Pages

Thursday, August 23, 2007

လူမှုဘ၀ ဆက်ဆံရေး

ဟိုတစ်လောက အဒေါ်တစ်ဦးအိမ်ကို တူမတွေသွားလည်ခဲ့ပါတရ်.
မျက်နှာက မကြည်တဲ့ပုံစံနဲ့ပြောလိုက်တာကတော့-

အဒေါ်း ညဉ်းတို့ ဘာလာလုပ်ကြတာတုန်း ညဉ်းတို့လာရင်အလုပ်ကိုရှုပ်နေတာပဲ ငါ့မှာလည်း မနားရဘူး။ ရှုပ်တယ်အေ သွားကြ သွားကြ ပြန်ကြတော့ မလာကြနဲ့

တူမခဗျာမှာ မျက်နှာငယ်လေးနဲ့ ပြန်လာရရှာတရ်.

လွန်ခဲ့တဲ့တစ်ရက်ကတော့ အဒေါ်အိမ်ကို မုန့်တွေတနစ်တပိုးနဲ့ သွားတဲ့အချိန်အခါမှာတော့

အဒေါ်း ငါ့တူမလေး မလာတာတော် ကြာပြီပဲ ပိန်တော်ပိန်သွား (အမှန်မှာ-၀လာခြင်းသာ)သလားပဲ လာမယ်ဆိုလည်း ကြိုပြောတာမဟုတ်ဘူး ဟင်းလေးဘာလေးချက်ထားရအောင်

ဟုပြုံးချိုသောမျက်နှာဖြင့် တူမလက်ထဲမှ မုန့်ထုတ်များအား လှမ်းယူရင်း ပြောလိုက်လေသည်

No comments: