Pages

Saturday, December 31, 2011

Bye Bye 2011

ပျော်ရွှင်ရသော ၂၀၁၁
ဇန်န၀ါရီလ- မီးလေးတို့မိသားစု ကျိုက်ထီးရိုးဘုရားသွားခဲ့ကြပါတယ်... နှစ်စမှာ အရမ်း ကို ပျော်ရွှင်ခဲ့ရပါတယ်... မကြာခင် ရင်သွေးလေးရလာမှာ ဖြစ်တဲ့အတွက် အရမ်းလည်း ရင်ခုန်ခဲ့ရပါတယ်... မွေးလာမယ့် ကလေးဟာ ဘယ်လိုပုံလေးဖြစ်မလဲ? ဘယ်သူနဲ့ တူမလဲ? စတဲ့ မေးခွန်းပေါင်းများစွာနဲ့ စိတ်ကူးယဉ်နေခဲ့ပါတယ်...

မတ်လ - ၄ရက်နေ့ မီးလေးအတွက် ဘ၀မှာ အပျော်ဆုံးနေ့ထဲမှာ တရက် အပါအ၀င်ဖြစ်ခဲ့ပါတယ်... မီးလေးတို့ ဘ၀ထဲကို သားသားလေး စရောက်လာခဲ့လို့ပါပဲ...

ဧပြီလ - မီးလေးတို့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ထိုးခဲ့တာ ၁နှစ်တင်းတင်းပြည့်တဲ့ လ...
မေလ - မင်္ဂလာ ဧည့်ခံပွဲ ၁နှစ်ပြည့်တဲ့နှစ်၊ ဘာလိုလိုနဲ့ အိမ်ထောင်သက် ၁နှစ်ပြည့်ခဲ့ပါတယ်... တကယ့်ကို ခဏလေးလိုပါပဲ... ပျော်စရာတွေလည်း ရှိခဲ့တယ်၊ ၀မ်းနည်းစရာတွေလည်း ရှိခဲ့တယ်... စိတ်ချမ်းသာစရာတွေလည်း ရှိခဲ့တယ်၊ စိတ်ညစ်စရာတွေလည်း ရှိခဲ့တယ်... ဒါပေမယ့် သေချာတာက မီးလေးတို့ အရင်လို နှစ်ယောက်တည်း မဟုတ်တော့ဘူး ဆိုတာပါပဲ... မီးလေးအတွက် “ကို”ဟာ ကောင်းကင်၊ “သား”က လတစ်စင်းပါ...
ဇွန်လ - ဒီလက မီးလေးအတွက် အထူးခြားဆုံးလလို့ ဆိုရမှာ ဖြစ်ပါတယ်... မီးလေး ဖေဖေ နှစ်ပတ်လည် လလေးတစ်လဖြစ်သလို မီးလေး ကောင်းကင်ကို မွေးဖွားသန့်စင်ပေးတဲ့ လလည်းဖြစ်ပါတယ်... သြဂုတ်လ - မီးလေး ဘလော့ဂ်လေး လေးနှစ်ပြည့်တဲ့လ... (သရေခေတ္တရာ သွားခဲ့ကြ တာ ပြန်လည်အောက်မေ့မိပါတယ်... )

ထိတ်လန့်စရာများနှင့် ကြုံတွေ့ခဲ့ရသော ၂၀၁၁

နှစ်သစ်ကို အေးအေးဆေးဆေး ကြိုဆိုချင်ပေမဲ့ ထိတ်လန့်စရာတွေနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်...
လှည်းတန်း မီးပွိုင့်အနီး အများပြည်သူသုံး အိမ်သာမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်...
ချမ်းအေးတဲ့ ညတစ်ညမှာ မီးလောင်ရာက “၀ုန်း”ဆိုပြီး ပေါက်ကွဲသံနဲ့အတူ လူအများ သေခဲ့ကြရ၊ ထိခိုက်ဒဏ်ရာရကြ၊ အိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ကြ၊ မိသားစု တော်တော်များများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူတွေ စိတ်ထိခိုက် ၀မ်းနည်းကြေကွဲ ခဲ့ကြရပါတယ်...
ကြောက်စိတ်မပြယ်ခင်မှာပဲ မီးသတ်ကား ဥသြဆွဲသံတွေပဲ ကြားနေရပါတယ်... စိန့်အော်ဂတ်စတင်း မီးလောင်ပြန်ပြီတဲ့...
စိတ်ညစ်စရာတွေ၊ ထိခိုက်ဝမ်းနည်းကြေကွဲစရာတွေ၊ အားလုံးအားလုံးကို ၂၀၁၁ နှစ်ဟောင်းနဲ့အတူ သယ်သွားပါတော့... ၂၀၁၂ကို လူသားတိုင်း ပျော်ရွှင်စွာနဲ့ စတင်ပါရစေ၊ နှစ်တနှစ်ကို ဖြတ်ကျော်ရဦးမယ်... လူသားတိုင်းအတွက် စိတ်ဓာတ်ခွန်အားအပြည့်နဲ့ စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းရင်း

No comments: