Pages

Friday, August 24, 2007

အားနာလို့

နယ်မြို့လေးတစ်မြို့ရဲ့ မူုလတန်းကျောင်းတစ်ကျောင်းတွင် ဆရာမမှ ကျောင်းသားတစ်ဦးအား ဆုံးမရန် ကြိမ်လုံးကိုင်ပြီးမေးနေပုံမှာ –

ဆရာမး မင်းအသက်အရွယ်နဲ့ ဘာလို့ကောင်မလေးကို ရည်းစားစာပေးရတာလဲ

ကျောင်းသားး သားပေးချင်လို့ပေးတာမှုတ်ပါဘူးဆရာမ... အဲဒီကောင်မလေးက သားလွယ်အိတ်ထဲကို ချစ်တယ်ဆိုပြီး စာရွက်ရေးပြီး လာထည့်ထားတော့ ... မိန်းကလေးက စာလိုက်ပေးရတယ်ဆိုတော့ အားနာတာနဲ့ သူ့စာပြန်ပေးပြီး သားရေးပြီး ပေးလိုက်တာပါ ဆရာမ
ဟု ပြန်ပြောလိုက်စဉ်မှာတော့ ဆရာမခင်ဗျာ (ဟိုက်)လို့တောင် မအော်နိုင်အောင် ပါးစပ်အဟောင်းသားနဲ့ ကြိမ်လုံးကိုင်လျက်တန်းလန်း မတ်တပ်မေ့သွားခဲ့ပါတော့တယ်...

No comments: