စာဖတ်သူတွေနဲ့ မိတ်ဆက်ပေးချင်တာကတော့ Mozilla Firefox သုံးပြီး Website တွေကြည့်တဲ့အခါ Virus ပါလား Virus မပါလား အလွယ်တကူသိနိုင်အောင် လုပ်ပေးထားတဲ့ Feature လေးပါ။ သူကို WOT (Web of Trust) လို့်ခေါ်ပါတယ်။ သူ့ကို Add-on လေးမှာ install လုပ်ပြီးတဲ့အခါ Mozilla Firefox ကို restart လုပ်လိုက်ပါ ပြန်တက်လာတဲ့အခါ Site တွေ ဘေးမှာ မီးပွိုင့် အမှတ်အသားလို နီ၊ ၀ါ၊ စိမ်း comment တွေပြပေးပါလိမ့်မယ်။ အနီဆို လုံးဝ ဖွင့်မကြည့်ဘဲ အ၀ါ၊ အစိမ်းဆိုရင်တော့ စိတ်ချလက်ချ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
WOT ကို ဒီမှာ Download လုပ်ယူနိုင်ပါတယ်။
Blogger အားလုံး Virus ကင်းဝေးနိုင်ကြပါစေ.....
Monday, October 27, 2008
WOT
Labels:
softwares
Saturday, October 25, 2008
အချစ်နဲ့ အိမ်ထောင်ရေး
မီးလေး ဘလော့ဂ်အိမ်ကို မတက်ဖြစ်ခဲ့တာ ရက်ပိုင်း အတော်ကြာနေပါပြီ... မီးလေးရဲ့စက် format ချလိုက်တာရယ်၊ ကိုးနတ်ရှင်ရယ် (ခုတောင် connection ကျသွားမှာစိုးလို့ အသက်တောင်မရှုရဲဝူး... )ကြောင့် အိမ်လေးကို မလာဖြစ်ခဲ့ဘူး။ အိမ်ကို ပြစ်ထားရတာလည်း ကြာနေပြီ သွားကြည့်ဦးမှပဲလို့ဆိုပြီး အိမ်လေးကို တက်လိုက်တယ်ဆိုရင်ပဲ အားပါးပါးးးးးးး
“ခွန်မြလှိုင်: တက်ဂ် ထားကြောင်း လာအကြောင်း ကြားပါတယ် ညီမရေ.. အချိန်ရရင် ရေးပေးပါနော့” ဆိုပြီး တက်ဂ်ဂိမ်းလေးက ဆီးကြိုနေပါတယ်။ ခုတလော တက်ဂ်ဂိမ်းတွေ ပြန်ခေတ်စားလာပါတယ်။ တီတီခွန်မြလှိုင် တက်ထားတာက အချစ်အကြောင်း မီးလေးက အချစ်ကိစ္စနဲ့ ပတ်သက်လို့ သိပ်ပြန်မပြောပြတတ်ဘူးရှင့်။ ခံစားလို့တော့ရတယ်။ :P
အချစ်ဆိုတာ တခါတရံ ချိုမြိန်မှုတွေ ပေးတယ်....
တခါတရံ ခါးသည်းမှုတွေ ပေးတယ်....
တခါတရံ လွမ်းဆွေးမှုတွေ ပေးတယ်...
တခါတရံ ပျော်ရွှင်မှုတွေ ပေးပြန်ရော...
တခါတရံ အထီးကျန်မှုကိုပေးတယ်...
မြှားနတ်မောင် ဘာလုပ်နေလဲ?????
သူအိပ်ပျော်နေတယ်....
သူ့ကို နိုးပြီး ပြောပေးစမ်းပါ...
တယောက်ယောက်နဲ့ ဆုံခွင့်ရမယ်ဆိုရင်
ကျွန်မ သူနဲ့ပဲ ဆုံတွေ့ချင်တယ်....
တယောက်ယောက်နဲ့ ပျော်ရွှင်ခွင့်ရမယ်ဆိုရင်
ကျွန်မ သူနဲ့ပဲ ပျော်ချင်တယ်...
တယောက်ယောက်နဲ့ ချစ်ခွင့်ရမယ်ဆိုရင်
ကျွန်မ သူကိုပဲ ထာဝရ ချစ်ချင်တယ်....
တယောက်ယောက်နဲ့ လမ်းခွဲရမယ်ဆိုရင်
ဆယ်ခါပြန်သာ သေလိုက်မယ်
အဲဒီတယောက်က သူမဖြစ်စေရဘူး...
ဒီကဗျာလေးက မီးလေးအရမ်းကြိုက်ခဲ့တဲ့ ဘာသာပြန်ကဗျာလေးကို မီးလေးစိတ်ကူးနဲ့ ပေါင်းစပ်ပြီး ရေးသားထားတဲ့ ကဗျာလေးပါ။ မီးလေး အချစ်ဆိုတာကို သေချာတော့ နားမလည်ပါဘူး။ ဒါပေမဲ့ ဖြူစင်အေးမြတဲ့ အချစ်က ၅၂၈၊ ပူလောင်လွမ်းဆွေးရတဲ့ အချစ်က ၁၅၀၀လို့ ထင်ပါတယ်။
တချို့က ချစ်ခြင်းရဲ့ ပန်းတိုင်က အိမ်ထောင်ပြုခြင်းလို့ ယူဆကြပါတယ်။ အဲဒီယူဆချက်က မှားပါတယ်။ အချစ်တို့မည်သည် အမြဲတမ်း ဖြူစင်ခိုင်မာပါတယ်။ အဲဒီနောက်ဆက်တွဲက တဦးနဲ့ တဦး မေတ္တာမျှလာပြီ ဆိုရင် ရန်ဖြစ်တာ၊ စကားများတာ၊ တဦးနဲ့တဦး စိတ်သဘောထား မတိုက်ဆိုင်တာတွေ အတော်များများ တွေ့လာတတ်ကြပါတယ်။ အဲဒီအပေါ်မှာ တဦးနဲ့တဦး နားလည်ပေးမယ်၊ ညှိနှိုင်းကြမယ်၊ ကိုယ်မကြိုက်တာကို သူပြင်၊ သူမကြိုက်တာကို ကိုယ်ပြင်ကြမယ် ဆိုရင်တော့ အဆုံးမှာ သာယာတဲ့ မိသားစုဘ၀ကို ရနိုင်ပါတယ်။
မကောင်းမှန်းသိရက် ဇွတ်ယူပြီး နောက်မှာ ဒုက္ခတွေ ရောက်နေကြရတာတွေ အများကြီးတွေ့နေရပါတယ်။ မီးလေးတို့ လူ့ပတ်ဝန်းကျင်မှာ ခုခေတ် ခုခါမှာ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ အိမ်ထောင်သည် အများစုကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် အိမ်ထောင်ရေး စဉ်းစားတော့မယ်ဆိုရင် ပထမဦးဆုံး ကိုယ့်က တသက်လုံးသူနဲ့အတူ နေထိုင်နိုင်ပါ့မလား။ အိမ်ထောင်ရေးကို သာယာနိုင်ပါ့မလားဆိုတာ အရင်ဆုံး စဉ်းစားသင့်ပါတယ်။ ပြီးတော့မှ နောက်ဆက်တွဲက အချစ်ပေါ့ ငါသူ့ကို ချစ်ရောချစ်ရဲ့လား၊ မချစ်ဘူးဆိုရင်တော့ ချစ်ရောချစ်လာနိုင်ပါ့မလား။ နောက်ဆုံးတခုက စီးပွားရေး ငါအိမ်ထောင်ပြုပြီးရင် ငါ့မိသားစုကို ရှာဖွေကျွေးနိုင်တဲ့ အရည်အချင်းရှိရဲ့လား။
ဒီအချက်တွေက အရေးကြီးပါတယ်။ အိမ်ထောင်ပြုတဲ့အခါ အချင်းချင်း ညှိနိုင်းဆွေးနွေးချင်းက အရမ်းကို အရေးကြီးပါတယ်။ တယောက်ယောက်က အနိုင်ကျင့်ပါများရင် သည်းမခံနိုင်တဲ့အဆုံး လင်မယားကွဲ တတ်ပါတယ်။ တဦးနဲ့တဦး ပွင့်ပွင့်လင်းလင်းမရှိခဲ့ရင်လည်း ကြာလာတဲ့အခါ ပေါက်ကွဲလာတတ်ကြပါတယ်။ တယောက်နဲ့ တယောက် ဘယ်လောက်ကြီးချစ်လို့ပဲ ယူထားယူထား ကိုယ်နဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့ အခါ ကိုယ်နဲ့ သဘောထား တိုက်ဆိုင်တဲ့သူ တွေ့လာရင် လင်ငယ်၊ မယားငယ်ယူတတ်ကြပါတယ်။ နောက်တခုက စီးပွားရေး မပြေလည်တဲ့အခါ ရုန်းထွက်ချင်လာကြပါတယ်။ စီးပွားရေး အဆင်မပြေတော့ လူမှုရေးလေး အဆင်မပြေနိုင် နောက်ဆုံး အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ကြတာပါပဲ။
ဒီပို့စ်လေးကနေ မေးနေတဲ့ ညီမလေး ၀င်္ကပါအတွက် “ဝင်္ကပါ: မမီးလေးလည်း ပျော်စရာ သီတင်းကျွတ် လပြည့်နေ့လေးဖြစ်ပါစေနော်။ သူများတွေကိုတော့ ပြောနေတယ်။ အစ်မကျတော့ကော။”ပေါင်းပြီး ဖြေပေးလိုက်ပါတယ်။ အချစ်နဲ့ အိမ်ထောင်ရေးအကြား ကွာခြားနေသေးတာမို့ မီးလေးနဲ့ စိတ်သဘောထား တိုက်ဆိုင်မယ့်သူ၊ စိတ်ရှည်တဲ့သူ၊ ကိုယ့်အပေါ် သစ္စာရှိရှိနဲ့ ပေါင်းသင်းနိုင်မယ့်သူ တွေ့တဲ့တနေ့ စွံဦးမှာပေါ့... ဟီး ဟီး
Labels:
ဆောင်းပါး
Monday, October 13, 2008
သီတင်းကျွတ်
ဖောင်း...ဖောင်း...ဗျောင်း
ဗျောက်အိုးဖောက်သံတွေ လမ်းထဲမှာ ကြားနေရတယ်... ဗျောက်အိုးမဖောက်ရ ဆိုလည်း ဖောက်နေကြတာပါပဲ... ဗျောက်အိုး ဖောက်သံတွေနဲ့အတူ သီတင်းကျွတ်ရောက်ပြီဆိုတဲ့ အသိဝင်လာပါတယ်... မနက်ဖြန်ဆို သီတင်းကျွတ် လပြည့်နေ့ ရောက်ပြီလေ။ အိမ်ရှေ့မှာ မီးထွန်းဖို့ မီးဆိုင်းတွေ လိုက်ဆင်တယ်၊ မီးတော့ မီးပုံးလေးတွေ လိုက်ချိတ်တယ်။ မီးတွေ လိုက်ဆင်နေရင်း ယုဇနရဲ့ သီချင်းလေးကို သွားအမှတ်ရမိပါတယ်။
“သီတင်းကျွတ်ညလေးည စီပါတယ် လမ်းထဲမှာကွယ်.... မီးလေးတွေထွန်းတော့....” အသံမကောင်းဘူး မပြောနဲ့နော်။ အရင်တုန်းကတော့ ဒီသီချင်းလေးအတိုင်းပါပဲ ခုတော့ လမ်းထဲမှာ တချို့အိမ်တွေ မီးဆိုင်းတွေ၊ မီးပုံးတွေ ချိတ်ထားတာ တွေ့မြင်ရပါတယ်။ အရင်နှစ်တွေက လမ်းထဲမှာပါ စုပေါင်း မီးထွန်းပွဲတော်လုပ် ကြတယ်။ ဒီနှစ်မှာတော့ လမ်းတွေထဲကြည့်မယ်ဆိုရင် လမ်းပြည့်မဟုတ်တော့ဘဲ အချို့နေရာတွေသာ လမ်းမှာ ထွန်းကြတာ တွေ့ရပါတယ်။ ကြပ်တည်းလာတဲ့ စီးပွားရေးအခြေအနေတွေကြောင့် အလှူငွေကောက်တဲ့အခါ အပိုအလုပ်တွေ မလုပ်နိုင်ကြတော့တာရယ်၊ ဦးဆောင်ဦးရွက်ပြုမယ့်သူ မရှိတာရယ်၊ ၀ယ်ဆင်ဖို့အတွက် မီးပစ္စည်းတွေ ဈေးကြီးတာရယ် ထိုထိုသော အကြောင်းတွေကြောင့် အရင်နှစ်တွေကလို မလုပ်နိုင်ကြ တော့ဘူးလို့ သိရပါတယ်။
ကျွန်မတို့ အရင်က သီတင်းကျွတ်ရောက်ပီဆို ပျော်ကြပါတယ် ကျောင်းတွေလည်းပိတ်တယ်၊ လမ်းထဲမှာ မီးတွေ လိုက်ထွန်းကြတယ်၊ မိဘတွေကို ကန်တော့တယ် (မုန့်ဖိုးရတာကိုး)။ ဘယ်လမ်းမီးထွန်းတာ လှလဲဆိုတာ သူငယ်ချင်းတွေစုပြီးသွားကြည့်ကြတယ်။ ခုတော့ ကြည့်စရာလည်း မရှိတော့ပါဘူး။ အရင်က မီးပုံးပျံတွေ ကောင်းကင်ယံ ပလူပျံနေကြတော့ မီးရေးထင်းရေး တွေးပူကြရတယ်။ ခုဒီနှစ်မှာတော့ ကောင်းကင်ထက်က မီးပုံးပျံတွေကို လိုက်ရှာယူနေရတယ်။
သြော်...ဒါနဲ့ စကားမစပ် ဘလော့ဂ်ဂါ မမအပျိုကြီးတွေရော သီတင်းကျွတ်ပြီ မစားရဘူးလား။ စားဖို့ရှိလည်း ပြောကြပါဦး။ မီးလေးချစ်တဲ့ ဘလော့ဂ်ဂါ ကိုကို၊ မမ၊ ညီမလေး၊ မောင်လေး၊ သူငယ်ချင်းများ အားလုံး မနက်ဖြန် မှာကျရောက်မယ့် သီတင်းကျွတ်လပြည့်နေ့မှာ ပျော်စရာ သီတင်းကျွတ်လပြည့်နေ့လေး ဖြစ်ပါစေလို့ ဆုတောင်းလျှက်...
Labels:
ဆောင်းပါး
Sunday, September 28, 2008
For Hire
စာရေးသူမွေးနေ့ စက်တင်ဘာလ ၂၂ရက်နေ့မှာ ဘလော့ဂ်မိသားစုတွေကို ပါတီပွဲလေး လုပ်ပေးမယ်လို့ စဉ်းစားထားခဲ့ပေမဲ့ ကိုးနတ်ရှင်မကောင်းတာရယ်၊ မအားတာရယ်ကြောင့် မတင်ဖြစ်ခဲ့ပါဘူး။ စာရေးသူနဲ့ မွေးလတူ ဘလော့ဂ်ဂါများကတော့ အိပ်မက်တောအုပ်ထဲက ကိုနေသစ်၊ ကိုနတ်သျှင်နောင်တို့ ဖြစ်ပါတယ်။ ဘလော့ဂ်အိမ်လေးကိုလည်း ပြစ်ထားခဲ့တာ ရက်အနည်းငယ်လည်း ကြာနေပါပြီ။ ဒီနားဖြစ်တဲ့ကြားမှာ မြင်မြင်သမျှတွေကို ကုန်ကြမ်းအဖြစ် သိမ်းဆည်းထားပါတယ်။ ခုတင်ပြချင်တာက Taxi ကားပေါ်တွေမှာ တွေ့ရတတ်တဲ့ For Hire ဆိုတဲ့ စကားစုလေးအတွက်ပါ။ for hireဆိုတာက စင်းလုံးငှားကားလို့ အဓိပ္ပာယ်ဖွင့်ဆို နိုင်ပါတယ်။
စာရေးသူ မြို့ထဲသွားဖို့ ကားငှားလိုက်ပါတယ်။ ကမ္ဘာအေးဘုရားလမ်းကနေ မြို့ထဲကို ကားငှားတာ ၂၀၀၀နဲ့ ဈေးတည့်ပီး ကားပေါ်တက်လိုက်သွားတယ်။ ရှေ့နားကျတော့ လူတယောက် ကားလှမ်းတားတာ မြင်လိုက်တယ်။ ရပ်လိုက်တယ် ပီးတော့ သူတို့အချင်းချင်း ဈေးညှိပြီးတင်လိုက်တယ်။ နောက်တနေရာ ရောက်ပြန်တော့လည်း ဒီလိုပဲ။ စာဖတ်သူတို့ စဉ်းစားကြည့် ပါဦး။ အမြန်ရောက်ချင်လို့ ပိုက်ဆံအကုန်ခံပြီး Taxi ငှားစီးပါတယ်။ မြို့ထဲ မရောက်မချင်းကို တင်လို့မဆုံးဘူး။ အမှန်ဆို အရင်ဆုံးငှားတဲ့ ခရီးသည်ရဲ့ ခွင့်ပြုချက်တောင်းခံသင့်ပါတယ်။ လမ်းကြုံလို့ ကျွန်တော်တင်ချင်တယ် ခင်ဗျား အဆင်ပြေနိုင်မလား မေးတော့ ဘာဖြစ်မှာမို့လဲ။ အဲဒါနဲ့ ပြီးသွားရော နောက်တခါ ငှားတော့လည်း ဒီလိုပဲ လမ်းမှာ ခရီးသည်တင်တယ်။ အဲလို လေးငါးခါ ကြုံလာရတော့ သူတို့ For Hire ဆိုတဲ့ ဘုတ်ကို သွားဖြုတ်ချင်လာတယ်။
သူတို့ ကားဆွဲမကောင်းဘူး အုံနာခတောင် မနည်းဆွဲနေကြရတာ နားလည်ပါတယ်။ သူတို့ ခရီးသည်ရတုန်း တင်ချင်မှာပေါ့။ ဒါပေမဲ့ ပါလာတဲ့ ခရီးသည်ကို အားနာသင့်တယ်လေ။ ခရီးသည်ခွင့်ပြုမှလုပ်တော့ ခရီးသည်လည်း စိတ်ချမ်းသာတယ်။ သူတို့လည်း ပိုက်ဆံပိုရတယ်။ ခုနောက်ပိုင်း BAK(Central) Shopping Centre ရဲ့ မျက်နှာချင်းဆိုင် ကားပါကင် ၀န်းအပြင် ဘက်မှာ Taxi တွေ ရပ်ထားပြီး “ယုဇနဥယျာဉ်၊ ယုဇနဥယျာဉ် ၂ယောက်ရသေးတယ်”လို့ ကားဆရာက အော်နေတယ် ကားထဲကြည့်လိုက်တော့ ၂ယောက်ထိုင်နေတယ်။ လိုင်းကားသာသာဖြစ်နေပြီ။ For Hire ဖြစ်ဦးမှာလား ????????
စာဖတ်ပရိတ်သတ်ကြီးရော ဘယ်လိုထင်ပါသလဲ ကွန်ပွတ်ခဲ့ပါနော်....
စာရေးသူ မြို့ထဲသွားဖို့ ကားငှားလိုက်ပါတယ်။ ကမ္ဘာအေးဘုရားလမ်းကနေ မြို့ထဲကို ကားငှားတာ ၂၀၀၀နဲ့ ဈေးတည့်ပီး ကားပေါ်တက်လိုက်သွားတယ်။ ရှေ့နားကျတော့ လူတယောက် ကားလှမ်းတားတာ မြင်လိုက်တယ်။ ရပ်လိုက်တယ် ပီးတော့ သူတို့အချင်းချင်း ဈေးညှိပြီးတင်လိုက်တယ်။ နောက်တနေရာ ရောက်ပြန်တော့လည်း ဒီလိုပဲ။ စာဖတ်သူတို့ စဉ်းစားကြည့် ပါဦး။ အမြန်ရောက်ချင်လို့ ပိုက်ဆံအကုန်ခံပြီး Taxi ငှားစီးပါတယ်။ မြို့ထဲ မရောက်မချင်းကို တင်လို့မဆုံးဘူး။ အမှန်ဆို အရင်ဆုံးငှားတဲ့ ခရီးသည်ရဲ့ ခွင့်ပြုချက်တောင်းခံသင့်ပါတယ်။ လမ်းကြုံလို့ ကျွန်တော်တင်ချင်တယ် ခင်ဗျား အဆင်ပြေနိုင်မလား မေးတော့ ဘာဖြစ်မှာမို့လဲ။ အဲဒါနဲ့ ပြီးသွားရော နောက်တခါ ငှားတော့လည်း ဒီလိုပဲ လမ်းမှာ ခရီးသည်တင်တယ်။ အဲလို လေးငါးခါ ကြုံလာရတော့ သူတို့ For Hire ဆိုတဲ့ ဘုတ်ကို သွားဖြုတ်ချင်လာတယ်။
သူတို့ ကားဆွဲမကောင်းဘူး အုံနာခတောင် မနည်းဆွဲနေကြရတာ နားလည်ပါတယ်။ သူတို့ ခရီးသည်ရတုန်း တင်ချင်မှာပေါ့။ ဒါပေမဲ့ ပါလာတဲ့ ခရီးသည်ကို အားနာသင့်တယ်လေ။ ခရီးသည်ခွင့်ပြုမှလုပ်တော့ ခရီးသည်လည်း စိတ်ချမ်းသာတယ်။ သူတို့လည်း ပိုက်ဆံပိုရတယ်။ ခုနောက်ပိုင်း BAK(Central) Shopping Centre ရဲ့ မျက်နှာချင်းဆိုင် ကားပါကင် ၀န်းအပြင် ဘက်မှာ Taxi တွေ ရပ်ထားပြီး “ယုဇနဥယျာဉ်၊ ယုဇနဥယျာဉ် ၂ယောက်ရသေးတယ်”လို့ ကားဆရာက အော်နေတယ် ကားထဲကြည့်လိုက်တော့ ၂ယောက်ထိုင်နေတယ်။ လိုင်းကားသာသာဖြစ်နေပြီ။ For Hire ဖြစ်ဦးမှာလား ????????
စာဖတ်ပရိတ်သတ်ကြီးရော ဘယ်လိုထင်ပါသလဲ ကွန်ပွတ်ခဲ့ပါနော်....
Labels:
ဆောင်းပါး
Saturday, September 27, 2008
လူမဟုတ်သောသူများ
စာရေးသူ ဘလော့ဂ်အိမ်လေးကို မလာဖြစ်တာ အတော်ကြာပါပြီ... ကိုးနတ်ရှင် ကောင်းကောင်းမရတာကြောင့် သူငယ်ချင်းတွေ ဆီလည်း မရောက်ဖြစ်ပါဘူး။ ခုတလော ပေါက်ကွဲမှုတွေကလည်း ကြားနေရတော့ စာရေးသူလမ်းသွားရင် ခြေထောက်တွေ ယားနေတယ်။ ဘယ်နေရာက ထပေါက်မလဲ၊ ဘယ်အချိန် ထပေါက်မလဲဆိုတဲ့ စိုးရိမ်မှုက ရှိနေခဲ့ပါတယ်။ မီးလေးလိုပဲ တော်တော်များများ စိုးရိမ်နေကြပါတယ်။ မသွားမဖြစ်လို့သာ သွားနေကြရတာ ဘယ်သူမှ မသွားချင်ကြဘူး။
စာရေးသူ တခုတော့ ပြောချင်ပါတယ်။ စာရေးသူက နိုင်ငံရေးသမားမဟုတ်ပါ။ စာရေးသူတို့ ရပ်ကွက်၊ မြို့နယ်၊ တိုင်း၊ ပြည်နယ်၊ နိုင်ငံအားလုံးတို့မှာ အေးချမ်းစေချင်ပါသည်။ ဖောက်ခွဲရေးသမားများ အသိဥာဏ်မဲ့ မဆင်မခြင် ပြုလုပ်ခြင်းကြောင့် အပြစ်မဲ့ လုပ်သားပြည်သူများ များစွာထိခိုက်နစ်နာစေပါသည်။ အကယ်၍ ထိခိုက်နစ်နာသူများတွင် ၄င်းတို့၏ မိဘ၊ ဆွေမျိုး၊ ညီအစ်ကို မောင်နှမများပါခဲ့လျှင် မည်သို့ခံစားရမည်နည်း။ ဘယ်သူဘာဖြစ်ဖြစ် ငတေမာရင်ပြီးရောဆိုပြီး လုပ်ချင်သလို လုပ်နေကြတာ အဓိပ္ပာယ်ရော ရှိရဲ့လား။ စာရေးသူတို့နိုင်ငံသည် မင်းမဲ့တိုင်းပြည်မဟုတ်ပါ။ ထိုသို့သော အကြမ်းဖက် သမားများအား အမြန်ဆုံးဖော်ထုတ် အရေးယူပေးကြပါ။ ၄င်းဖောက်ခွဲရေးသမားများ၏ ရန်ကြောင့် အပြစ်မဲ့ ပြည်သူများ ကြောက်လန့်နေကြရပါသည်။ အပြင်သွားတဲ့သူ ကလည်း ဘယ်နား ဘာဖြစ်မလဲဆိုတာ တထိတ်ထိတ်၊ အိမ်မှာ နေတဲ့သူကလည်း ကောင်းကောင်းမွန်မွန်မှ ပြန်လာနိုင်ပါ့မလား။ ပေါက်ကွဲမှု သတင်းကြားတာနဲ့ အိမ်က မိသားစုက အပြင်သွားတဲ့သူ ပြန်မရောက်မလာမချင်း တမျှော်မျှော်ဖြစ်နေရပါသည်။ ပြန်လာတာ မြင်တော့မှ ရင်အေးကြရသည်။
အကြမ်းဖက်သမားများအား လူဖြစ်ပြီး လူမဟုတ်သောသူများဟု စာရေးသူထင်ပါသည်။ လူဆိုလျှင် ထိုသို့ လုပ်ရပ်မျိုး လုပ်မည် မဟုတ်။ လူဆိုလျှင် ထိုသို့ ခိုးကြောင်ခိုးဝှက်မလုပ်ပါနဲ့။ ထိုလုပ်ရပ်မျိုးကို ဘုရားလည်း မကြိုက်ပါ။
Labels:
သတင်း
Monday, September 15, 2008
အဝေးသင် စာမေးပွဲအချိန်ဇယား
ယနေ့ထုတ် ကြေးမုံသတင်းစာမှာ အဝေးသင်စာမေးပွဲ အချိန်ဇယား ဖတ်လိုက်ရလို့ အဝေးသင် ကျောင်းသား/ သူများအတွက် ပြန်လည်ကူးယူ တင်ပြလိုက်ပါတယ်။
၂၀၀၈ခုနှစ် ပညာသင်နှစ် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေး အဝေးသင် တက္ကသိုလ်တို့၏ အနီးကပ် ပို့ချသင်တန်းနှင့် အတန်းတင်စာမေးပွဲများကို
ပထမအသုတ်
သင်တန်းနှစ်
ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်
အထူးပြု
သိပ္ပံအထူးပြုများအားလုံး
စာမေးပွဲကျင်းပမည့်ရက်
၆-၁၀-၂၀၀၈ မှ ၁၃-၁၀-၂၀၀၈ထိ
ဒုတိယအသုတ်
သင်တန်းနှစ်
ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်
အထူးပြု
အင်္ဂလိပ်စာ၊ ပထ၀ီဝင်၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဥပဒေပညာ
ဥပဒေပညာ(စတုတ္ထနှစ်)
အနီးကပ်သင်တန်း ပို့ချမည့်ရက်
၁၅-၁၀-၂၀၀၈ မှ ၂၄-၁၀-၂၀၀၈ထိ
စာမေးပွဲကျင်းပမည့်ရက်
၂၈-၁၀-၂၀၀၈ မှ ၄-၁၁-၂၀၀၈ထိ
တတိယအသုတ်
သင်တန်းနှစ်
ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်
အထူးပြု
မြန်မာစာ၊ မြန်မာမှု၊ ရသစာပေ၊ သမိုင်း၊ စီးပွားရေးပညာ၊ ပြည်သူ့ရေးရာ၊ အိမ်တွင်းစီးပွား၊ စီးပွားစီမံ
အနီးကပ်သင်တန်း ပို့ချမည့်ရက်
၇-၁၁-၂၀၀၈ မှ ၁၇-၁၁-၂၀၀၈ထိ
စာမေးပွဲကျင်းပမည့်ရက်
၂၁-၁၁-၂၀၀၈ မှ ၂၉-၁၁-၂၀၀၈ထိ
စာမေးပွဲကို အခက်အခဲမရှိ အောင်မြင်စွာဖြေဆိုနိုင်ကြပါစေ။
Labels:
သတင်း
Sunday, September 14, 2008
အိပ်စရာရှားလို့
ကိုယ့်ပုံကိုယ် လာရွေးကြနော်... ဓာတ်ပုံဖိုး မယူဘူး အလကားကိုပေးတာ...
အိပ်နေလိုက်တာ ကြည့်ပါဦး...
ဇက်လည်း ကျိုးပါဦးမယ်...
ဒီနေရာလေးဆို မဆိုးဘူး...
အိုက်တင်လေးက မိုက်တယ်ကွာ... လက်လေးတချောင်းတောင် ထောက်လိုက်သေး...
ကားပေါ်တောင် အလွတ်မပေးဘူး...
အရပ်ရှည်ရှည်နဲ့က ဘယ်သူများပါလိမ့်...
အိုးမိုင်ဂေါ့လ်... အတော့်ကို အိပ်ရေးပျက်နေပုံပဲ
ပြုံးပျော်နိုင်ကြပါစေ...
Labels:
ဟာသ
Thursday, September 11, 2008
ဇီးဖြူသီး ဇကောထဲထည့်လှိမ့်မယ်
ဒီနေ့ စာရေးသူ သင်တန်းကနေ ဒိုင်နာကားစီးပြီး ပြန်လာပါတယ်။ ဒိုင်နာကားတွေ ပြိုင်မောင်းတာ ကြောက်စရာပါ ခုရက်ပိုင်းအတွင်း ယာဉ်တိုင်မှုတွေ နေ့တိုင်းလို ကြားနေရပါတယ်။ ၂ရက်နေ့က ယာဉ်တိုက်မှုမှာ လူတဦး ပွဲချင်းပြီး သေခဲ့ပါတယ်။ ၃ရက်နေ့မှာ လူလေးဦးကို တိုက်ခံရပါတယ်။ ကားအချင်းချင်း ငြိကြပါတယ်။ စည်းကမ်းမဲ့ မစဉ်မဆင် မောင်းနှင်မှုကြောင့် လူအချို့ အသက်ဆုံးရှုံးကြရသလို၊ ထိခိုက်ဒဏ်ရာ ရကြလို့ အလုပ်မသွားနိုင်၊ ကျောင်းမတက်နိုင် ဖြစ်ကြရပါတယ်။ ကားနှစ်စီးပြိုင်လာပြီဆို အလုအယက် မောင်းနေလိုက်ကြတာ ကားပြိုင်ပွဲ ရောက်နေလား အောက်မေ့ရပါတယ်။
ယာဉ်တိုက်မှုအများစုက ဒိုင်နာကားတွေပဲ ဖြစ်ကြပါတယ်။ ကားအချင်းချင်းတိုက်ပြီဆို ကြည့်လိုက် ဒိုင်နာ၊ လူနဲ့တိုက်မိပြန်ပြီဆို ကြည့်လိုက် ဒိုင်နာနဲ့ တော်တော်လေးကို ပွဲတောင်းနေပါတယ်။ စာရေးသူ အမြင်မှာတော့ ဒိုင်နာကားတွေက အရမ်းမောင်းကြလို့လို့ ထင်ပါတယ်။ ဒီလထဲမှာ ကားနှစ်စီးပြိုင်မောင်းလို့ သွားနေကြ လမ်းမဟုတ်ဘဲ တခြားရပ်ကွက်ထဲရှိ လမ်းတွေထဲ ဖြတ်မောင်းတာ စာရေးသူကြုံတာ နှစ်ခေါက်ရှိပြီ။ သူတို့ကတော့ ခရီးသည်တွေ လိုရာခရီး မြန်မြန်ရောက်တာပေါ့လို့ ပြောစရာရှိတယ်။ မြန်မြန်မရောက်လည်းနေပါ အေးအေး ချမ်းချမ်းနဲ့ ပြန်ရောက်ဖို့ပဲ လိုပါတယ်။
ကားပေါ်မှာလည်း ရွတ်လိုက်တဲ့ ဘုရားစာ ရသမျှလည်း ကုန်ပြီ။ ကျောက်မြောင်းမှာ ကွေ့လိုက်တော့ စလစ်ဖြစ်သွားသေးတယ်။ ဘရိတ်မိပေလို့သာပေါ့ နို့မဟုတ် အိမ်တောင် ပြန်ရောက်ပါ့မလားမသိဘူး။ ကားပေါ်မှာ ပါလာတာ လူလို့တောင် ထင်ရဲ့လားမသိပါဘူး။ ဇီးဖြူသီး ဇကောထည့်လိမ့်သလိုပဲ ဇီးဖြူသီး ထည့်လိမ့်တာတောင် သက်သာဦးမယ်။ လိုရာမှတ်တိုင်ရောက်ဖို့ ဆုတောင်းယူရတယ်။ ကားစီးနေရင်း ဟိုတလောက ဖတ်ရတဲ့ ဟာသလေး တခုသွားအမှတ်ရမိပါတယ်။ အဖြစ်က ဒီလို...
