Pages

Sunday, September 28, 2008

For Hire

စာရေးသူမွေးနေ့ စက်တင်ဘာလ ၂၂ရက်နေ့မှာ ဘလော့ဂ်မိသားစုတွေကို ပါတီပွဲလေး လုပ်ပေးမယ်လို့ စဉ်းစားထားခဲ့ပေမဲ့ ကိုးနတ်ရှင်မကောင်းတာရယ်၊ မအားတာရယ်ကြောင့် မတင်ဖြစ်ခဲ့ပါဘူး။ စာရေးသူနဲ့ မွေးလတူ ဘလော့ဂ်ဂါများကတော့ အိပ်မက်တောအုပ်ထဲက ကိုနေသစ်၊ ကိုနတ်သျှင်နောင်တို့ ဖြစ်ပါတယ်။ ဘလော့ဂ်အိမ်လေးကိုလည်း ပြစ်ထားခဲ့တာ ရက်အနည်းငယ်လည်း ကြာနေပါပြီ။ ဒီနားဖြစ်တဲ့ကြားမှာ မြင်မြင်သမျှတွေကို ကုန်ကြမ်းအဖြစ် သိမ်းဆည်းထားပါတယ်။ ခုတင်ပြချင်တာက Taxi ကားပေါ်တွေမှာ တွေ့ရတတ်တဲ့ For Hire ဆိုတဲ့ စကားစုလေးအတွက်ပါ။ for hireဆိုတာက စင်းလုံးငှားကားလို့ အဓိပ္ပာယ်ဖွင့်ဆို နိုင်ပါတယ်။

စာရေးသူ မြို့ထဲသွားဖို့ ကားငှားလိုက်ပါတယ်။ ကမ္ဘာအေးဘုရားလမ်းကနေ မြို့ထဲကို ကားငှားတာ ၂၀၀၀နဲ့ ဈေးတည့်ပီး ကားပေါ်တက်လိုက်သွားတယ်။ ရှေ့နားကျတော့ လူတယောက် ကားလှမ်းတားတာ မြင်လိုက်တယ်။ ရပ်လိုက်တယ် ပီးတော့ သူတို့အချင်းချင်း ဈေးညှိပြီးတင်လိုက်တယ်။ နောက်တနေရာ ရောက်ပြန်တော့လည်း ဒီလိုပဲ။ စာဖတ်သူတို့ စဉ်းစားကြည့် ပါဦး။ အမြန်ရောက်ချင်လို့ ပိုက်ဆံအကုန်ခံပြီး Taxi ငှားစီးပါတယ်။ မြို့ထဲ မရောက်မချင်းကို တင်လို့မဆုံးဘူး။ အမှန်ဆို အရင်ဆုံးငှားတဲ့ ခရီးသည်ရဲ့ ခွင့်ပြုချက်တောင်းခံသင့်ပါတယ်။ လမ်းကြုံလို့ ကျွန်တော်တင်ချင်တယ် ခင်ဗျား အဆင်ပြေနိုင်မလား မေးတော့ ဘာဖြစ်မှာမို့လဲ။ အဲဒါနဲ့ ပြီးသွားရော နောက်တခါ ငှားတော့လည်း ဒီလိုပဲ လမ်းမှာ ခရီးသည်တင်တယ်။ အဲလို လေးငါးခါ ကြုံလာရတော့ သူတို့ For Hire ဆိုတဲ့ ဘုတ်ကို သွားဖြုတ်ချင်လာတယ်။

သူတို့ ကားဆွဲမကောင်းဘူး အုံနာခတောင် မနည်းဆွဲနေကြရတာ နားလည်ပါတယ်။ သူတို့ ခရီးသည်ရတုန်း တင်ချင်မှာပေါ့။ ဒါပေမဲ့ ပါလာတဲ့ ခရီးသည်ကို အားနာသင့်တယ်လေ။ ခရီးသည်ခွင့်ပြုမှလုပ်တော့ ခရီးသည်လည်း စိတ်ချမ်းသာတယ်။ သူတို့လည်း ပိုက်ဆံပိုရတယ်။ ခုနောက်ပိုင်း BAK(Central) Shopping Centre ရဲ့ မျက်နှာချင်းဆိုင် ကားပါကင် ၀န်းအပြင် ဘက်မှာ Taxi တွေ ရပ်ထားပြီး “ယုဇနဥယျာဉ်၊ ယုဇနဥယျာဉ် ၂ယောက်ရသေးတယ်”လို့ ကားဆရာက အော်နေတယ် ကားထဲကြည့်လိုက်တော့ ၂ယောက်ထိုင်နေတယ်။ လိုင်းကားသာသာဖြစ်နေပြီ။ For Hire ဖြစ်ဦးမှာလား ????????
စာဖတ်ပရိတ်သတ်ကြီးရော ဘယ်လိုထင်ပါသလဲ ကွန်ပွတ်ခဲ့ပါနော်....

1 comment:

flowerworld said...

မီးလေးလဲရန်ကုန်သွားတုန်းကအဲ့လိုကြုံဖူးပါတယ် ဒါပေမယ့်မီးလေးစီးတဲ့ကားသမားကတော့မေးဖော်ရ သေးတယ်လူထပ်တင်ချင်တယ်ရမလားပေါ့ ကိုယ်ကိုတိုင်ကလဲမလောဘူးအေးဆးပဲဆိုတော့ ပေးတင်လိုက်ပါတယ် သူတို့အပိုရတာပေါ့.. ခင်မင်လျက် မီးလေး