Pages

Wednesday, September 1, 2010

ဖတ်လိုက်မိတဲ့ ခေါင်းစဉ်တပုဒ်

စာတွေ အရေးကျဲသွားတာ စာဖတ်သူအားလုံးနဲ့ ညီအစ်ကို မောင်နှမတွေကို ပထမဆုံး တောင်းပန်ပါရစေ...
ကိုနေသစ်ပြောသလို မင်္ဂလာရှိသွားလို့ မရေးဖြစ်တာ မဟုတ်ပါဘူး၊ ရေးဖို့ စိတ်ထဲရှိပြီး မရေးနိုင်ခဲ့တာပါ...
ဟိုတရက်က Snap Shot ဂျာနယ် တစ်စောင် ၀ယ်ဖတ်ရင်း ဖတ်လိုက်မိတဲ့ ခေါင်းစဉ်လေးကတော့ "သူခိုးလူပြန်ဟစ်သည့် ဖြစ်ရပ်များ ခေတ်စားနေ" ဆိုတဲ့ ခေါင်းစဉ်လေးကို သတိထားမိလိုက်တယ်... အဲ့ခေါင်းစဉ်ကို ဖတ်ရင်း ညီအစ်ကိုမောင်နှမတွေ စာဖတ်သူတွေကို မျှဝေပေးချင်တဲ့စိတ် ဖြစ်ပေါ်မိလို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ... Snap Shot ဂျာနယ်မှာ ပါတဲ့အတိုင်း ပြန်ဖောက်သည်ချပေးရရင်ဖြင့်...



ယခုတလော သူခိုးလူပြန်ဟစ်သည့်ဖြစ်ရပ်များ လူလိမ်လောကမှာ Hot ဖြစ်နေပါတယ်။ လူလိမ်တွေဟာ များသောအားဖြင့် အမျိုးသမီးများ ဖြစ်နေတတ်ပြီး အလိမ်ခံရသူတွေဟာ လူငယ်၊ လူလတ်ပိုင်းအမျိုးသား အများစုဖြစ်နေ ပြန်ပါတယ်။
လိမ်ပုံလိမ်နည်းလေးကတော့ ပိုက်ဆံအိတ်ခပ်ဖောင်းဖာင်းကို ကိုင်လာတာပဲဖြစ်ဖြစ် ခါးကြားထိုးလာတာပဲဖြစ်ဖြစ် ပိုက်ဆံအိတ်ပါလာတဲ့ အမျိုးသားဆီကို လိမ်မည့် အမျိုးသမီးက ကပ်သွားပြီး ပိုက်ဆံအိတ်ကို လုလိုက်ပြီး ပါးစပ်မှလည်း "ဟင် ဒါဘာလုပ်တာလဲ ကျွန်မပိုက်ဆံအိတ်ကို လွှတ်စမ်း"ဆိုပြီး အော်ပါသေးတယ်။ အဲ့ဒီအော်သံပေးလိုက်တာနဲ့ လူလိမ် အမျိုးသမီးနဲ့ အပေါင်းအပါတွေက ၀ိုင်းလာပါတော့တယ်။ ပိုက်ဆံအိတ်ပိုင်ရှင် အမျိုးသားလည်း ကိုယ့်ပစ္စည်းအမှန်ဖြစ်ပါလျက်နဲ့ ကြောင်အ အဖြစ် အီး အီး အဲ အဲဖြစ်နေတုန်း ထိုအမျိုးသမီးက ပိုက်ဆံအိတ်ယူပြီး လစ်သွားပါပြီ။ ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက "အဲဒီ့နေ့က လခထုတ်ရက်ဆိုတော့ ကျွန်တော့ ပိုက်ဆံအိတ်ထဲမှာ လေးသောင်းခွဲလောက်ပါပါတယ်။ ပိုက်ဆံအိတ်ကို ဘောင်းဘီနောက် အိတ်ထဲထည့်ထားမိတယ်။ ဆူးလေပွိုင့်နားရောက်တော့ အသက်(၃၀)၀န်းကျင်လောက် အမျိုးသမီးတစ်ယောက် ကျွန်တော့ ပိုက်ဆံအိတ်ကို ဆွဲယူလိုက်တယ်ဗျ။ ကျွန်တော်ပြန်လုတော့ သူက "ရှင်ဘာလုပ်တာလဲ ကျွန်မပိုက်ဆံအိတ်ကို လွှတ်စမ်း"လို့ အသံအကျယ်ကြီးနဲက အော်တော့ ကျွန်တော့ဘေးကို မိုက်ကန်းကန်းရုပ်နဲ့ လူတွေ ၀ိုင်းလာတယ်ဗျ။ ကျွန်တော်လည်း ကြောင်ပြီးပိုက်ဆံအိတ်ကို လွှတ်ပေးလိုက်မိတယ်။ ဘေးကလူတွေက မင်းဘာလဲညာလဲနဲ့ ၀ိုင်းဟောက်နေတုန်း အဲဒီ့မိန်းမလည်း ပိုက်ဆံအိတ်ယူပြီး လစ်သွားရော။ လုပ်စားနေကြတာဗျ။ အတော်ကြောက်ဖို့ကောင်းတယ်"လို့ ကြိတ်မနိုင် ခဲမရဖြစ်နေပုံနဲ့ ပြောပြခဲ့ပါတယ်။
ဒီအဖြစ်လေးကို နမူနာယူပြီး ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝိုင်းရိုက် မခံရစေဖို့ ရှိုးပြတာလည်း ကြည့်ပြပေါ့။ ပိုက်ဆံကိုလည်း လုံလုံခြုံခြုံသိမ်းထုပ်ပြီး အန္တရာယ်ကို ကာကွယ်ကြစေချင်ပါတယ်။   ( TT)

ဒီဆောင်းပါးကို ဖတ်ပြီးသူလည်း ရှိကြလိမ့်မယ်လို့ ထင်ပါတယ်... မဖတ်ရသေးတဲ့သူတွေအတွက် သတိနဲ့သွားလာနိုင်ဖို့ ဒီပို့စ်လေးကို ပြန်လည်ဖော်ပြခြင်းသာ ဖြစ်ပါတယ်... ကိုယ့်ခွန်ကိုယ့်အားနဲ့ ပင်ပင်ပန်းပန်းလုပ်ထားလို့ရခဲ့ လုပ်အားခကို အချောင်လိုချင်တဲ သူတွေ လက်ထဲမပါကြပါစေနဲ့လို့ ဆုတောင်းလျက်

ကျန်းမာရွှင်လန်းကြပါစေ
မီးလေး

1 comment:

နွေဆူးလင်္ကာ said...

သတိပေးတာ ကျေးဇူးပါ .. ခုမှရောက်တယ် ..