Pages

Friday, January 8, 2010

F4 ချစ်သူများအတွက် သီချင်းများ

မီးလေး မအားတာရယ်၊ အရှုပ်တွေ လုပ်နေတာရယ်၊ စာမေးပွဲတွေရယ်ကြောင့် ကိုယ့်အိမ်တောင် ကိုယ်မ၀င်ဖြစ်တာ ကြာပါပြီ... ဒီနေ့တော့ စာမေးပွဲပြီးလို့ အွန်လိုင်းလေးတတ်တယ်ဆိုရင်ပဲ သီချင်းကောင်းကောင်း သီချင်းတောင်းဆိုသလို မီးလေး သီချင်းတွေ ကြိုက်တာ ဘယ်လိုသိတယ်မသိ မီးလေးရေ F4 (Boys Over Flowers) ဇာတ်လမ်းတွဲထဲက သီချင်းတွေလိုချင်တယ် ကူညီပါဦးတဲ့... မီးလေးတို့များ သီချင်းကြိုက်သလား မကြိုက်သလားဆို F4 သီချင်းတွေ ပေါ်ကတည်းက ဒေါင်းလုပ်ဆွဲထားတာ သူငယ်ချင်းတောင်းတာနဲ့ ကွက်တိ.... :P

ကျန်တဲ့ သီချင်းချစ်သူများလည်း နားဆင်နိုင်အောင် တင်ပေးလိုက်ပါတယ်... နားထောင်လို့ကောင်းတဲ့ ကိုရီးယား သီချင်းမြူးလေးတွေနဲ့ 2010မှာ ပြုံးပျော်နိုင်ကြပါစေ....

ကဲ သူငယ်ချင်းရေ အားရပါးရသာ ဒေါင်းပေတော့....

မူရင်းဆိုဒ်က ဒီမှာပါ... မူရင်းဆိုဒ်မှာ တခြား ကိုရီယားသီချင်းများလည်း ရှိပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်... (အဲ ကြော်ငြာဖြစ်နေပီ   :P)

ပျော်ရွှင်ချမ်းမြေ့ကြပါစေ
မီးလေး

1 comment:

Prizewai said...

ခေတ်နောက်ကျတယ်ဆိုဆို.. F4တော့ မကြည့်ဖူးသေးဘူး..
နံပါတ်၆ သီချင်းလေးတော့ နာမည်ကြိုက်လို့ ဒေါင်းသွားတယ်.. သဘောကျရင် ကျန်တာလာယူမယ်နော့