Pages

Wednesday, September 12, 2007

တစ်ခါတုန်းက တက္ကသိုလ်မှာ ....

အဝေးသင်ကျောင်းတွေဖွင့်ပြီဆိုတော့ ကျောင်းတက်တုန်းကအချိန်လေးတွေ ပြန်သတိရမိပါတယ်။ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ အတူတူသွားခဲ့တဲ့ ဘွဲ့နှင်းသဘင်ရှေ့ဓာတ်ပုံရိုက်ခဲ့ကြတာတွေ ၊ မုခ်ဝနဲ့ ပတ္တမြားကြီးနား ရေပန်းမှာ ဓာတ်ပုံရိုက်ခဲ့ကြတာတွေ အမှတ်ရနေမိပါတော့တယ်။ မီးလေး တတိယနှစ်က စာတွေကလည်း ခက်တယ်လို့ အများကပြောတော့ ကြောက်ပြီး ကျူရှင်တက်ဖို့လုပ်ပြီးမှ အချိန်မရလို့ မတက်ဖြစ်လိုက်ဘူး။ အနီးကပ် ၁၀ရက်ပဲတက်ပြီး ဖြေဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။ အနီးကပ်၁၀ရက်ဆိုတော့ သိတဲ့အတိုင်းပဲ တစ်ချို့ဆရာမတွေကလည်း သဘောကောင်းပြီး စာကို သေချာရှင်းပြတဲ့ဆရာမရှိသလို၊ ကျောင်းသားတွေကို ရှင်းပြတာမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် ရှင်းပြ/သင်ပြပြီးပြန်သွားတဲ့ ဆရာမလည်းရှိပါတယ်။ သူများတွေက ကျူရှင်တက်ထားကြတော့ လျှောက်သွားကြပါတယ်။ မီးလေးတို့သူငယ်ချင်းတွေကတော့ lectureတွေကို လွတ်မှာစိုးလို့ ဘယ်မှမသွားပဲ အမှတ်တရဓာတ်ပုံရိုက်ဖို့တောင် အချိန်လုပြီး ထွက်ရပါတယ်။ တစ်ခါတစ်လေရောက်ဖြစ်တဲ့ ကန်တင်း(မ်)ရယ်၊ ဘွဲ့နှင်းသဘင်ရယ်၊ ဒဂုံတက္ကသိုလ်ရှေ့ကျောင်းမုခ်ဝနဲ့ ပတ္တမြားရေပန်းနားရယ်ကို သတိရလျက်.....

No comments: