Pages

Wednesday, March 12, 2008

နှုတ်ခွန်းဆက်သခြင်း

သူငယ်ချင်းတွေဆီ လာမလည်နိုင်တာ အတော်တောင် ကြာနေပီပဲ... မီးလေး ခုလက်ရှိအလုပ်က ထွက်ပြီး အိမ်မှာ အိပ်လိုက် စားလိုက် အနားယူနေ တရ်လေ... တကယ့်ကို ဇိမ်ပဲ... အဲလို မနေရတာလည်း ကြာနေပြီလေ... အိမ်မှာ အင်တာနက်သုံးလို့ မရလို့ အရင်လို သူငယ်ချင်းတွေဆီ နေ့တိုင်း မလာဖြစ်တော့ဘူးရှင့်... တကယ်ပါ လိမ်ပြောပါဘူး... သူငယ်ချင်းတွေကို အရမ်းသတိရပြီး လွမ်းနေတရ်... ဘလော့ဂ်လေးကိုလည်း လွမ်းနေတရ်ရှင့်... ဘလော့ဂ်လေးကို မနှုတ်ဆက်ချင်လို့ အားရင်အားသလိုတော့ ပို့စ်တွေတင်ဖို့ စဉ်းစားထားတရ်... အင်တာနက်ဆိုင်က တင်ရတာ လွယ်တာမှုတ်ဖူး... ၀င်ငွေက ရှိတော့ဘူး ထွက်ငွေများရင် မေမေဆူလိမ့်မရ်ရှင့်... ဒီနေ့မနက်တော့ ထီသည်ကားဖြတ်သွားရင်း သင်္ကြန်သီချင်းဖွင့်သွားတာ သင်္ကြန်တောင် ရောက်တော့ မှာပါလားဆိုတဲ့ အတွေးနဲ့အတူ သူငယ်ချင်းတွေရော သင်္ကြန်ဘာအစီအစဉ်ရှိလဲလို့ သိချင်လာတရ်လေ...

ဒါနဲ့ ပို့စ်တင်ပြီး သင်္ကြန်ဘာအစီအစဉ်ရှိလဲလို့ သိချင်လို့ မီးလေးဆီ လာတဲ့ ဘော်ဘော်တွေအားလုံး ဖြေပေးကြဦးနော်... မီးလေးက ဒီနှစ်သင်္ကြန်ကို မိသားစုနဲ့ မန္တလေးမှာကျဖို့ စီစဉ်နေတရ်ရှင့်... မန္တလေးရောက်ရင် မန္တလေးဘလော့ဂ်ဂါတွေလည်း လိုက်ချောင်းရင်းပေါ့... ဟဲ...ဟဲ
ပျော်ရွှင်စွာ သင်္ကြန်ပွဲဆင်နွှဲရင်း နှစ်သစ်ကို ကြိုဆိုကြပါစို့လား.........

ခုရက်ပိုင်းအတွင်း အိမ်မှာ ၀တ္ထုရေးနေတရ်ရှင့်... ပြီးရင် အပိုင်းလိုက် ပို့စ်တင်ဖြစ်မှာမို့ မကြာခင် လာမည် မျှော်

1 comment:

ပီကေ said...

အိပ်လိုက် စားလိုက် အနားယူနေတယ်တဲ့။ အောင်မလေး ... အားကျလိုက်တာနော်။
တစ်ခုတော့ လမ်းကြုံပါးပါရစေ။ အစ်ကို့အတွက် ပိုနားပေးထားကွာ။
သင်္ကြန်ကို မန်း လာမတဲ့လား။ အစ်ကိုလည်း အဲ့အချိန် မန်းမှာ ရှိနေမယ် ထင်တယ်။ မန်းသား အနေနဲ့ လာဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။
ဝတ္ထုကိုလည်း မျှော်နေပါတယ်။ အမြန်ဆုံးနည်းနဲ့ ဒလှိမ့်တုံးစီးပြီး တင်နိုင်ပါစေလို့ .....