Pages

Tuesday, April 24, 2012

နေလောင်ထားသောအသားအရည် ပြန်လည်ပြုပြင်နည်း

သင်္ကြန် ၅ရက်လုံး လျှောက်လည်ကြပြီး အသားအရည်ပျက်စီးထားတဲ့ ကိုကို မမတွေအတွက် ယခုအပတ်ထုတ် မြန်မာတိုင်းမ်ဂျာနယ်မှ “ပျက်စီးသွားတဲ့ အသားအရေကို ဒီလိုပြုပြင်ကြမယ်” ဆိုတဲ့ ဆောင်းပါးလေးထဲမှ ပြန်လည်ကောက်နှုတ် ဖော်ပြပေးလိုက်ပါတယ်... မွဲခြောက်မဲပြာသွားတဲ့ အသားအရေကို အရင်လို စိုစိုဝင်းဝင်းလေးပြန်ဖြစ်ဖို့ ပိုက်ဆံမကုန်တဲ့ နည်းလေးတွေပါတဲ့...

၁။ အပွေးမရှိတဲ့ သနပ်ခါးတုံး - အပွေးမရှိတဲ့ သနပ်ခါးတုံးကို သွေးပြီး တစ်ကိုယ်လုံး လိမ်းနိုင်ပါတယ်တဲ့။ အရေပြားကို အေးစေပြီး မိတ်ဖုတွေကိုလည်း သက်သာစေပါတယ်။

၂။ ဂျုံမှုန့် - ဂျုံမှုန့်ကို ပိုပြီး မှုန့်ညက်သွားအောင် ကြိတ်စက်ထဲ ထည့်ကြိတ်ပြီး ရလာတဲ့အမှုန့်နဲ့ တစ်ကိုယ်လုံး ပွတ်တိုက်ပေးပါ။ ရှိသမျှချေးတွေ ပြောင်ပြီး အရေပြားချောပြောင်သွားပါလိမ့်မယ်။


၃။  နွားနို့ - နွားနို့ထဲ သံပုရာရည်ညှစ်ထည့် ရောမွှေပြီး လူးပေးနိုင်ပါတယ်။ အရေပြားကို အေးစေပြီး မျက်နှာမှာ ၀က်ခြံရှိရင်တောင် ပျောက်ကင်းစေနိုင်ပါတယ်။

၎။ အသီးအနှံများ - ဂျုံမှုန့်ထဲကို သခွားရည်၊ မုန်လာဥနီရည်၊ သံပုရာရည်တို့နဲ့အတူ ပျားရည်နဲ့ ကြက်ဥအကာ ရောထည့်ပြီး ခပ်ပျစ်ပျစ်လုပ်ကာ လိမ်းပေးနိုင်ပါတယ်။ နာရီဝက်လောက်ကြာရင် ရေနွေးနွေးနဲ့ သန့်စင်ပေးပါ။

၅။ မန်ကျည်းသီး - နေလောင်ကွက်အတွက် အကောင်းဆုံး သဘာဝဆေးပါတဲ့။ သူ့ကို ရေနည်းနည်းနဲ့ ထည့်စိမ်ပြီး ခပ်ပျစ်ပျစ်လေးရလာပြီဆိုရင် တစ်ကိုယ်လုံးကို လူးပေးနိုင်ပါတယ်။

Source : The Myanmartimes

No comments: