Pages

Monday, September 24, 2007

သိစေချင်တယ်

ဒီနေ့ကတော့ ဖြစ်ရပ်မှန်လေးရေးမလားစိတ်ကူးမိပါတယ်။ မီးလေးရဲ့ တူမလေး(၈ လ) နံနက် ၂နာရီကြီး အဖျားကြီးပြီး တက်လို့ အနီးအနားက ပုဂွလိကဆေးခန်းကြီး တစ်ခုကို သွားခဲ့ပါတယ်။ သူတို့က မရဘူး ကလေးဆေးရုံသွားရမယ်ဆိုပြီး ပြောပါတယ်။ လိုက်လည်း လုပ်ပေးရှာပါ တယ်။ ကလေးက အောက်ဆီဂျင်နဲ့သွားရမှာဆိုတော့ အဲဒီဆေးခန်းက ကားနဲ့ပဲ သူနာပြုဆရာမတစ်ဦး လိုက်ပို့ပေးခဲ့ပါတယ်။ ဟိုရောက်သွားတော့ ဆေးရုံကတာဝန်ကျတဲ့ ဆရာဝန်တွေ၊ ဆရာမတွေလည်း အရေးပေါ်လိုအပ် သည်များကို လိုက်လံလုပ်ဆောင်ပေးကြပါတယ်။ ဒါပေမယ့် သီးသန့်ခန်း မရလို့ Hall မှာပဲ တမနက်လုံးနေခဲ့ပြီး တခြားအခန်းက ဆင်းမှ အခန်းရ ပါတယ်။ ကလေးတွေလည်း အရမ်းသနားဖို့ကောင်းပါတယ်။ သွေးလွန်တုပ်ကွေး ရာသီဆိုတော့ ကလေးလူနာတွေတအားများနေတာ Hall မှာတောင် ကုတင်မရတော့လို့ သာမာန်ရောဂါနဲ့တက်ရောက်ကုသတဲ့ ကလေးတွေကို D/C ပေးပြီး ပြန်ခိုင်းပါတယ်။ တချို့ကလေးမိဘတွေဆို ကုတင်မရလို့ ကလေးကို ပေါင်ပေါ်မှာပဲ တင်ထားပြီး ဆေးကုသမှုခံ နေရတယ်။ နံနက်9နာရီလောက် မီးလေးတို့ ဆေးရုံလိုက်သွားတဲ့ အချိန် ကြတော့ တူမလေးအခန်းရလို့ အခန်းထဲကို ပြောင်းလိုက်ရတယ်။ ကလေးက ထူထူထောင်ထောင်နဲ့ ကျန်းကျန်းမာမာ ပုံစံဖြစ်နေပါပြီ။ ၈လ အရွယ် ဆိုပေမဲ့ မီးလေးရဲ့တူမလေးက အရမ်း လည်တယ်။ မျက်နှာလည်း အရမ်းချိုပါတယ်။ အခန်းထဲဝင်လိုက်တယ်ဆိုရင်ပဲ ရီပြီးတော့ ကြိုဆိုနေ ပါတယ်။ နံနက်က သူမဟုတ်သလိုပါပဲ။ မီးလေးတူမနေတဲ့ အခန်းက နှစ်ယောက်နေရပါတယ်။ တော်သေးတာက သွေးလွန်တုပ်ကွေး မဟုတ်ဘဲ ရိုးရိုးရောဂါမို့လို့။ ဒါနဲ့ပဲ မီးလေး ယောက်မတွေကလည်း ကလေးကို ကူးစက်မှာစိုးလို့ စိုးရိမ်နေတဲ့အတွက် ဆေးရုံကဆင်းဖို့ သိတဲ့ ကလေး အထူးကုဆရာဝန်တွေဆီ သွားပြီး အကူအညီတောင်းရပါတယ်။ ဖြစ်ချင်တော့ ဆရာဝန်က စာမေးပွဲစောင့်ရမှာမို့ နေ့လည် 12နာရီ ထမင်းစားချိန်ကျမှ လုပ်ပေးမယ်ပြောပါတယ်။ ဒါနဲ့ တူမလေးနေတဲ့ အခန်းကို ပြန်လာခဲ့ပါတယ်။

တူမလေးနဲ့ အတူတူနေရတဲ့လူနာက ခြောက်နှစ်အရွယ် ကောင်မလေးပါ။ သွေးလွန်တုပ်ကွေးဖြစ်လို့ရောက်လာကြတာတဲ့။ ကလေးက ဘာမှလည်း မစားဘူး။ ဓာတ်ဆားရည်လည်း မသောက်ဘူး။ အိပ်ယာထဲပဲ မှိန်းနေပါ တယ်။ မိခင်ကတော့ စိုးရိမ်တာပေါ့ ဆရာဝန်က မှာထားတယ်။ မမှိန်းစေနဲ့ ဓာတ်ဆားဝင်အောင်တိုက်၊ အစားဝင်အောင်ကျွေး။ အဲလိုမှ မဟုတ်ရင် စိုးရိမ်ရတယ်ပြောထားလို့ပါ။ ဒါနဲ့ ကလေးလေးရဲ့ အဖွားနဲ့ မိခင်က ကလေးကို တစ်လှည့်စီ ချီပြီး လမ်းလျှောက်နေကြပါတယ်။ ကလေးရဲ့ အမေက မီးလေးနဲ့ စကားလက်ဆုံကျမိပါတော့တယ်။ သူက သူ့ကလေး ကို တအားဂရုစိုက်တာတဲ့။ စစဖျားခြင်းတုန်းက နံမည်ကြီး ကလေး အထူးကုဆရာဝန်ဆီသွားပြတယ်တဲ့။ ဒါနဲ့ ရိုးရိုးဖျားတာပါလို့ ပြောတယ် ။ နောက်နေ့ အဖျားမကျလို့ သွားပြတော့မှ ထပ်သွားပြတော့မှ သွေးလွန်တုပ်ကွေးတဲ့ ဓာတ်ဆားလုံးဝမတိုက်ပါနဲ့လို့ပြောတယ်။ ဒါနဲ့မတိုက်ဘူးပေါ့။ နောက်တော့ အဖျားမကျနိုင်တာနဲ့ နောက်နံမည်ကြီး ဆရာဝန်နဲ့ ထပ်ပြပါတယ်။ အဲဒီမှာပဲ ဆေးခန်းဆရာမက ရှင်တို့က ဓာတ်ဆားရည်မတိုက်ဘူးလား။ တိုက်ရမှာမတိုက်တော့ ကလေးက အဖျားမကျတာပေါ့။ ဒီမှာပဲ ကလေးအမေလည်း စိတ်မထိန်းနိုင်ပဲ ရှင်တို့တွေပဲ တယောက်ကတိုက်၊ တယောက်ကမတိုက်နဲ့ အမျိုးမျိုး လုပ်နေကြတာ။ ကျွန်မတို့က မသိလို့၊ မတတ်လို့ ဆေးခန်းလာပြတာ၊ ရှင်တို့ခိုင်းတဲ့အတိုင်းလုပ်ရတာပဲ၊ နောက်ဆုံးခံရတော့ ကျွန်မတို့လို လူနာရှင်နဲ့ လူနာပဲခံရတာပြောပြီး ကလေးလည်းမပြတော့ဘဲ ကလေး ချီပြီး ကလေးဆေးရုံကို ထွက်လာကြတာတဲ့။ ဆေးရုံရောက်တော့ပဲ ဒေးဖိုးလ်ဖြစ်နေပြီ။ ဒါကြောင့် နာမည်ကြီးတိုင်း ဘွဲ့တွေများတိုင်း အသုံး မ၀င်ပါဘူး။ Thinking ပေါ်မှာပဲမူတည်ပါတယ်။ ရောဂါပိုးတွေက တစ်နှစ်နဲ့ တစ်နှစ်မတူတဲ့အတွက် method တွေကလည်း အမျိုးမျိုး ပြောင်းလဲနေတတ်ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေရဲ့ တွေးခေါ်မှုနဲ့ အယူအဆဟာ အရမ်းကို အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ကိုယ့်အတွက် အကျိုးရှိမှု၊ အကျိုးယုတ်မှုမရှိပေမဲ့ ကိုယ့်အပေါ် ယုံကြည်အားထားတဲ့ လူနာနှင့် လူနာရှင်တွေအတွက် အကျိုးရှိမှု၊ အကျိုးယုတ်မှု အများကြီးသက်ရောက်နေတယ်ဆိုတာ သူတို့ကို သိစေချင်ပါတယ်...

No comments: