Pages

Wednesday, September 21, 2011

Blogspot ပြန်ပွင့်ခြင်း အမှတ်တရ

7 days ဂျာနယ်မှာ ပိတ်ထားတဲ့ Website တွေ ပြန်ဖွင့်ပေးနေပြီဆိုတဲ့ သတင်း တပုဒ် ဖတ်လိုက်ရတော့ အသည်းအသန်ကြည့်မိတာက Blogspot များ ပါလေ မလားလို့ပေါ့...
Youtube, Yahoo mailနဲ့ နောက်ဆုံးမှာတော့ Blogspot ဆိုတာ ဖတ်လိုက် မိတော့ အပြေးေ လးရောက်မိတာက ကွန်ပျူတာနား...
အို- ငါ့ဆိုဒ်လေး ပွင့်နေပါလားဆိုတဲ့ စိတ်က အတိုင်းမသိ ၀မ်းသာမိသလို တချိန်က blog ခဲ့ကြတာကိုလဲ အောက်မေ့သတိရမိလေရဲ့....

ကျွန်မဆိုဒ်လေး လွယ်လွယ်ကူကူ ဖွင့်မရခဲ့တာ ရွှေဝါရောင်တော်လှန်ရေးကာလ ကတည်းက ဆိုပါတော့...
Blogspot တွေ ဘန်းခံရတုန်းက ကျွန်မတို့တွေ တော်တော်လေး စိတ်ဓာတ် ကျခဲ့ရပါတယ်... အဲ့ဒီအချိန်တုန်းက Blog ပိုးတွေ ၀င်ကောင်းတုန်း ကာလပေါ့ (သူများတော့ မသိပါ)... တနေ့တနေ့ ငါ့blogလေးမှာ ဘာတွေတင်ရမလဲ၊ ဘယ်သူ့ဆီ သွားလည်ရကောင်းမလဲနဲ့ တစ်ယောက်ဆိုဒ် တစ်ယောက် သွားလိုက် လာလိုက်နဲ့ အရမ်းကို နွေးထွေးတဲ့ ပတ်ဝန်း ကျင်လေး တစ်ခုပေါ့... သူငယ်ချင်းကောင်း၊  မောင်နှမကောင်း၊ မိတ်ဆွေကောင်းနဲ့ စာဖတ်သူတွေ စုံဆည်းရာနေရာလေးလို့ ပြောရင်လဲ မမှားပါဘူး... ကျွန်မတို့ရဲ့ ခံစားချက် က်တွေ၊ ရင်ဖွင့်သံတွေ၊ ကဗျာ၊ စာပေ၊ ဗဟုသုတနဲ့ ရသတွေကို မငြီးမငြူတမ်း မှတ်ကျောက်တင်ပေးတဲ့ နေရာလေးဆိုလဲ မမှားပါဘူး...
Blogspot တွေ သုံးမရတော့ co.cc ၊ Wordpress တို့ သုံးခဲ့ကြပြန်ပါတယ်... တချို့တွေက ဆိုဒ်ဝယ်ပြီး ရေးကြပါတယ်... ကျွန်မအတွက်တော့ blogspot လောက် အဆင်မပြေခဲ့ပါဘူး... wordpress နဲ့ ရေးနေတုန်း ကာလမှာပဲ myanmarbloggers.comနဲ့ ရေးခဲ့ပါတယ်... အကြောင်းကြောင်းကြောင့် myanmarbloggers.comလည်း ပျက်သွားခဲ့ရပါတယ်... တခြားဆိုဒ်တွေ သုံးခဲ့စဉ်မှာ blogspot သုံးခဲ့တုန်းကလောက် ပို့စ်တွေ မတင်ဖြစ်ခဲ့ပါဘူး... ကျောင်းတဖက်နဲ့ မအားတော့တာရယ်၊ အကြောင်းကြောင်းကြောင့် ပို့စ်တင်ကျဲသွားခဲ့ရပါတယ်... အဓိကတော့ ပျင်းတာလဲ ပါတာပေါ့လေ... :)
 ခု blogs တွေ ပြန်ပွင့်ပြီဆိုတော့ အတိုင်းမသိ ၀မ်းသာစွာဖြင့် Blogsတွေ  ပြန်ပွင့်ခြင်း အမှတ်တရ ပို့စ်လေး တပုဒ် ရေးသားလိုက်ပါသည်။

1 comment:

Lyn Lyn said...

Blog တွေ ပြန်ဖွင့်လို့ရတာ ၀မ်းသာစရာပါ။ ကျွန်တော်တို့ အတွက်ကတော့ Blogspot သာ အဆင်ပြေဆုံးပါပဲ။ ပြည်ပကလူတွေအတွက်က ပြသနာမဟုတ်ပေမယ့် ပြည်တွင်းမှာတော့ Blogspot ဖွင့်ရခက်တာ ပြသနာပါ။ အခုတော့ အဆင်ပြေသွားပြီဆိုတော့ ၀မ်းသာစရာပေါ့။