Pages

Sunday, November 23, 2008

ငါအိုသွားသောအခါ...

သူငယ်ချင်းတို့ရေ မိဘနဲ့သားသမီးကြား ကွာဟမှုတွေကြောင့် အဆင်မပြေကြတဲ့ မိသားစုတွေကို ရည်ရွယ်ပြီး ဒီပို့စ်လေး တင်ဖို့ စဉ်းစားလိုက်ပါတယ်။ မီးလေး ကိုယ်တိုင်လည်း ဒီစာကို အရမ်းနှစ်သက်ပါတယ်။ အမှန်အတိုင်း ၀န်ခံရရင် စာထဲက အကြောင်းအရာတွေကို သိနားလည်ပေမဲ့ တကယ်တမ်း အပြည့်မကျင့်ကြံ နိုင်သေးပါဘူး။ အားလုံး နားလည်နိုင်ဖို့ ကြိုးစားနေတုန်းပါပဲ။ အခန့်မသင့်ရင် မဟုတ်မခံတတ်တဲ့ မီးလေးက (အဆင်မပြေတာ ရှိတဲ့အချိန်) ပြန်ပြောတတ် ပါတယ်။ ပြောပြီးလည်း အရမ်းကို စိတ်မကောင်း ဖြစ်မိပါတယ်။ နောက်မပြောတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အလိုလိုတုန့်ပြန် ဖြစ်သလို ဖြစ်နေခဲ့ပါတယ်။ အထူးသဖြင့်တော့ လိုက်မမီနိုင်တော့တဲ့ ITခေတ်ထဲက အကြောင်းအရာတွေ လူကြီးတွေက ပိုသိနားလည်သလို(အမှန်တော့ ကွန်ပျူတာဆိုတာ ဘာမှန်းတောင်မသိ) ၀င်ပြောလာတဲ့အခါ၊ သားသမီးတွေ အနေနဲ့ကလည်း အချိန်ပေးပြီး သေချာ မရှင်းပြနိုင်တဲ့အခါ၊ ဒီနေ့ခေတ်နဲ့ သက်ဆိုင်တဲ့ နားလည်မပေးနိုင်တဲ့ ပြဿနာတွေ မိဘတွေဖြစ်တဲ့ လူကြီးတွေကလည်း ငါတို့မွေးထားတာ နင်တို့ထက် ပိုသိတယ်ဆိုတဲ့ ငါဆိုတဲ့ အစွဲတွေ မစွန့်မချင်းတော့ မိဘနဲ့ သားသမီးကြား ပဋိပက္ခက ဘယ်တော့မှ ရပ်မှာမဟုတ်သလို အချင်းချင်း နားလည်မှုရနိုင်မှာလည်း မဟုတ်ပါဘူး။

သားသမီးတွေ အနေနဲ့ကလည်း လူကြီးတွေကို နားလည်ပေးနိုင်ဖို့၊ မှားမှားမှန်မှန် လက်ခံနားထောင်ပြီး ပြန်လည်ရှင်းပြနိုင်ဖို့၊ မိဘကလည်း သားသမီးကို ငါဆိုတဲ့ မာန်အောက်မှာ ဖိနှိပ်ထားမယ့်အစား ပျံစမ်းပါ မင်း အတောင်ပံဖြန့်နိုင်သလောက် မြင့်မြင့်သာ ပြန်လိုက်စမ်းပါဆိုပြီး လမ်းဖွင့်ပေးမယ်ဆိုရင် မိဘနဲ့ သားသမီးကြား ပြဿနာဆိုတာလည်း နည်းပါးသွားမယ်လို့ မီးလေးထင်ပါတယ်။ ပဋိပက္ခတွေ ရှိလာတဲ့အခါ စိတ်အားငယ် တတ်ကြတဲ့ မိဘတွေကို စိတ်မညစ်စေရဖို့ သားသမီးတွေအနေနဲ့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီပို့စ်လေးက အိမ်တိုင်း အိမ်တိုင်း အိမ် ၁၀၀မှာ ၈၅လောက် ဖြစ်နေတဲ့ ပဋိပက္ခတွေကို လျော့နည်း သွားစေလို့တဲ့ ရည်ရွယ်ချက်နဲ့ မီးလေးဖတ်ရတဲ့ စာလေးတပိုဒ်ကို ပြန်လည်ဖြန့်ဝေလိုက်ပါတယ်။ မိဘနဲ့ သားသမီးကြား အမြဲတမ်း ပျော်ရွှင် ချမ်းမြေ့ကြပါစေလို့ ဆုတောင်းရင်း......

ငါအိုသွားသောအခါ
ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အက်ႌေပၚ ဖိတ္စင္သြားတဲ့အခါ အက်ႌ၊ လုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသုတ်သင် ပေးခဲ့တာကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း၊ တစ်ထောင့်တစ်ည ပုံပြင်တွေ၊ ငါးရာ့ငါးဆယ် နိပါတ်တော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။

မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တလှည့်၊ ခြောက်တလှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ် နည်းပညာတွေ မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။ ငယ်ငယ်တုန်းက “ဘာကြောင့်ဆိုတဲ့” မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ၊ လမ်းလျှောက်သင်စ အရွယ်တုန်းက တလှမ်းချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာကို သတိရပေးပါ။

တနေ့ထက်တနေ့ အိုစာသွားတဲ့ငါ့ကို ကြည့်ပြီး ၀မ်းမနည်းပါနဲ့ နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့လို့ အခုအချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန် အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီ့ အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေကို တွေ့ရမှာပါ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

4 comments:

Welcome said...

သယ်ချင်း
ပညာပေးပို့စ်ကောင်းလေးကို ဖတ်၊ မှတ်သွားတယ်၊ ဆက်လက်ရေးသားနိုင်ပါစေ

http://winzaw-mdy.blogspot.com

Unknown said...

အ ရမ်း ကောင်း ပါ တယ် ။ ဒီ လို များ များ ရေး ပါ ဗျာ။

puluque said...

တကယ်ကောင်းတဲ့ ပို့စ်လေးကို ဖတ်ရလို့ ကျေနပ်နေပါတယ်။ နောင်လဲ ပို့စ်အသစ်ကောင်းကောင်းလေးတွေ မျှော်လင့်နေပါတယ်

mabaydar said...

အဲဒိ စာလေးကို သူငယ်ချင်းတစ်ယောက် ဖော်ဝက်မေးလ်ထဲဖတ်ဖူးတယ်.. တော်တော်ဟတ်ထိတဲ့စာလေး.. ခုလိုပြန်လည်ဖော်ပြပေးတဲ့ အတွက် ကျေးဇူးပါ..