Pages

Tuesday, September 11, 2007

ကျွဲကောသီးအကြောင်းသိကောင်းစရာ

အသားအရေ လှပချောမွေ့စိုပြည်လိုသူတွေ၊ ကိုယ်အလေးချိန်လျှော့လိုသူတွေနဲ့ ခွဲစိတ်ပြီး မြန်မြန်အနာကျက်လိုသူတွေအတွက် ကယ်ရီဓာတ်နည်း၊ အဆီဓာတ်နည်း၊ ဗီတာမင်စီဓာတ်များတဲ့အတွက် ကျွဲကောသီးဟာ စားလို့သင့်တော်တဲ့ အသီးပဲဖြစ်ပါတယ်။

Monday, September 10, 2007

သစ်တော်သီးနှင့်အကျိုးကျေးဇူး

မီးလေး ဘာပို့စ်တင်ရင်ကောင်းမလဲလို့ စဉ်းစားရင်း ခေါင်းထဲမှာ အတွေးတစ်ခုဝင်လာပါတယ်... ခုရာသီက သစ်တော်သီးပေါ်တဲ့အချိန် သစ်တော်သီးနဲ့ပတ်သက်တဲ့ အကျိုးအပြစ်တွေကို စာစောင်တစ်ခုမှာ ဖတ်ခဲ့ဖူးပါတယ်။ အဲဒါကို မှတ်မိသလောက်လေး ပြန်လည်တင်ပြပေးလိုက်ပါတရ်ရှင်...

သစ်တော်သီးဟာ တရုတ်တိုင်းရင်းဆေးပညာအရလည်း ဆေးဘက်ဝင်အသီးတစ်မျိုးဖြစ်ပါတယ်။
သွေးတိုးရောဂါ၊ မူးဝေခြင်း အတွက် သစ်တော်သီး ၂၀ကျပ်သားကို အခွံခွာ၊ အစေ့ထုတ်ပြီးပါးပါးလှီးပါ။ တရုပ်နံနံ ခြောက်ကျပ်ခွဲသားကို သန့်စင်အောင် ရေနွေးဖျောပြီး နုပ်နုပ်စဉ်းထားပါ။ ပါးပါးလှီးထားတဲ့ သစ်တော်သီး နုပ်နုပ်စဉ်း ထားတဲ့ တရုတ်နံနံတို့ကို ပန်ကန်ကြီးမှာထည့်ပါ။ ဆားနည်းနည်း၊ ရှာလကာရည် နည်းနည်း၊ နှမ်းဆီသင့်ရုံစဉ်းထား တဲ့ မြန်မာနံနံပင်ဖြူးပြီး နှံ့အောင်နယ်ပါ။ ထမင်းနဲ့အတူ ဟင်းအဖြစ် ကြိုက်သလောက်စားနိုင်ပါတယ်။

အဆုတ်လေပြွန်ရောင်ခြင်း၊ အပူချောင်းဆိုးခြင်း အတွက်ကတော့ သစ်တော်သီးတစ်လုံးကို အခွံခွာအစေ့ထုတ်ပြီး ပါးပါးလှီးပါ။ ကြက်သွန်မြိတ်အမြစ်ပါ အဖြူပိုင်းခုနစ်ပင်ကို ရေစင်စင်ဆေး၊ အပိုင်းတိုများအဖြစ် လှီးပါ။ သစ်တော်သီးနဲ့ ကြက်သွန်မြိတ်အပိုင်းတွေကို အိုးထဲထည့် သောက်ရေသန့်ဗူး တစ်ဝက်စာ (၅၀၀စီစီ)နဲ့ ထည့်ပြုတ်ပြီး ၃၀၀စီစီကျန်အောင်ပြုတ်ပါ။ ကြက်သွန်မြိတ်များကို ဖယ်ထုတ်ပြီး သကြားလက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ဆူရင် နှစ်ကြိမ်အမျှခွဲပြီး အရည်သောက် သစ်တော်သီးကို စားပါက အပူကျစေပါတယ်။ သလိပ်ပျော်ပြီး ချေက်ဆိုးသက်သာစေမှာ အမှန်ဖြစ်ပါတယ်။ သုံးရက်ကနေ ငါးရက် ဆက်သောက်နိုင်ပါတယ်။

သစ်တော်သီးဟာ အအေးစာဖြစ်တဲ့အတွက် ၀မ်းလျှောလွယ်တဲ့လူ၊ အအေးလွန်ကဲလို့ ဗိုက်နာဗိုက်အောင့် တတ်တဲ့ အစာအိမ်ရောဂါရှိသူတွေ မစားသင့်ပါဘူး။ သွေးချို၊ ဆီးချိုရှိသူတွေနဲ့ မီးနေသည်များ၊ ဓမတာပေါ်ချိန်ကာလအတွင်း အမျိုးသမီးများလည်း မစားသင့်ပါဘူး။

ဗီတာမင်ချို့တဲ့သူများနဲ့ ပိုတက်စီယမ်များများ လိုအပ်သူများအတွက်တော့ အထူးသင့်လျော်တဲ့ အသီးပဲဖြစ်ပါတယ်။
လည်လည်လာတဲ့မိတ်ဆွေ၊ သူငယ်ချင်းများလည်း သစ်တော်သီးရဲ့ အကျိုးအပြစ်တွေကို ရှောင်သင့်ရှောင်ပြီး စားသင့်စားရအောင် မျှဝေပေးလိုက်ပါတယ်။

စိတ်ချပါ...

