Pages

Saturday, February 14, 2009

Happy Valentine's Day!

ဒီနေ့ ချစ်သူများနေ့မှာ ချစ်သူတိုင်း ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်... ဒီနေ့ ချစ်သူများနေ့မှာ မီးလေးတို့ ဗဟန်း ၃လမ်း အ၀ိုင်းထိပ်က Signature မှာ Valentine's Set Menu သွားစားတယ်... (ဟီး... ကြွားတာ) ကြိုက်တဲ့သူတွေအတွက်ကတော့ တဦးကို $ 14 ဆိုတာ တန်ပါတယ်... မီးလေးတို့ကတော့ မြန်မာပါးစပ်ဆိုတော့ သိတဲ့အတိုင်း ခံတွင်းမလိုက်ချင်ဘူး... ငါးပိရည်၊ တို့စရာနဲ့မှ ခံတွင်းတွေ့တာ...

ဒီနေ့ စားလာသမျှ Set Menu ကို စာဖတ်သူတွေအတွက်လည်း ပါဆယ်ဆွဲလာခဲ့တယ်... လုတော့ မစားနဲ့နော်... ဖြည်းဖြည်းချင်း သုံးဆောင်သွားနော်...
ဒါလေးက တူနာနဲ့ လုပ်ထားတဲ့ ဖယောင်းတိုင်ပါ... သူတို့ကတော့ Romatic ဆန်ဆန်ပါပဲ ဖယောင်းတိုင်က အလယ်က အတိုင်တိုလေးပါပဲ... ဘေးက တူနာနဲ့ ဆော့စ်တွေနဲ့ကို ဖယောင်းတိုင်ပုံဖော်ထားတာ... မီးမှုတ်ပြီးရင် စားလို့ရပါပြီ...


ဒါလေးကတော့ main food ပါ... ဘာတွေမှန်းတော့ မသိဘူး စိမ်းစိမ်းတွေ စုံနေတာပဲ...


ရွှေဖရုံသီး soupပါ...

ဒါကတော့ ငါးပေါင်းစုံနဲ့ လုပ်ထားတဲ့ အရှေ့တိုင်း အစားအစာပေါ့... နှာခေါင်းထဲမှာတော့ ပူစီနံ့အနံ့ အတော်ရတယ်...

ကဲ...စားလို့ ၀ပြီဆိုရင်တော့ အချိုပွဲအနေနဲ့ ပထမဆုံး ရေခဲမုန့်

ပြီးတော့ စပါကလင်ဝိုင်ပါ ပါသေးတယ်... ပြီးရင် ချောကလက်နဲ့ ရေခဲချောင်း ဒါးလှီးမုန့် ပုံစံမျိုးနဲ့ ပန်းနဲ့ ချောကလက်တို့ပဲ ဖြစ်ပါတယ်...




ပြီးတော့ ကြွားလက်စနဲ့ ဆက်ကြွားလိုက်ဦးမယ်... ဒီနေ့ရထားတဲ့ လက်ဆောင်တွေက (ယူတော့ ယူတွားနဲ့နော်... :p)


အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းရင်း...

2 comments:

Unknown said...

မီးလေးရေ...
လက်ဆောင်နဲ့ စားစရာတွေ ယူပြီးစားသွားတယ်.... ပျော်ရွှင်ပါစေဗျာ..... နေ့သစ်တွေလှပပါစေဗျာ.....

molay88 said...

ဗိုက်ဆာနေလို့ အားလုံသိမ်းကြုံးစားသွားတယ်။ လက်ဆောင်တွေကိုတော့ အားနာလို့ ယူသွားတော့ဘူး..။