ငရဲပြည်၌ ဆရာတော်တပါးနှင့် ကားဆရာ တစ်ဦးအား ယမမင်းက စီရင်ချခန်းမှာ ကားဆရာကို နတ်ပြည်သို့ ပို့ပြီး ဆရာတော်ကို ငရဲကျခံစေပါတယ်။ ဒီစီရင်ချက်ကို မကျေနပ်တဲ့ ဆရာတော်က ခုလို မေးလိုက်ပါတယ်။
ဆရာတော် ----- ဆရာတော်က နေ့စဉ်နေ့တိုင်း တရားဟောပြောပြီး ကျင့်ကြံအားထုတ်လို့ အကုသိုလ်အလုပ်ကို မလုပ်ခဲ့ပါဘူး။ ဘာလို့ ဆရာတော်က နတ်ပြည်မသွားရဘဲ ကားဆရာက နတ်ပြည်သွားရတာလဲ...
ယမမင်း ----- အရှင်ဘုရား တရားဟောတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဆရာတော် တရားဟောနေစဉ်မှာ တရားနာ ပရိတ်သတ်တွေက အိပ်ငိုက်နေကြပါတယ်။ ကားဆရာက ကားမောင်းတဲ့အခါမှာ နောက်ကပါလာတဲ့ ခရီးသည်တွေက ဘုရားစာရွှတ်ပြီး လိုက်ပါလာကြရပါတယ်။ ဒါကြောင့် ကားဆရာက ဘုန်းကြီးထက် ပိုပြီး ကုသိုလ်ပိုရလို့ နတ်ပြည်သွားရတာပါတဲ့လေ....
ကဲ..... ကောင်းရောပေါ့
တွေးပြီး ပြုံးနိုင်ကြပါစေ.......
Labels:
ဆောင်းပါး
Monday, September 1, 2008
အတ္ထုပတ္တိဂိမ်း
အိုး...မိုင်ဂေါ့လ်
မီးလေး ဘလော့ဂ်အိမ်လေး မရောက်တာ ဘယ်လောက်တောင် ကြာသွားပြီလဲမသိ...
စာမေးပွဲကလည်း နီးနေတော့ အသွားအလာတွေ ရှော့နေရတယ်...
ဘလော့ဂ်အိမ်လေးကို ရောက်တယ်ဆိုရင်ပဲ စီပုံးထဲမှာ “ဂစ်...ဂစ်...ဂစ်...ဂစ်” တက်နေပြီ လုပ်ကြပါဦးဗျို့...
မဟုတ်မှလွဲရော ဒီအရွယ်တက်နေရင် ၀က်ရူးပြန်ရောဂါရှိလို့ ဖြစ်ရမယ်...
အမြန်မြန်သော့ရှာပြီး လက်ကို ကြေးသော့နဲ့ ခတ်လိုက်တော့မှာ ဟင်းဆို ကျသွားတယ်...
တက်နေတဲ့ သူက စာဖတ်သူတို့ ဘယ်သူမှတ်လဲ မီးလေးနဲ့ နာမည်ဆင်တူတဲ့ ကောင်မလေး...
သူ့နာမည်က မီးငယ်တဲ့... (ညီမလေးရေ အပျော်ပါ နောက်တာနော်... စိတ်ဆိုးရ၀ူး... ပြောချင်တာလည်း ပြောပြီးပြီ :D)
အဲနောက်ပြီး အော်ထားတာရှိသေးတယ် သူမtagထားတာ မရေးပေးရင် ကူညီမဲ့သူမရှိ ဖြစ်မှာတဲ့လေ...
ဒီတော့လည်း မီးလေးတို့ မရှောင်သာတော့ပီပေါ့... (ကိုယ်ကအမြဲ ကူညီလိုနေတာလေ...)
ကဲ ဒီတော့လည်း ကိုယ့်ရဲ့ အတ္ထုပတ္တိလေး ဖြည်ရတာပေါ့... Tagရောဂါပိုး ပြန်လည်ဝင်ရောက်လာပြီမို့ သတိသာ ထားကြပေတော့...
ကိုယ့်ရဲ့နာမည် ---------- မီးလေး
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ---------- အီကြောင် (အကြောင်ရိုက်တတ်လို့ :D ဟော.... မီးငယ် သူလုပ်မှပဲ ပေါ်ကုန်ပီ :P)
ကိုယ်ဒီမှာနေတယ် ---------- မြေကြီးပေါ်ဆောက်တဲ့အိမ် (အဲဒီအိမ်မှ မနေရင် နေစရာမရှိ...)