မဂ္ဂဇင်းတစ်ခုမှာပါတဲ့ ဟာသလေးတစ်ခုကို ကိုးကားပြီး ရေးသားတင်ပြလိုက်ပါတယ်..

ကလင်.... ကလင်........ကလင်(ဖုန်းမြည်သံ)
စက္ကထေရီ - ဟလို-မန်နေဂျာရုံးခန်းကပါရှင်။
ဖုန်းဆက်သူ - အစ်မက မန်နေဂျာရဲ့ ဇနီးပါကွယ်။ ခုတလော အိမ်ပြန်လာတာ အမြဲနောက်ကျပြီး ခြေလှမ်း ပျက်နေလို့ အစ်မယောကျာ်းကို သေချာကြည့်ပေးထားဖို့ အကူအညီတောင်းချင်လို့ပါကွယ်။
စက္ကထေရီ - အဲဒီအတွက် မစိုးရိမ်ပါနဲ့ရှင်။ သူကျွန်မမျက်စိရှေ့ကနေ ဘယ်မှမသွားရဲပါဘူး။
ဒုန်း................ (ဖုန်းလွတ်ကျသံ)

Saturday, September 8, 2007

ကျန်းမာရေးဆိုင်ရာဗဟုသုတ....

ကပ္ပတိန်တစ်ယောက်စီကလက်ကမ်းပေးပါဆိုပြီး ပို့လိုက်တဲ့ အီးမေးလ်လေးကို အားလုံးလက်ကမ်းနိုင်အောင် ဝေမျှလိုက်ပါတယ်….

Seven Don't after a Meal!(အစားစားပြီး ရှောင်ကျဉ်ရန် ၇ချက်)


1. Don't smoke after a meal!
Experiments from experts prove that smoking a cigarette after a meal is comparable to compare TEN cigarettes (Chances of Cancer are higher).
အစာစားပြီး ဆေးလိပ်မသောက်ပါနှင့်။ အစာစားပြီး ဆေးလိပ်တစ်လိပ်သောက်ခြင်းဟာ ပုံမှန်ဆေးလိပ်သောက်တာရဲ့ ဆေးလိပ်ဆယ်လိပ်နဲ့ညီမျှပါတယ်. ပြီးတော့ ကင်ဆာဖြစ်ဖို့ အခွင့်အလမ်း အမြင့်ဆုံးလည်းဖြစ်ပါတယ်။

2. Don't eat fruits immediately after meals!
It will bloat your stomach. Therefore have your fruits one or two hours before or after your meal.

အစာစားပြီးပြီးချင်း အသီးအနှံများ မစားပါနှင့်။ မင်းရဲ့အစာအိမ်ကို ပွလာစေလိမ့်မယ်။ ဒါကြောင့် မင်းအသီးတွေစားမယ်ဆိုရင် အစာမစားခင်ဖြစ်စေ၊ အစာစားပြီးဖြစ်စေ တစ်နာရီ ဒါမှမဟုတ် နှစ်နာရီခြားပြီးမှ စားပါ။

3. Don't drink tea after a meal as tea leaves contain a high content of acid.
This substance will cause the protein content in the food we consume to be hardened; making it difficult to digest.
အစာစားပြီးပြီးချင်း လက်ဘက်ရည်မသောက်ပါနှင့်။ လက်ဘက်ရွက်မှာ အက်ဆစ်ဓာတ်များ ပါဝင်ပါတယ်။ အဲဒီ အက်ဆစ်ဓာတ်တွေဟာ အသားဓာတ်ကို ဖြစ်စေတဲ့အတွက် ကျွန်ုပ်တို့ စားသုံးလိုက်တဲ့ အစားအစာတွေကို မာကြောစေလို့ အစာချေဖျက်ဖို့ ပိုပြီးခက်ခဲပါတယ်။

4. Don't loosen your belt after eating. Loosening the belt after a meal can cause intestinal problems.
အစာစားပြီးနောက် ပတ်ထားတဲ့ခါးပတ်ကို မလျော့ချပါနဲ့။ အစာစားပြီးနောက် ခါးပတ် လျော့ချလိုက်ခြင်းဟာ အစာအိမ်အတွင်းရှိ အူများကို အခက်အခဲဖြစ်စေနိုင်ပါတယ်။

5. Don't bathe after eating. Bathing will cause the increase of blood flow to the hands, legs and body thereby causing the amount of blood around the stomach to decrease. This will weaken the digestive system in our stomach.
အစာစားပြီး ရေမချိုးပါနှင့်။ အစာစားပြီးရေချိုးခြင်းဟာ လက်တွေ၊ ခြေထောက်တွေနဲ့ ခနကိုယ်ကို သွေးစီးဆင်းမှု တိုးစေတဲ့အတွက် ကျန်တဲ့ ခနကိုယ်အတွင်းပိုင်းနဲ့ အစာအိမ်ကို သွေးစီးဆင်းမှု နည်းစေပါတယ်။ အဲလို သွေးစီးဆင်းမှုနည်းရခြင်းဟာ ကျွန်ုပ်တို့ရဲ့ အစာအိမ် အစာချေဖျက်မှုကို အားနည်းစေပါတယ်။

