Pages

Thursday, June 4, 2009

မီးလေးပြန်ရောက်ပီ....

မီးလေး ဒီဘလော့ဂ်လေးကို ပစ်ထားမိတာ ဒီနေ့နဲ့ဆို ၁၁၇ ရက် ရှိသွားပါပြီ... စိတ်ကတော့ အမြဲ ရောက်ပေမယ့် မအားလို့ မရောက်ဖြစ်တာရယ်၊ အားပြန်တော့ ကော်နက်ရှင် မကောင်းတာရယ်.. အကြောင်းကြောင်းကြောင့် ဒီဘလော့ဂ်လေးနဲ့ ဝေးခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဘလော့ဂ်ဂါ အစ်ကို၊ အစ်မတွေနဲ့ အွန်လိုင်းမှာတွေ့တိုင်း မီးလေးကို ပျောက်နေလို့ သတိတရ မေးပေးကြတဲ့ ညီအစ်ကို မောင်နှမများ အားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါတယ်။ မီးလေးကို အားလုံးက မမေ့သလို မီးလေးကလည်း အားလုံးကို မမေ့ပါဘူးလို့ ပြောပါရစေ။ အားလုံးရဲ့ ကူညီပံ့ပို့မှုကြောင့် မီးလေးရဲ့ဘလော့ဂ်လေးဟာ အသက်ရှည်ခဲ့ရပါတယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ဒီပို့စ်လေးကလေ ပြောပါရစေ။

မီးလေးကို ဒီအတောအတွင်း ဘလော့ဂ်လေးကို စောင့်ရှောက်ပေးကြလို့လည်း ၀မ်းသာပီတိဖြစ်မိပါတယ်။ မီးလေးကို အချိန်မရတောင် ရသလောက်ရေးဖို့ အားပေးကြတဲ့ အစ်ကိုတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မီးလေး အချိန်ရရင် ရသလို ဘလော့ဂ်ပြန်ရေးးသွားမှာပါ။ မီးလေးရဲ့ ဘလော့ဂ်ကို လာလည်ကြတဲ့ စာဖတ်သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ မီးလေး အိမ်ကို ပြန်ရောက်ရောက်ချင်း အားလုံးကို ဧည့်ခံပါရစေ...။

အဲ အစားမစားခင် ကဆုန်လပြည့်နေ့က အလွန်တရာကြည်ညိုဖွယ်ကောင်းတဲ့ ရွှေတိဂုံဘုရားကို အဝေးတနေရာမှာ စာဖတ်သူများသို့ ရည်ညွန်းပြီး ထည့်ပေးထားပါတယ်။ ဘုရားလည်းဖူးရင်း၊ အစားလည်း စားရင်းပေါ့.... :D

ပြည့်ဝန်းနေတဲ့လနဲ့ Golden Hill လို့ ခေါ်ကြတဲ့ ရွှေတိဂုံဘုရားကြီးဟာ ကဆုန်လပြည့်နေ့ညမှာ အလွန်တရာမှာ ကြည်ညိုဖွယ်ကောင်းပြီး ကဆုန်လပြည့်ညကို ပေါ်လွင်စေခဲ့ပါတယ်...
ဘုရားဖူးပြီးတဲ့ စာဖတ်ပရိတ်သတ်အတွက် တည်ခင်းထားတဲ့ လက်ဘက်ထမင်းကိုလည်း သုံးဆောင်သွားကြပါဦး...

ဒါက ဆေးဘဲဥသုတ်....

ပါဆယ်ဆွဲဖို့အတွက် ကော်ပြန့်ကြော်...

အ၀စားပြီးမှ ပြန်ကြနော်...
မုန့်တွေနည်းတယ်လို့ ပြောတဲ့ အစ်ကို idulize အတွက်နဲ့ နောက်ကျမှ ရောက်လာတဲ့ စာဖတ်သူများအတွက် ဟောဒီမှာ

အားလုံးကို အစဉ်လေးစားလျက်.....

3 comments:

အရုပ်ကလေး said...

ကဆုန်လပြည့်ညအလှနဲ့အတူ ဘုရားကို ရှိခိုးကန်တော့သွားတယ် ..။။

မုန့်ကနည်းနေတယ် .. များများလေးကျွေးပါ .. ဟိ
ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံလို့ သူငယ်ချင်း ချစ်ကြင်မိတ်ဆွေတွေနဲ့ ဘလော့ခ်တည်မြဲမှုတွေ ရရှိစံစားပါစေလို့ .. တောင်းဆုပြုရင်း ...

ခင်မင်တဲ့
အစ်ကို
idulize

megumi said...

သပ္ပာယ်လိုက်တာ။ ကျေးဇူးနော်။ အရမ်းကျေးဇူးတင်တယ်။ မုန့်လည်း စားသွားတယ်။


စကားမစပ်၊ မြန်မာကို ပြန်လာတော့မယ်။ တွေ့ကြတာပေါ့နော်။ :P :P

အချစ်မဲ့ဂစ်တာ said...

ပြန်လည်ရောက်ရှိလာပြီလို့ သိရတဲ့ အတွက် များစွာ ၀မ်းမြောက်ပါတယ်ဗျာ.....warmly welcome ပါ......