ကိုယ့်ဆီဖုန်းဆက်ချင်ရင် ---------- ၀၉-၉၉၉၉၉၉၉(ကိုယ်လိုချင်တဲ့ ဖုန်းနံပါတ် ဟီ..ဟိ)
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက-
အရောင်ဆိုရင် ---------- မိုးပြာရောင် (ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ် ထင်ရလို့)
အ၀တ်အစားဆိုရင် ---------- ရှပ်အင်္ကျီ၊ စပို့ရှပ်၊ ဂျင်းဘောင်းဘီ (၀တ်ရတာ ပေါ့ပါးပြီး လုံခြုံမှုရှိလို့... ကပ်ကြွားတာ)
အစားအစာဆိုရင် ---------- ကြေအိုး(YKKO)၊ ကြက်ဆီထမင်း(ကုံးထက်)၊ နှင်းပုလဲရေခဲမုန့်(ကုံးထက်)၊ ၀က်သားဒုတ်ထိုး(ဘာဖြစ်ဖြစ် အကောင်လိုက် မောင်းသွင်း :D)၊ အာပူလျှာပူ(မင်းလမ်း)၊ ရေခဲမုန့်ကျော်(Million Coin)….(ရွှတ်... ရေးရင်းနဲ့ သွားရည်တောင်ကျလာပြီ၊ ဒါတောင် အကုန်မပါသေးဝူး)
ပစ္စည်းဆိုရင် ---------- Dolls
သီချင်းဆိုရင် ---------- နားထောင်ရသမျှအကုန်ကြိုက် ဟီး
စာရေးစာဆရာ ---------- စာရေးသူမှန်သမျှ အကုန်ကြိုက်
စာအုပ် လမ်းမှာကျနေတဲ့ စာက္ကူစုတ်တောင် ကောက်ဖတ်
Life style ---------- ပျော်အောင်နေတယ်
ကိုယ့်ရဲ့ဝါသနာ ---------- စာရေးခြင်း
အလိုချင်ဆုံးလက်ဆောင် ---------- စစ်မှန်တဲ့ခင်မင်မှု
ကိုယ့်ရဲ့ အချစ်ဆုံးသူက ---------- ကိုယ်ကိုယ်တိုင် (အရေးပေါ်ကြုံလာရင် ကိုယ်အသက်ရှင်ဖို့ အရင်ဆုံး ကြိုးစားရလို့ပါ နောက်မှသာ ကျန်တဲ့သူကို သတိရတတ်တဲ့ လူ့သဘာဝမို့ပါ :P)
ကိုယ့်ရဲ့ အလေးစားဆုံးသူက ---------- ဖေဖေနဲ့ မေမေ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ---------- စိတ်သဘောထား
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ---------- မိမိခန္ဓာ (ကိုယ်က ညမအိပ်ဘဲနဲ့ စာတွေထိုင်လုပ်နေရင် ခန္ဓာကိုယ်က နားချင်တာတောင် သူက သည်းခံပေးတယ်လေ)
ကိုယ့်ရဲ့ အမုန်းဆုံးသူက ---------- မျက်စိ (စာဖတ်မယ်ဆို အလိုလို အိပ်ချင်လာတယ် ဘာရောဂါမှန်းကို မသိဘူး)
ရင်အခုန်ဆုံးအချိန် ---------- အောင်စာရင်းထွက်တဲ့အချိန်
အကြောက်ဆုံးအချိန် ---------- တယောက်တည်းရှိနေတဲ့အချိန်
အပျော်ဆုံးအချိန် ---------- မျှော်မှန်းထားသလို ဖြစ်မလာတဲ့အခါ
အမှတ်တရနေ့ ---------- ၁၂.၆.၂၀၀၆-၈ ၊ ၂၂.၆.၂၀၀၆-၇
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု ---------- ဘ၀ဆက်တိုင်း ဆက်တိုင်း စာမေးပွဲတွေနဲ့ မတိုးရပါလို၏
အချစ်ဆိုတာ ---------- နွားနို့ရောင်းတဲ့ ချစ်တီး :P
အမုန်းဆိုတာ ---------- ကျော်သူစိုး (သူက အမုန်းများစွာအတွက် သီချင်းကို ဆိုထားတာလေ … :P)
အလွမ်းဆိုတာ ---------- မသိဘူးလား... ၀က်သားရောင်းတဲ့ တရုတ်မလေ
သံယောဇဉ်ဆိုတာ---------- ချည်မိရင် ဖြည်မရတဲ့နှောင်ကြိုး
ဘ၀ဆိုတာ ---------- နေတတ်ရင် ကျေနပ်စရာပါ
သူငယ်ချင်းဆိုတာ ---------- အနိုင်ကျင့်ဖို့... :P
ချစ်သူဆိုတာ ---------- ခိုင်းစားဖို့...
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် ---------- ဝေဖန်ပေးကြပါဗျို့
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ---------- ပစ်တိုင်းထောင်လိုနေမယ်
အပြောချင်ဆုံးစကားတစ်ခွန်း ---------- Always Keep Smiles Your Face. :P
ကဲ ကိုယ်က သူများtagတာ ဖြေပြီးပြီဆိုတော့ ဒီတခါ သူများကို ပြန်tag အလှည့် မျက်ခုံးသာ လှုပ်ပေတော့...
ကိုင်း...လာလေရော့
ကိုပီကေ
ကိုအောင်မျိုးဟန်
မမီ
လင်း
ညလေး
Tag ကိုဖြေပေးတဲ့သူ ဒီဝါကျွတ်မှာ မြန်မြန်စွံပြီး အပျိုကြီး/လူပျိုကြီး ဘ၀က ကျွတ်ပါစေ...
မရေးပေးတဲ့သူက တသက်လုံး အပျိုကြီး/ လူပျိုကြီး ဖြစ်မှာဗျ...
Labels:
tag အဖြေ
Subscribe to:
Posts (Atom)
။”ပေါင်းပြီး ဖြေပေးလိုက်ပါတယ်။ အချစ်နဲ့ အိမ်ထောင်ရေးအကြား ကွာခြားနေသေးတာမို့ မီးလေးနဲ့ စိတ်သဘောထား တိုက်ဆိုင်မယ့်သူ၊ စိတ်ရှည်တဲ့သူ၊ ကိုယ့်အပေါ် သစ္စာရှိရှိနဲ့ ပေါင်းသင်းနိုင်မယ့်သူ တွေ့တဲ့တနေ့ စွံဦးမှာပေါ့... ဟီး ဟီး






