Pages

Saturday, March 17, 2012

သားသားလေးရဲ့ မွေးနေ့အလှူ

သားသားလေးရဲ့ ၄.၃.၂၀၁၂တွင် ကျရောက်သော မွေးနေ့ မင်္ဂလာမှသည် စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံ၍ ကံကောင်းပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘ၀လေး ပိုင်ဆိုင်နိုင်ပါစေလို့ ဒီပို့စ်လေးကနေ ထပ်ဆင့် ဆုတောင်းလိုက်ပါတယ်။
၂၀၁၁ရဲ့ ဒီအချိန်လေးမှာ ဆေးရုံမှာပေါ့ သားသားလေး လူ့လောကထဲ ရောက်လာပြီ စသည်ဖြင့် ထိုအချိန်က ရင်ခုန်ခဲ့ရတာတွေဟာ မနေ့တနေ့ကလိုပါပဲလို့ ကျွန်မတို့နှစ်ယောက် ပြိုင်တူပြောပြီး ရီခဲ့ရပါတယ်။ ကျွန်မတို့ ဇနီးမောင်နှံရယ်တာကြည့်ပြီး သားသားကလည်း ခစ်ခစ်နဲ့ လိုက်ရီနေတဲ့ သားလေးဟာ ကျွန်မအတွက် လတစ်စင်းပါ။ (အမျိုးသားကတော့ နေတစ်စင်းပေါ့... ကြုံတုန်းလေး ကြွားတာ... :D) ကျွန်မတို့ နှစ်ဦးအတွက် ပိုပြီး ခိုင်မြဲစေတဲ့ ကြိုးလို့လည်း ပြောလို့ရပါတယ်။ ကျွန်မတို့ရဲ့ ချစ်ခင်မြတ်နိုးတွယ်တာရပါသော သားလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့မှာ ဘယ်လိုလေးလုပ်ချင်တယ်၊ ဘယ်လို လုပ်ရင်ကောင်းမယ်ဆိုတဲ့ စိတ်ကူးတွေက လွန်ခဲ့တဲ့ ၆လလောက်ထဲက တန်းစီနေပါတယ်။ 
နောက်ဆုံးမှာတော့ အိမ်မှာ ဘုရားအမှူးရှိတဲ့ သံဃာတော် ၅ပါးကို စင်္ကာပူဒန်ပေါက် နေ့ဆွမ်း ဆက်ကပ်တယ်။ 
ဘုန်းတော်ကြီးကျောင်းအတွက် န၀ကမ္မအလှူငွေ တစ်သိန်းကျပ်နှင့် သံဃာတစ်ပါးစီအတွက် ၅၀၀၀ကျပ်စီ လှူဒါန်းပါတယ်။ ထို့နောက် အိမ်နားမှာရှိတဲ့ ဘုန်းကြီးကျောင်းကိုလည်း ဒန်ပေါက်ဆွမ်း သွားပို့ လှူဒါန်းဖြစ်ခဲ့ပါတယ်။
သားသားလေးရဲ့ မွေးနေ့မှ ပြုသမျှသော ကုသိုလ်ကောင်းမှုကို ကျွန်မတို့ မိသားစုနဲ့ထပ်တူ သူငယ်ချင်းများကိုလည်း အမျှပေးဝေပါတယ်။ သာဓုခေါ်ဆိုတော် မူကြပါကုန်......

ရွှင်လန်းချမ်းမြေ့ကြပါစေ
မီးလေး

No comments: