Pages

Saturday, February 28, 2009

GMail Offline

မီးလေး အွန်လိုင်းပေါ် မရောက်တာ အတော်ကို ကြာနေပါပြီ... မအားတာကို အကြောင်းအရင်းခံပြီး ပျင်းနေတာလေ... သူငယ်ချင်းတွေဆီ မရောက်တာကြာလို့ မေ့သွားပီလားတောင် မသိပါဘူး... ဒီနေ့ မီးလေး သူငယ်ချင်းတယောက်က သူ GMail Offline သုံးတာ အဆင်မပြေလို့ဆိုပြီး ပြောလာလို့ GMail Offline သုံးပုံကို သူငယ်ချင်းအားလုံးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်... သိပြီးသား သူများအတွက်တော့ သည်းခံဖတ်ပေးပြီး လိုအပ်တာများ ဖြည့်စွပ်ပေးကြပါနော်...

Offline သုံးမယ်ဆိုရင် ပထမဆုံးအနေနဲ့ Sign - In အရင်ဝင်ရပါမယ်... Sign - In ၀င်ပြီးပြီ ဆိုရင်တော့ ညာဘက် အပေါ်ဘက်က setting ကို ကလစ်နှိပ်ပြီး Labs tab ကို ရွေးပြီး Offline ကို ရှာရပါမယ်... Offline ကိုတွေ့ပြီ ဆိုရင်တော့ Enable ဆိုတဲ့ radio pattern ကို ရွေးရမှာ ဖြစ်ပါတယ်... ပြီးရင် Save Changes ကို ကလစ်နှိပ်လိုက်ပါ...

Save Changes လုပ်ပြီးရင် setting ရဲ့ ဘေးမှာ offline 0.2 ဆိုတဲ့ link တခုပေါ်လာပါလိမ့်မယ်... ထို link ကို ကလစ်နှိပ်ပါ... Install offline access for gmail ဆိုတဲ့ dialog box ကျလာပါလိမ့်မယ်... wizard အတိုင်း Next လုပ်ပါ... I trust this site. Allow it to use Gears. ဘေးမှ check box ကို အမှန်ခြစ် ခြစ်ပါ... Allow buttom ကို ကလစ်နှိပ်ပါ... Short Cut Icon ထားချင်တဲ့ နေရာ Desktop, Start Menu, Quick lunch bar ထဲက တခုခုကို ရွေးပါ... ထို့နောက် OK လုပ်ပါ...

လုပ်ပြီးပြီးချင်း အသုံးပြုလို့ရသေးမှာ မဟုတ်ပါဘူး... Finishing Offline installation အရင်လုပ် ပါတယ်... ပြီးရင် online ဖြစ်နေတဲ့ အချိန်မှာ mail တွေ၊ attachment တွေကို Synchronize လုပ်ပါတယ်... ကိုယ်ဖွင့်တဲ့အချိန် Synchronize လုပ်ပြီးသလောက်ပဲ အသုံးပြုလို့ ရဦးမှာ ဖြစ်ပါတယ်... online ဖြစ်နေတဲ့အချိန် auto Synchronize လုပ်ပေးတာမို့ ကျန်တာ ဘာမှလုပ်ဖို့ မလိုတော့ပါဘူး...

အရေးကြီးတဲ့ အချက်က Offline သုံးမယ့် user တွေဟာ Internet cafe လိုဆိုင်တွေမှာ အသုံးပြုလို့ အဆင်မပြေနိုင်ပါဘူး... စက်ထဲမှာ သိမ်းထားတာကြောင့် အခြား user တွေ ကိုယ့်မေးလ်ကို password မလိုဘဲ Double Click နှိပ်တာနဲ့ ၀င်နိုင်တာရယ်ကြောင့် GMail Offline ဟာ ကိုယ်ပိုင် Deskop, Laptopနဲ့ အင်တာနက်သုံးသူတွေ အတွက်သာ အဆင်ပြေနိုင်တာ တွေ့ရပါတယ်... မီးလေး မသိတာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်...

သူငယ်ချင်းအားလုံး ကျန်းမာရွှင်လန်းကြပါစေ....

No comments: