Pages

Friday, June 4, 2010

ဘ၀သစ်ပြင်ဆင်မှုအတွက် အမှတ်တရနေ့လေးများ

ကိုယ်တိုင် မင်္ဂလာပွဲလုပ်မှပဲ မင်္ဂလာပွဲဖြစ်မြောက်ဖို့(အချိန်ပိုင်း ၂နာရီ)အတွက် ဘယ်လောက်ထိ ပင်ပန်းရတယ်ဆိုတာ သိလာရပါတယ်... လူပင်ပန်းတယ် ဆိုတာထက် စိတ်ပင်ပန်းတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်... မင်္ဂလာပွဲနီးလာလေ လုပ်စရာတွေလည်း များလာလေပါပဲ... ဘယ်လောက်ပဲ ကြိုတင် ပြင်ဆင်ထားခဲ့ပေမဲ့ အဆင်ပြေပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်ကလည်း ပျော်ရွှင်မှုနဲ့အတူ ဒွန်တွဲလို့ ပါလာခဲ့ပါတယ်... သတို့သား၊ သတို့သမီး ၀တ်စုံကိုတော့ သင်္ကြန်မတိုင်ခင် ကတည်းက ရွေးထားပြီးသားဖို့ အဲ့အလုပ်တော့ မရှိတော့ပေမဲ့ လက်ဖွဲ့ပြန်ကမ်းဖို့အတွက် စိတ်သောက များရပါသေးတယ်... (ပြန်ကမ်းတဲ့ လက်ဆောင် အတွက် လူပန်း စိတ်ပန်းခံပြီး ကူညီပေးခဲ့တဲ့ ဘလော့ဂါ အစ်ကိုတော် Breeze နှင့် မီးလေး လောသမျှကို စိတ်ညစ်ခံပြီး အချိန်ပေးပြီး ပစ္စည်းမှာတာက အစ ပစ္စည်းပို့ပေးတဲ့အထိ အပင်ပန်းခံပြီး ကူညီပေးခဲ့တဲ့ မမ မမီးလေးဇာကိုလည်း ကျေးဇူးတင်မိပါတယ်... )

ဒီပို့စ်လေးက မီးလေးတို့ ဇနီးမောင်နှံအတွက် ဘ၀သစ်အတွက် ကြိုတင်ပြင်ဆင်မှု မှတ်တမ်းလေး တပုဒ်မျှသာ ဖြစ်ပါတယ်... သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်မောင်နှမတွေကိုလည်း ကျေးဇူးတင်ပါတယ်... မီးလေးတို့ နှစ်ယောက် စိတ်တူကိုယ်တူ တိုင်ပင်ပြီး ညှိနှိုင်းဆောင်ရွက်ခဲ့လို့ ဘာပြနာရယ်လို့ တစုံတရာ မရှိခဲ့ပါဘူး... စိတ်သဘောထားခြင်း မတိုက်ဆိုင်တာလေးတွေတော့ ရှိတာပေါ့လေ... အဲ့လိုအခါမျိုးကျရင် "ကို" က မီးလေးကို ဖြစ်သင့်တယ်ဆိုရင် လိုက်လျောပေးခဲ့တာ များပါတယ်... မဖြစ်သင့်ခဲ့ရင် မီးလေး ဒါလေးကတော့ ဒီလိုရှိတယ်၊ ဒီလိုဖြစ်သင့်တယ်လို့ စိတ်ရှည်ပေးခဲ့တဲ့ "ကို"ကြောင့်လည်း ပါတာပေါ့လေ... မီးလေးတို့ ဘ၀သစ်အတွက် ပြင်ဆင်မှုက ကိုယ်တိုင်လုပ်ရတာတွေ များပါတယ်... ခန်းဝင်ပစ္စည်းနဲ့ အချို့ကိစ္စအတွက်တော့ အိမ်က ၀ိုင်းလုပ်ပေးကြပါတယ်... ဒါပေမဲ့ ကိုယ်လျှောက်ရတော့မယ့် ဘ၀ခရီးလမ်းအတွက် ကိုယ်တိုင်ပြင်ဆင်ရတာကို ကြိုက်တဲ့ မီးလေးတို့အတွက် လွတ်လပ်စွာ ဆောက်တည်ခွင့် ရခဲ့ပါတယ်... အိပ်ယာအခမ်းအနားအတွက် အိမ်ကစီစဉ်ပေးထားပေမဲ့ စောင်ကို ကြိုက်တာစီစဉ်ဖို့ပြောလို့ နာမည်ကြီး ကုန်တိုက် တစ်ခုကိုရောက်ခဲ့ပါတယ်... Super Oneမှာ စောင်တွေ အစုံရတတ်တာမို့ ကျိုက္ကဆံ Super One ကို ရောက်ခဲ့ကြပါတယ်... မီးလေးတို့ စောင်တွေကြည့်တော့ စောင်ကို အောက်ဆုံးအကန့်မှာ ထားတာမို့ အရောင်ရွေးချင်တော့ ဆောင့်ကြောင့်ထိုင်ပြီး ရွေးရပါတယ်...
မီးလေး အမျိုးသားထိုင်တော့ ဘေးမှာ ၀န်ထမ်းတယောက် လာရပ်နေပါတယ်... သူရပ်နေပုံက နောက်က စင်တွေကို မှီပြီး ရပ်နေတာ အတော်ပင်ပန်းနေပုံပါပဲ... ၀တ်ထားတော့ စကပ်အတို မီးလေး အမျိုးသားခေါင်းမော့လိုက်ရင် xxxxxxxx (မပြောတော့ဘူးနော်... :D) လိုချင်တဲ့ စောင်က အရောင်က ဆင်တူမရှိတော့ တခြား Super One တွေမှာကော ဒီလိုစောင်တွေ ရှိသေးလားလို့ မေးတော့ သွားကြည့်လိုက်လို့ ပြန်ဖြေပါတယ်... မေးမိတဲ့ မီးလေးရဲ့ အမှားတွေပါပဲ လျှာရှည်ပြီး သွားမေးတာကို ဒါလေးများ မသိဘူးလား... အရောင်ရွေးတာများလွန်းလို့ တူပါတယ် သူတို့လဲ စိတ်ရှည်ပုံမရဘူး မျက်နှာတွေက စူပုပ်နေပြီ သူတို့ကို မင်္ဂလာဆောင် အိပ်ယာအခမ်းအနား ပြင်မှာမို့ အရောင်ရွေးရတာပါလို့ စကားပလ္လင်ခံပါသော်ငြား ဒီစောင်ကောင်တာပို့ပေးပါလဲ ပြောလိုက်ရော လက်ထဲက စောင်ကို စောင့်ပြီးဆွဲယူသွားတယ်... သြော်... ကောင်းလိုက်တဲ့ ဆားပျစ်(ဆားဗစ်လို့ ပြောရမှာ အားနာလို့ :P) ... မီးလေးကလည်း အမှတ်မရှိ ဖက်လုံး ဘယ်မှာထားလဲ လှမ်းမေး လိုက်သေးတယ်... သူကတော့ ဖုတ်လေတဲ့ ငါးပိရှိတယ်လို့မထင် တချက်ကလေးတောင် လှည့်မကြည့်သွားဘူး... ဒါနဲ့ နီးစပ်ရာမှာ ၀န်ထမ်းတယောက် တလေများ ရှိမလားရှာတော့ ခုနက ပင်ပန်းနေတဲ့ မမနဲ့ တိုးလေရဲ့...

ဒါပေမဲ့ ကောင်တာ လိုက်ပြလို့ ဖက်လုံးယူပြီး ငွေရှင်းမယ်ဆိုပြီး ကောင်တာလာတော့ စောင်ကို မတွေ့ဘူး... ကောင်တာက မမတွေက ဟိုဘက်ကောင်တာမှာ ရှိမယ် ထင်တယ်တဲ့...
ဟိုဘက်ကောင်တာရောက်တော့ တွေ့ပါပြီ ပန်းရောင် သားဘက်စောင်လေး နှစ်ထည် အခန့်သား ကောင်တာ ခုံလေးမှာ ထိုင်လို့ ရှင်းမယ်လို့ ပြောတယ်... reply ပြန်မလာ ... နောက်တခါ ရှင်းမယ်လို့ ပြောပြန်တော့လဲ မလှုပ်... သူတို့ဘာသာ ကွန်ပျူတာနဲ့ အလုပ်ရှုပ်နေလေရဲ့... အတော်လေး ကြာတော့ အမျိုးသားက စိတ်တိုလာပါပြီ ရှင်းမယ်လို့ အသံကျယ်ကျယ်နဲ့ ထအော်ပါတယ်... အဲ့တော့မှာ ကဗျာကရာနဲ့ ဘာလုပ်ရမှန်းမသိလုပ်နေတယ်... ဒီကောင်တာမှာ ရှင်းလို့ မရဘူးလားလို့ မေးတော့မှ အင်းတဲ့ ဟိုဘက်ကောင်တာမှာ ရှင်းပါတယ်... ဒီပစ္စည်းတွေ ယူသွားရမှာလားဆိုတော့ အင်းတဲ့... အမျိုးသားလဲ စိတ်တိုပြီး မယူဘူး ဟိုဘက်ကောင်တာ လာပို့ ဆားဗစ်အရမ်းညံ့တယ်လို့ ပြောပြီး ဟိုဘက်ကောင်တာ ရောက်လာခဲ့ပါတယ်... ကောင်တာက လူတွေကလည်း စိတ်တိုနေမှန်းသိတော့ ငြိမ်ကုတ်နေတာပဲ... တာဝန်ကျ မန်နေဂျာ နာမည်ဘယ်သူလဲ မေးတော့ တယောက်မှ ပြန်မဖြေတဲ့အပြင် မသိချင်ယောင်တောင် ဆောင်နေကြပါတယ်... အဲ့တော့ စိတ်တိုတဲ့သူက ပိုဆိုးလာတာပေါ့... မီးလေးကတော့ အလိုက်သင့် အေးအေးဆေးဆေးပဲ တာဝန်ကျ မန်နေဂျာနဲ့ တွေ့ချင်တယ်လို့ ပြောတော့ ဘာကိစ္စရှိလို့လဲတဲ့... ကျွန်မတို့ Complaint ပြောချင်လို့ပါလို့လဲ ပြောရော မသိချင်ယောင်ဆောင်ပြီး ဆက်မပြောတော့ဘူး... အဲ့တော့ နေရင်းထိုင်ရင်း မီးလေးပါ ဒေါသထွက်လာတာပေါ့... ခုနက ကောင်တာက ၀န်ထမ်းကို နာမည်သွားမေးတယ်... သူဘာဖြစ်လို့လဲတဲ့ သူကုန်ပစ္စည်းစတော့တွေလုပ်နေလို့ မသိလိုက်တာပါတဲ့... မသိရအောင် စောင်ထားတာ အတော်ကြာနေပြီ သူ့ကောင်တာမှာ ရှင်းလို့ မရသေးရင် အစတည်းက လက်မခံထားနဲ့လေ... သူတို့ အချိန်ကျ ပြန်နိုင်ဖို့အတွက် ပြန်ချင်ဇောနဲ့ ဘေးက Customerတွေကို ဂရုမစိုက်တာ အလွန်တရာ အကျဉ်းတန်လှပါတယ်...
ဒါကြောင့် လူအများစုက City Mart, Ocean, Capital, East Point, North Pointတွေမှာ ကြိတ်ကြိတ်တိုးနေကြတာပေါ့.... Super One က ၀န်ထမ်းအများစု ဆက်ဆံရေးက တခြား စူပါစင်တာတွေထက် ဆက်ဆံရေးညံ့ပါတယ်... ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်တာတောင် မျက်နှာတွေက အမြဲ ဆူပုတ်နေတာပဲ... သိသိနဲ့ သွားဝယ်တဲ့ မီးလေးတို့ရဲ့ အမှားပါပဲ... ပြောနေရင် ပြီးမှာကို မဟုတ်တော့ပါဘူး... အခန့်သင့်စွာ အောက်ထပ်မှာ တာဝန်ခံနဲ့ တွေ့လို့ အကျိုးအကြောင်းပြောပြီး Complaint တင်ခဲ့ပါတယ်... တိုင်ချင်လို့ မဟုတ်ပါဘူး သူတို့လိုအပ်ချက်တွေ သိစေချင်လို့ ပြောချင်တာပါ... တိုင်ချင်ရင် သူတို့ Boss အန်တီစန်းနဲ့ မီးလေး အမျိုးသား ရင်းနှီးပါတယ်... တိုင်လို့ရတယ် ဒါပေမဲ့ တိုင်လိုက်တိုင်းမပြီးပါဘူး.. သူတို့လိုအပ်ချက်ကို သိမှ ပြင်ဖို့ အချိန်မှီမှာလေ... အဲ့ဒါပြောတာနဲ့ ဆိုလိုရင်းတောင် ပျောက်တော့မယ်... :P (လေနဲနဲရှည်သွားပြီ ဆက်ဦးမှ) မီးလေး အမျိုးသားက တအားစိတ်တိုနေပြီ အသားတွေ ဆတ်ဆတ်တုန်နေတယ်... ဂိုက်...ဂိုက်..ဂိုက်...ဂိုက် (မေးရိုက်သံ ;)...) (သူတို့ ပြောဆိုပုံ မျက်နှာအနေအထားက ကိုယ်တိုင်ကြုံတဲ့သူတွေ သိမှာပါ...)

