Pages

Friday, July 3, 2009

A/H1N1 ရန်ကုန်မြို့သို့ ရောက်လာခြင်း

စင်ကာပူနိုင်ငံမှ ပြန်လာသော အသက်(၁၃)နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးတွင် A/H1N1 ပိုးတွေ့ရှိရသဖြင့် ဆေးရုံတင် ကုသထားရကြောင်း သက်ဆိုင်ရာမှ ဇွန်လ(၂၇)ရက် စနေနေ့တွင် ထုတ်ပြန်ကြေငြာသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့လူတုပ်ကွေးရောဂါပိုးရှိသော အသက်(၁၃)နှစ် အရွယ်ရှိ ကျောင်းသူမိန်းကလေးမှာ ဇွန်လ(၁၆)ရက်၊ သောကြာနေ့က အခြားခရီးသည် (၉၁)ဦးနှင့်အတူ စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့သို့ ရောက်ရှိပြီးနောက် စာဖတ်ဝိုင်းသို့ သွားသည့်အခါ မိန်းကလေးမှာ ချောင်းဆိုးနေသဖြင့် သက်ဆိုင်ရာ ဆရာမက သတိပြုမိပြီး ည(၉)နာရီ အချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မိဘများက ပို့ပေးခဲ့ရာ၊ ဆေးရုံမှ စစ်ဆေးကြည့်ရှုရာ၌ လူနာတွင် A/H1N1ပိုး တွေ့ရှိခဲ့သည်။ မိန်းကလေးတွင် ရောဂါပိုးတွေ့ရှိသဖြင့် သူမနှင့် လက်ပွန်းတတီး အနီးကပ်နေခဲ့သည့် မိသားစုဝင်များ၊ သင်တန်းဆရာမနှင့် စာဖတ်ဝိုင်းအတူ တက်ရောက်ခဲ့သူများကို သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ အနီးကပ်စောင့်ကြည့် စစ်ဆေးလျက်ရှိသည်ဟု သိရှိရသည်။ ထို့အပြင် ဇွန်လ (၂၆)ရက် သောကြာနေ့က စင်ကာပူနိုင်ငံမှ လေယာဉ်ခရီးစဉ်အမှတ် (3k 585)ဖြင့် စီးနင်းလိုက်လာခဲ့သော ကျန်ခရီးသည် (၉၁)ဦးကိုပါ သက်ဆိုင်ရာ ကျန်းမာရေး စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။ ရောဂါပိုး တွေ့ရှိသော မိန်းကလေးကို ရန်ကုန်ဆေးရုံကြီးတွင် သီးသန့်ထားရှိ၍ အထူးကြပ်မတ်ကုသလျှက် ရှိသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင်လည်း A/H1N1 ပိုးရှိသော ပထမဦးဆုံး လူနာများကိုလည်း တွေ့ရှိရကြောင်း ဗုဒ္ဓဟူး(ဇွန် ၂၄)နှင့် (ဇွန် ၂၅)ရက်နေ့တို့တွင် အသီးသီး ကြေညာသည်။ ထိုင်းနိုင်ငံတွင် လွန်ခဲ့သော မေလ (၁၂)ရက်နေ့မှ စ၍ ယနေ့အထိ လူနာပေါင်း (၁၂၀၀)တွေ့ရှိခဲ့ပြီး ဇွန်လ (၂၇)ရက် စနေနေ့တွင် (၂)ဦး သေဆုံးကြောင်း ကြေညာသည်။

ယနေ့ထုတ် Myanamar Newsweek ဂျာနယ်မှ ကူးယူဖော်ပြထားပါသည်။

1 comment:

Anonymous said...

အဲဒီကလေးက တီတီစီ ကျောင်းကဗျို့။