Pages

Thursday, September 20, 2007

ကူညီချင်လွန်းလို့...

လူနှစ်ယောက် လမ်းလျှောက်သွားရင်း စကားပြောကြရာဝယ်

ပထမလူ ။ ။ ငါ့အဖေက ဆရာဝန်ကွ.. ငါ့အဖေက လူနာတွေရဲ့အသက်ကိုအများကြီးကယ်ခဲ့လို့ လူနာရှင်တွေက လက်ဆောင်တွေ လာပေးကြတယ်ကွ။

ဒုတိယလူ ။ ။ ဟုတ်လား... ငါ့အဖေဒဏ်ရာရတုန်းက ဆရာဝန် သွားပြတာ ပိုက်ဆံမပါလို့ ဆေးမကုပေးဘူးလို့ ပြောလွတ်လိုက်တယ်ကွ... ငါ့ဦးလေးက လိုက်လာပြီး ပိုက်ဆံလည်း အထပ်လိုက်ပေးလိုက်ရော ကုပေး လိုက်တယ်ကွ။

ပထမလူ ။ ။ ငါ့အမေက ကျောင်းဆရာမကွ... သီတင်းကျွတ်ရင် အိမ်မှာ ကျောင်းသား/သူတွေ လာကန်တော့ကြတာနဲ့ အရမ်းပျော်ဖို့ကောင်းတာကွ

ဒုတိယလူ။ ။ ငါ့ညီတက်တဲ့ကျောင်းက ဆရာမက သူ့ကို မကန်တော့တဲ့သူတွေ မှတ်ထားပြီး စာမေးပွဲအောင်မပေးဘူးတဲ့ကွ... အဲဒါနဲ့ ငါ့အမေလည်း ပိုက်ဆံလေးခြစ်ကုတ်ပြီး ဆရာမကန်တော့ဖို့ ပစ္စည်းဝယ်ပေးလိုက်ရတယ်ကွ.. ဒါတောင် တန်ဖိုးနည်းတဲ့ပစ္စည်းမို့လို့ ကန်တော့တောင်မခံဘဲ ထားခဲ့လို့ အပြောခံလိုက်ရတယ်ကွ

ပထမလူ။ ။ ငါ့ဦးလေးက ရဲမှူးကွ။ သူ့လက်ထဲမှာ ဖမ်းမိတဲ့ အကျဉ်းသားတွေမနည်းဘူးကွ... ပြီးတော့ လူဆိုးဖမ်းတဲ့နေရာမှာ အရမ်းတော်တယ်... ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနဲ့ပတ်သက်လျှင် မျဉ်းကြားမကူးတာကအစ အရေးယူတယ်ကွ...

ဒုတိယလူ။ ။ငါ့အစ်ကို သူငယ်ချင်းတွေနဲ့ ရန်ဖြစ်တုန်းက ရဲစခန်းရောက်သွားတာ ရဲမှူးကို အာမခံချက်ပေးဖို့အတွက် ပိုက်ဆံ ပေးလိုက်တာ ချက်ချင်းပြန်လွှတ်လိုက်တယ်ကွ....

ပထမလူ။ ။ နေပါဦးကွ.. မင်းမှာလဲ ဒုက္ခပေါင်းစုံနဲ့ပါလား.. ဒီတစ်ခါတစ်ခုခုဖြစ်ရင် ငါ့ကိုပြောကွာ... ငါကူညီမယ်...

ဒုတိယလူ။ ။ ကျေးဇူးတင်ပါတယ်ကွာ။ ဒါပေမယ့် မင်းမကူညီနိုင်ပါဘူး

ပထမလူ။ ။ ငါကူညီနိုင်မှာပါ... ပြောမှာသာ လာပြောစမ်း ပါကွာ

ဒုတိယလူ။ ။ မင်းမကူညီနိုင်ပါဘူးကွာ.. ငါတို့ကြုံခဲ့တာ မင်းအဖေ၊ အမေနဲ့ မင်းဦးလေးကွ

ပထမလူ။ ။ `အန်င်´

2 comments:

FunFlakes said...

“ကူညီပါရစေ” ဆိုရင်ကြောက်စရာကြီးပေါ့နော်။
ပထမလူကိုပြောခိုင်းလိုက်ပါလား-ငါ့မှာနောက်ထပ်အမျိုးတွေရှိသေးတယ်လို့။
ထပ်ရယ်ခိုင်းဦးနော်။
အားပေးပါတယ်။

အောင်မျိုးဟန် said...

တိုက်တိုက်ဆိုင်ဆိုင်ပါလားဟရို့။