၂၀၂၁ သင်္ကြန်မှာ တနင်္လာသား/သမီးတွေ အတာစားပါတယ်တဲ့... အတာစားတဲ့ တနလာင်္သား/သမီးတွေဟာ တနင်္လာနေ့ မနက် ၇နာရီနှင့် ၉နာရီကြားမှာ ရေချိုးသန့်စင်ပြီး အင်္ကျီအဖြူဝတ်ဆင်ကာ အရှေ့အရပ်ကို မျက်နှာမူ၍ ထမင်းဖြူတစ်ဆုပ် တင်းတင်းဆုပ်ပြီး ၀ါးစားပါ။ ထို့နောက် သဗ္ဗဇယမင်္ဂလာ ဘုရားရှိခိုးနှင့် ဘုရားရှိခိုးပြီး ကောင်းကျိုးလိုရာ ဆုတောင်းပါလေ...
oAÁZ,r*Fvm bk&m;&Sdcdk;ဒိဝါတပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိစန္ဒိမာ၊သန္နဒ္ဓေါ ခတ္ထိယော တပတိ၊ဈာယီ တပတိ ဗြာဟ္မဏော။အထသဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါတပတိ တေဇသာ။တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ၀န္ဒာမိ သာဒရံနမက္ကာရာ နုဘာဝေန၊ သောတ္ထိမေ ဟောတု သဗ္ဗဒါ။အနက်အာဒိစ္စော - ရောင်ခြည်တထောင် အလင်းဆောင်သည့် ထွန်းပြောင်ပ၀င်း ရှင်နေမင်းသည်၊ ဒိဝါ - နေ့အခါ၌ လောကအလယ် ဂုဏ်မြင့်ကြွယ်၍ တင့်တယ်ပါပေ၏။စန္ဒိမာ - စန်းငွေယုန်စ သော်တာလမင်းသည်လည်း၊ ရတ္တိံ- ညအခါ၌ ထွန်းလင်းဖြူစွာ အာဘာတိ - နှစ်သက်စဖွယ် တင့်တယ်ပါပေ၏။
သန္နဒ္ဓေါ - မင်းမြောက်တန်ဆာ ကိုယ်မှာဆင်ထားသော၊ ခတ္ထိယော - ပြည့်ရှင်မင်းသည်၊ တပတိ - ကြီးမြင့်ခန့်ထည် တင့်တယ်ပါပေ၏။ဈာယီ - သမ္မာပတ်ကို မပြတ်ဝင်စားလျှက်ရှိသော၊ ဗြာဟ္မဏော - မြတ်သော ပုဂ္ဂိုလ်တို့သည်၊ တပတိ - ဈာန်မက်နှစ်သွယ် စွယ်စုံခြယ်၍ တင့်တယ်ပါပေ၏။အထ - ထိုမှကျူး၍ ထူးသည်မှာကား၊ ဗုဒ္ဓေါ - သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားသိမြင် ဘုရားရှင်သည်၊ သဗ္ဗံ - အလုံးစုံသော၊ အဟောရတ္တိံ - နေ့ညမပြတ်ကာလပတ်လုံး၊ တေဇသာ - ကြီးကဲပိုင်စိုး အနဂ္ဃတန်ခိုးတော်ဖြင့်၊ တပတိ - အံ့ချီးလောက်ဖွယ် လောကအလယ်ဝယ် တင့်တယ် လှပါပေ၏။တာဒိသံ - ထိုသို့သဘောရှိသော၊ တေဇသမ္ပန္နံ - တန်ခိုးတော်တို့ဖြင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ အဟံ - တပည့်တော်သည်၊ သာဒရံ - ရိုသေစွာဖြင့်၊ ၀န္ဒာမိ - ရှိခိုးကန်တော့ ပါ၏ အရှင်မြတ်ဘုရား။နမက္ကာရာ နုဘာဝေန - ဤသို့ ရှိခိုးကန်တော့ရသော အကြောင်းအားဖြင့်၊ သောတ္ထိမေ ဟောတု သဗ္ဗဒါ - ဘုရားတပည့်တော်တို့သည် အခါခပ်သိမ်း ကောင်းကျိုးချမ်းသာရ၍ အလိုရှိသမျှ ပြည့်စုံကြရပါစေသတည်း။
Saturday, April 14, 2012
အတာစားတဲ့ တနင်္လာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment