Pages

Monday, March 17, 2008

နေကောင်းပြီ

တီတီခွန်မြလှိုင်နဲ့ ခွန်လင်းချစ်သူရေ ခုလို အကြံပေးတာ ကျေးဇူးတင်ကြောင်းပါ... ပြောရရင်တော့ မီးလေးရဲ့ မကောင်းတဲ့ အကျင့်ပဲ ပြောရမလားပဲ... သူများနဲ့မတူအောင် လုပ်ချင်တာလေ ယနဲ့သတ်တာက အများတကာသုံးနေတော့ ပိုပြီးထူးခြားအောင် ရနဲ့သတ်သုံးတာလေး... -း ကို တခြားပုံစံသုံးသလိုပေါ့... မီးလေး စာတွေကို ယနဲ့သတ်ပြီး ရေးပေးပါ့မရ်ရှင်... နောက်များလည်း လိုအပ်တာရှိရင် ဝေဖန်ပေးကြဦးနော်...

မီးလေး တူမလေးကို ၀ိုင်းပြီးမေးကြတဲ့ စာဖတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် စာဖတ်သူတို့၏ ၀ိုင်းဆုတောင်းပေးမှုကြောင့် ထူထူထောင်ထောင်ဖြစ်လာပါကြောင်း....
၎ရက်နေ့က ဆေးရုံမှ ဆင်းခဲ့ပါသော်လည်း တနေ့တည်းနှင့် သတိလစ်ကာ လေးကြိမ်လောက် တက်နေခဲ့ပါကြောင်း...
ဆေးများသောက်သော်လည်း သိသိသာသာ တိုးတက်မှုမရှိပါကြောင်း...
ယခုအခါ သူငယ်နာဟု အများကပြောကြသဖြင့် မြန်မာဆရာနှင့်ပါ တွဲ၍ ကုသနေရပါကြောင်း...
ပထမရက် ကုသပြီးသည့်နောက်ပိုင်းတွင် သတိလစ်ပြီး တက်ခြင်း မရှိတော့ပါကြောင်း...
မျက်ကြောမှိတ်၍သာ အနည်းငယ် တက်ခြင်းသာ ရှိတော့ပါသည်.....

အားလုံးကို ကျေးဇုးတင်လျက်

2 comments:

စိုးထက် - Soe Htet ! said...

""ကျွန်တော်"" မသုံးချင်လို့ ""ကျနော်"" သုံးတဲ့ လူတွေလိုပေါ့ ... ပညတ်ချက်တွေပါ ... စိတ်က ကျွန်စိတ်ပေါက်နေရင် ကျနော် သုံးလဲ ကျွန်ပါပဲ ...

အဓိက စိတ် ပါခင်ဗျား ...

မြန်မာ ဘာသာ ရေးရင်တော့ မြန်မာ စာလုံးပေါင်း သတ်ပုံ ကျမ်း အတိုင်း မှန်မှန် ကန်ကန် ဆို ပို အရသာ ရှိ လေးနက် တာတော့ အမှန်ပဲဗျ ...

ကိုယ့် လွတ်လပ်ခွင့်နဲ့ကိုယ်ပေါ့ဗျာ ... ကိုယ်ပိုင်ဘာသာနဲ့ ဆို ပိုလို့တောင်ကောင်းသေး ...

ကျွန်တော် က စည်းဘောင်ထဲက နေပါများတော့ လွတ်လပ် တာက ပျင်းစရာ ဖြစ်နေတယ် ... အဖိုးကြီး ဖြစ်လာတော့ ပို ဆိုးသွားတော့တာပေါ့ :P

အဆင်ပြေပါစေ ခင်ဗျာ ... အဆင်ပြေပါစေဗျို့ :D :P

ထွန်း said...

တက်သက တက် တဲ့အထဲမှာ စီးပွားရေးတက်တာက လွဲရင် ဘာတက်မှ မကောင်းဘူး(ဘလော့ တက် တာ အဆိုးဆုံး အဟိ)