Pages

Tuesday, September 11, 2007

သွေးလှူမယ်ဆိုရင်

ဒီခေါင်းစဉ်လေးကို ရွေးဖြစ်တာကတော့ RAVEN Blood Donor Club ကို မိတ်ဆက်ပေးချင်လို့ တင်ပြလိုက်ရပါတယ်။ ဒီclubကို မီးလေးအရမ်းသဘော ကျတယ်။ ကိုယ်ကဦးဆောင်ပြီးမလုပ်နိုင်တဲ့အတွက် သူများလုပ်နေတဲ့ အလုပ်ကို အားလည်းပေးတယ်။ ပရဟိတလုပ်ငန်းတွေကို ၀ါသနာပါပေမယ့် ကိုယ်ကမလုပ်နိုင်လို့ သူများလုပ်တာကို တဖက်တလမ်းက ဒီပို့စ်လေးကနေ ကူညီလိုတဲ့ ဆန္ဒနဲ့ ရေးသားတင်ပြလိုက်တာဖြစ်ပါတယ်။ လွဲချော်တာများရှိခဲ့ရင် RAVEN Blood Donor Clubအနေနဲ့ ခွင့်လွတ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ ဒီclubလေးက သွေးလိုတဲ့လူနာရှင်တွေအတွက် သွေးလှူရှင်တွေကို စုဆောင်းပေးနေတဲ့ အသင်းအဖွဲ့လေးတစ်ခုပါပဲ။ လောကမှာ အမွန်မြတ်ဆုံးအလှူဟာ သွေးလှူခြင်းပဲဖြစ်ပါတယ်။ ဒီဘလော့ဂ်လေးကို လာရောက်ဖတ်ရှုတဲ့ မိတ်ဆွေ၊ သူငယ်ချင်းများ သွေးလှူချင်ကြတဲ့ဆိုရင် http://raven-bdc.blogspot.com/ ဒါမှမဟုတ် Raven.org@gmail.com မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ အမည်၊ သွေးအမျိုးအစား၊ ဆက်သွယ်ရန် နေရပ်လိပ်စာနှင့်ဖုန်းနံပါတ်တို့ကို ပေးထားနိုင်ပါတယ်။ သွေးလှူရှင် လိုအပ်ခဲ့မယ် သွေးအမျိုးအစား ကိုက်ညီမယ်ဆိုရင်တော့ သင့်ကို ဆက်သွယ်ပေးပါလိမ့်မည်။

သွေးလှူမယ်ဆိုရင် သွေးလှူရှင်ဟာ HIV(Retro), HBs Ag(B), Anti HCV(C) ရှိမရှိ အရင်ဦးဆုံးစစ်ရပါမယ်။ Blood Grouping(ABO), Blood Grouping(Rh), Haemoglobin တို့ကိုစစ်ရပါမယ်။ Haemoglobin နည်းမယ် ဆိုရင်တော့ သွေးလှူလို့မရသေးပါဘူး။ ဒါပေမယ့် စိတ်ဓာတ် မကျပါနဲ့။ ဟေမိုဂလိုဗင်နည်းတယ်ဆိုတာရောဂါမဟုတ်ပါဘူး။ အစားအသောက်၊ အအိပ်အနေအထိုင် နည်းတဲ့အခါ ဟေမိုဂလိုဗင် နည်းတတ်ပါတယ်။ သွေးလှူတန်းနိုင်တဲ့ ဟေမိုဂလိုဗင်ရနိုင်အောင် သံဓာတ်ပါတဲ့အစားအစာ များများစားပေးပါ။ အိပ်ရေးဝအောင်အိပ်ပါ။ ပင်ကိုယ်က သွေးအားနည်းတတ်တဲ့သူဆိုရင်တော့ ဟေမိုဂလိုဗင် နည်းတတ်ပါတယ်။ သွေးမလှူသင့်ပါဘူး။ ဒါလေးတွေက မီးလေးသိသလောက်ကို ဝေမျှပေးလိုက်တာပါ။ အသေးစိတ်သိလိုလျှင် အပေါ်မှာပေးထားတဲ့ လိပ်စာအညွှန်းအတိုင်း စုံစမ်းမေးမြန်းနိုင်ပါတယ်။ သွေးလှူတန်းခြင်းဖြင့် မြတ်သောကုသိုလ်ယူနိုင်ကြပါစေ။

1 comment:

FunFlakes said...

သာဓုပါခင်ဗျာ