Pages

Friday, July 3, 2009

Face Mask သုံးကြပါ...

ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါအကြောင်း အမေးအဖြေအား ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၁၁ ရက်နေ့က လက်ကမ်းစာစောင်များ ဖြန့်ဝေပေးထားပါတယ်... ထိုလက်ကမ်းစာစောင်များကို မီးလေးဆီမှာ ရှိသမျှမေးလ်လိပ်စာများသို့ ပေးပို့ထားပါတယ်... လိုချင်သူများရှိက မီးလေးဆီ မေးလ်လိပ်စာ စီပုံးမှာ လာပို့ပေးကြပါ...

ရောဂါဖြစ်မှ ကုသခြင်းထက် မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းသာ အကောင်းဆုံး ဖြစ်ပါသဖြင့် မိမိတို့၏ ကျန်းမာရေးကို Face Mask များအုပ်ခြင်းဖြင့် ကြိုတင်ကာကွယ်မှု ပြုလုပ်သင့်ပါသည်... ယခုအချိန်ထိ သိရသလောက် A/H1N1 ရောဂါပိုးတွေ့သူ လူနာသုံးဦး ရှိပြီဖြစ်ကြောင်း ကြားသိရပါသည်... ယခုအချိန်တွင် သာမာန်တုပ်ကွေးလူနာများစွာလည်း ရှိနေပါသဖြင့် ခွဲခြားမရနိုင်ပါ... သာမာန်တုပ်ကွေးရောဂါနှင့် ရောဂါလက္ခဏာခြင်းတူပါသဖြင့် သွေးစစ်ကြည့်မှသာ သိနိုင်ပါသည်... ထို့ကြောင့် ကြိုတင်ကာကွယ်သော အနေဖြင့် Face Mask သုံးကြပါ....

3 comments:

အရုပ်ကလေး said...

အသိပညာ ဗဟုသုတရစေသလို ဖြစ်နေတဲ့ ရောဂါအတွက် ပြန်လည်ဖေါ်ပြပေးတဲ့ အတွက်
ကျေးဇူးကမ္ဘာပါ .. အားလုံးလိုက်နာသင့်တဲ့ အချက်လေးတွေပါ ..။

ခင်ခင်မင်မင်
idulize ( အရုပ်ကလေး )

Anonymous said...

မှတ်သားသွားပါတယ်ဗျာ

နေသစ် said...

ကျေးဇူးနော် မီးလေး