Pages

Saturday, September 22, 2007

ဂါရ၀ပြုခြင်း

ဒီနေ့ကမီးလေးရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ မီးလေးရဲ့မွေးနေ့မှာ မီးလေးကို မွေးဖွားပေးခဲ့တဲ့ ဖေဖေနဲ့မေမေကို ရိုသေစွာ ဒီပို့စ်လေးကနေ ဂါရ၀ပြုလိုက်ပါတယ်။ မီးလေးကို မွေးနေ့မှာ ကုသိုလ်ကောင်းမှုလုပ်ဖို့အတွက် ကူညီပံ့ပိုးပေးတဲ့ မေမေကို ကျေးဇူးတင်မိပါတယ်။ အထူးအားဖြင့် မနေ့က မိုးတွေရွာပြီး ရေတွေကြီးနေခဲ့ပါတယ်။ မီးလေး ဘုရားကို အသီးကပ်ချင်တယ်ပြောလို့ မိုးရွာချဉ်းထဲမှာ ခြေဖ၀ါးရောင်နေတဲ့ခြားက City Mart ကို စိတ်ရှည်ရှည်နဲ့ (မီးလေးကဂျီးများပြီး ကြာတတ်လို့) လိုက်ပေးတဲ့ မေမေကို အရမ်းပဲကျေးဇူးတင်ပါတယ်။ ဒီနေ့မီးလေးရဲ့ မွေးနေ့မှာ ပြုတဲ့ ကုသိုလ်ကောင်းမှုကို ညီအစ်ကို မောင်နှမ၊ မိတ်ဆွေအားလုံးကိုလည်း အမျှပေးဝေရင်း မီးလေးသိပ်ချစ်ရတဲ့ ဖေဖေနဲ့ မေမေကို ရိုသေစွာ ဂါရ၀ပြုလိုက်ပါတယ်။

1 comment:

FunFlakes said...

မိဘကို အထူးတလည် ကျေးဇူးသိတတ်ပြီး ဂါရ၀ တရား ဦးထိပ်ထားနိုင်တဲ့ သမီးရတနာ ကို ဂုဏ်ယူလေးစားစွာဖြင့် မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်၊ သာဓုခေါ်ပါတယ်ခင်ဗျာ။