Pages

Wednesday, September 12, 2007

ကြောက်ပါပြီဗျ

မီးလေးသူငယ်ချင်း သွားဆေးရုံမှာ သွား,သွားပြတုန်းက ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးကို မှီညမ်းပြီး ဟာသလေး အဖြစ် တင်ပြပေးလိုက်ပါတယ်။

တစ်နေ့ လူတစ်ဦးသည် သွားကိုက်ပါသဖြင့် သွားဆေးရုံသို့ သွားရောက်ပြသလေသည်။

အလုပ်သင်ဆရာဝန်တစ်ဦးက ဘယ်သွားနာတာလည်း ပါးစပ်ဟပြပါဦး။ လူနာက ပါးစပ်ဟပြတယ် စမ်းသပ် တယ်၊ ပြီးထွက်သွားတယ်။ နောက်အလုပ်သင်ဆရာဝန်တစ်ဦး ထပ်ရောက်လာတယ် ရှေ့ကဆရာဝန် အတိုင်း ပါးစပ်ဟခိုင်းတယ်၊ ကြည့်တယ်၊ ပြီးထွက်သွားတယ်။ ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက်လာလိုက်၊ ပါးစပ်ဟ ခိုင်းလိုက်၊ စမ်းသပ်လိုက်၊ ပြန်လိုက်နဲ့ ဘယ်နှယောက်လဲဆိုတာ မရည်တွက်နိုင်တော့ပါဘူး။ အချိန်က နှစ်နာရီ နီးပါးကြာသွားတယ်။ ပါးစပ်ဟရလွန်းလို့လည်း ပါးစောင်တွေလည်းညောင်းနေပြီ။ နောက်ဆုံး လက်ထောက် ဆရာဝန် ရောက်လာတော့မှပဲ ကိစ္စပြတ်တော့တယ်။

“လိုအပ်တာတွေ လုပ်ဖို့အတွက် မနက်ဖြန်ပြန်လာခဲ့ပါ”။

“အမယ်လေး၊ ကြောက်ပါပြီဗျ မလာပါရစေနဲ့တော့ နောက်လည်း သွားဆေးရုံဘယ်တော့မှ မလာတော့ပါဘူး။ မနက်ဖြန်သာ ထပ်ပြီးခုလိုမျိုး စမ်းသပ်ခံရမယ်ဆိုရင် သွားက ဘာမှမဖြစ်တော့ဘဲနဲ့ ပါးစပ်ပိတ်လို့မရတော့ဘူး ဖြစ်သွားပါလိမ့်မယ်”

တွေးပြီးမှ ပြုံးပါ….

2 comments:

Unknown said...

Mr Bean ထဲက လိုမျိုးး ချရာဝန်ကို စောင့်မနေပဲ.. ကိုယ့်ဟာကိုယ်.. သွားဖာလိုက်လေ.. :D

naing said...

ဒါလေး တွေးပြီး ပြုံးသွားပါတယ် ။