ကို မီးလေးရှင်းလိုက်မယ် တခြားနေရာသွားနေလို့ ပြောလိုက်တော့ နေနေ ကို့ဘာသာ ရှင်းမယ်လို့ ပြောပြီး ကောင်တာမှာ ငွေရှင်းမယ်ဆိုပြီး အိတ်ထဲက ကဒ်တကဒ် ထုပ်ပေးလိုက်ပါတယ်... မီးလေး မျက်လုံးလည်း ပေးလိုက်တဲ့ ကဒ်ပေါ်မှာ မျက်လုံးအိမ် ပြူးကျယ်သွားတယ်... ရောက်နေတာက Super One ပေးလိုက်တဲ့ ကတ်က စိန်ဂေဟာကဒ် မီးလေးက တခွန်းတော့ ပြောလိုက်ပါတယ်... စကားက အပြည့်အစုံမထွက် ကို ကဒ် ကဒ်လို့... သူကလဲ မီးလေးကို ပေးထားလိုက်ပြီလို့ ပြန်ပြောတယ်... ကောင်တာက ၀န်ထမ်းတွေကလည်း မဟုတ်တဲ့ကတ်ကို ဘာလုပ်ဖို့ရယ် မသိ ယူထားလိုက်တယ်...
စလစ်ထွက်လာတော့မှ စလစ်နဲ့အတူ ကတ်တွေသုံးလို့ မရတော့ဘူးဆိုပြီး ပြန်ပေးတယ်... Super One ကတ်တွေ ပေးမသုံးတာ ကြာပြီလို့တော့ သိထားပါတယ်... ဒါပေမဲ့ စိန်ဂေဟာ ကတ်ကြီးလေ သူတို့လည်း မွန်ထူပြီး သေချာ မကြည့်မိတာ ထင်ပါရဲ့ ... ငွေရှင်းဖို့ စောင့်နေတယ်သူတွေကလည်း မီးလေးတို့ကိုပဲ ၀ိုင်းကြည့်နေကြတယ်...
မီးလေး အမျိုးသားက သူတို့လက်ထဲ ရောက်မှ စိန်ဂေဟာကဒ်မှန်း သိလိုက်တာလို့ နောက်မှပြန်ပြောပြပါတယ်... ဒါပေမဲ့ သူတို့ ယူထားတော့ ဘာဆက်လုပ်မလဲ စောင့်ကြည့် နေတာတဲ့လေ... သူတို့ကလည်း အယောင်ယောင် အမှားမှားနဲ့ ကဒ်တွေ သုံးလို့ မရတော့ဘူး
ပြောတယ် ကဲ...ကြည့်!!!
ကားပေါ် ရောက်တော့မှ စိတ်တိုနေတဲ့ ကို ဒေါသထွက်ပြီး ကတ်မှားပေးလိုက်တဲ့ အဖြစ်ကို ရီနိုင်ပါတော့တယ်... ခုချိန်ထိလည်း Super Oneမှာ စိန်ဂေဟာကတ်နဲ့ သုံးမလားလို့ နောက်ရင် အမြဲတမ်း အမှတ်တရနဲ့ ပြုံးနိုင်တဲ့ အမှတ်တရနေ့လေး တနေ့ဖြစ်ခဲ့ပါတယ်...
နွေးထွေးလုံခြုံတဲ့ ဘ၀ကို ပိုင်ဆိုင်ခွင့်ရတော့မှာမို့ ၀မ်းသာကြည်နူးမိပါတယ်...

ကျန်းမာပျော်ရွှင်ကြပါစေ
မီးလေး

1 comment:

မာန်လှိုင်းငယ် said...

မီးလေးရေ ... ဧည့်မှတ်တမ်း လာပေးသွားတယ်။ ပို့စ်ကောင်းတွေကို လာဖတ်ဖြစ်တယ်ဗျာ။ အဆင်ပြေချောမွေ့ပါစေ၊

မာန်လှိုင်းငယ်