထိမြန်မြန်ဆန်ဆန် ကျွန်တော်တို့ကို ခွဲလိမ့်မယ်လို့တော့ မထင်ဘူးပေါ့။ သူမက မြန်မာကျောင်း မတက်ပါဘူး။ ခရစ်ယာန်ကျောင်းမှာပဲ ဆယ်တန်း အောင်ထားတာပါ။ ဟိုမှာ ကျောင်းဆက်တက်ဖို့ပေါ့။ ကျွန်တော် သူမကို ဘာမှမပြောနိုင်ပဲ ဒီအတိုင်း ခေါင်းငိုက်စိုက်ချရင်း ပြန်လာခဲ့တယ်။ မျက်ရည်တွေလည်း စီးကျလို့ပေါ့။ သူမကို ဒီမနက်လှမ်းမြင်လိုက်တယ်။ သူမအမေနဲ့ သူမကို အလုပ်က ပြန်ခေါ်လာတဲ့ပုံပါပဲ။

သူမကိုတွေ့ဖို့ ကျွန်တော်ကြိုးစားတယ်။ ဒါပေမယ့် အဆင်မပြေခဲ့ဘူး။ ကျွန်တော်တို့ အိမ်နှစ်အိမ်ရဲ့ အခြေအနေကလည်း ကျွန်တော်တို့ကြောင့် တင်းမာနေ ခဲ့ပါတယ်။ ကျွန်တော် ဘာလုပ်ရမလဲ၊ သူမကို အဆုံးအရှုံး မခံရအောင် ခိုးပြေးဖို့ နည်းလည်းပဲရှိပါတော့တယ်။ ကျွန်တော် သူငယ်ချင်း တစ်ယောက်စီ အကူအညီ တောင်းတယ်။ သူမဆီ သွားပြောတယ်၊ ဒါပေမယ့် သူမက မလိုက်နိုင်ဘူးတဲ့။ သူမဖခင်ဆီ သွားဖို့၊ သူမ ကျောင်းတက်ဖို့က သူမလေးနှစ်သမီးတည်းက ရည်မှန်းထားတဲ့ ရည်မှန်းချက်တဲ့ မိသားစုအကုန်သွားကြမှာ သူမတစ်ယောက်တည်း ဒီနိုင်ငံမှာနေခဲ့ဖို့က မဖြစ်နိုင်ပါဘူးတဲ့။ ကျွန်တော့်သူငယ်ချင်းဆီက တဆင့်ဒီစကားကို ကြားခဲ့ရပါတယ်။ ကျွန်တော် မယုံကြည်နိုင်ပါ ဒီလိုနဲ့ပဲ ကျွန်တော်နဲ့သူမခွဲခွာရမှာလား။ ဒီနေ့မနက် သူမတို့အိမ်မှာ ရှုပ်ယှက်ခတ် နေကြတယ်။ ရယ်သံတွေလည်းကြားနေရတယ်။ သူမရယ်သံကြားတိုင်း ကျွန်တော့်ရင်မှာ တဆစ်ဆစ်နာကျင်ရပါတယ်။

ကားတစ်စီးသူမတို့အိမ်ရှေ့လာရပ်တာတွေ့လိုက်ပါတယ်။ သူမတို့မိသားစု ကားလေးပေါ်တက်ရင်း တဖြည်းဖြည်း ကျွန်တော်တို့ဝေးရာဆီကို ထွက်ခွာသွားကြပါပြီ။ ဘယ်တော့မှ ပြန်လာတော့မှာလည်း မဟုတ်တော့ပါဘူး။ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ကျွန်တော် သူမကို မေ့ဖျောက်နိုင်အောင် ကြိုးစားနေထိုင် ရပါဦးမည်။ သူမမရှိတဲ့နေ့တွေကို ကျွန်တော်ဖြတ်သန်းနေထိုင်ရဦးမည်။ စဉ်းစားရင်းစဉ်းစားရင်း ရင်ထဲမှာ မွန်းကြပ်လို့လာပါတော့တယ်။ သူမတစ်ယောက် သူမဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်း နိုင်ပါစေလို့ ကျွန်တော့်နှလုံးသားနဲ့ရင်းပြီး ဆုတောင်းပေးလိုက်ပါတယ်… သူမပျော်ရွှင်ပါစေ……

ဆက်လက်ကြိုးစားပါဦးမည်။

1 comment:

နေလင်း said...

အပိုဒ်လေးတွေ ခွဲပြီးရေးရင် ပိုကောင်းမယ်လို့ အကြေံပြုပါတယ်