6. Don't walk after a meal even though you have heard people say that after a meal, walking a hundred steps will make you live till 99. Walking immediately after a meal will make it difficult for the digestive system to absorb the nutrition from the food we eat. Wait at least an hour after your meal and then walk if you wanna.
အစာစားပြီး လမ်းမလျှောက်ပါနှင့်။ လူတွေက အစာစားပြီး လမ်းလျှောက်တာ ၁၀၀ရှိရင် အသက် ၉၉နှစ်ထိ နေနိုင်တယ်လို့ ပြောကြသော်လည်း လမ်းမလျှောက်ပါနဲ့။ အစားစားပြီး ပြီးချင်းလမ်းလျှောက်မယ်ဆိုရင် ကျွန်ုပ်တို့စားထားတဲ့အစာအဟာရတွေကို စုပ်ယူမှုနဲ့ အစာချေဖျက်မှုအတွက် အခက်အခဲဖြစ်ပါလိမ့်မယ်။ မင်းလျှောက်ချင်တယ်ဆိုရင် အနည်းဆုံး တစ်နာရီစောင့်ပြီးမှလျှောက်ပါ။

7. Don't sleep immediately!
The intake of food will not be able to digest properly thereby leading to gastro-intestinal problems.
အစာစားပြီးပြီးချင်း မအိပ်ပါနှင့်။ စားထားတဲ့အစာတွေကို အလွယ်တကူမချေဖျက်နိုင်တော့လို့ အစာအိမ်အတွင်းမှာ ပြသနာတွေဖြစ်နိုင်ပါတယ်။

Wednesday, September 5, 2007

စိုးရိမ်လို့ပါ.....

နှစ်ဆယ်ရာစု မိသားစု
ဟဲ့.. ခုပဲထမင်းစားရသေးတရ်. ရေမချိုးနဲ့လေ ရေဖျဉ်းဆွဲလိမ့်မယ်... လို့အော်ပြောတဲ့အမေ့ရဲ့အသံပါ
အဲဒီအသံကြားတော့ကလေးခဗျာ မျက်နှာကြီးဆူပုတ်ပြီး အ၀တ်အစားပြန်ဝတ်လိုက်ရသတဲ့...

ယနေ့ခေတ် မိသားစု

အမေ - ဟဲ့.. ခုပဲထမင်းစားရသေးတရ်. ရေမချိုးနဲ့လေ ရေဖျဉ်းဆွဲလိမ့်မယ်...
ကလေး - အမေတို့က မသိလည်းမသိဘဲနဲ့ ရေဖျဉ်းဆွဲတာ အသည်းကြီးတဲ့သူမှ ထမင်းစားပြီးရေချိုးရင် ဘာမှမဖြစ်ဘူး..
အမေ - မသိလို့မဟုတ်ဘူးဟေ့.. နင်တို့ရေချိုးပြီးအစာကြေသွားရင် ငါ့ထမင်းတွေကုန်မှာစိုးလို့....

Tuesday, September 4, 2007

မုန့်မုန့်လာစားကြနော်....


Glitter Graphics - GlitterLive.com

ဆေးထိုးကြရအောင်....

ဒီခေါင်းစဉ်လေးကိုရွေးဖြစ်တာကတော့ လူတိုင်းလူတိုင်းဟာ ပြင်ပအစားအစာတွေကို သွားရင်းလာရင်း စားသောက်ကြပါတယ်...
လမ်းဘေးဈေးသည်တွေဆို လူတွေအုံနေတာကို အမြဲတစေတွေ့ရတတ်ပါတယ်...
ဒီလိုစားသောက်ကြတဲ့အခါမှာ မမြင်ရတဲ့ရောဂါပိုးတွေကူး စက်တတ်ပါတယ်....
လူတိုင်းနီးပါး မုန့်ဟင်းခါးတို့၊ အသုပ်တို့မစားတဲ့သူနည်းပါတယ်... ဒါတွေစားရင်းနဲ့ ဈေးရောင်းတဲ့သူမှတဆင့် အသည်းရောင်ရောဂါ `ဘီ´ပိုးနှင့် `စီ´ပိုးကူးစက်နိုင်ပါတယ်... အနီးစပ်ဆုံးကူးစက်နိုင်တဲ့နည်းကို ရေးထားတာပါ ချွေးမှတစ်ဆင့်လည်း ကူးနိုင်သလို လူခန္ဓာကိုယ်ရဲ့ နေရာပေါင်းစုံကလည်း ကူးနိုင်ပါတယ်...
အသည်းရောင်အသားဝါ`ဘီ´ပိုးဟာ အသည်းရောဂါ၊ အသည်းကင်ဆာတွေ ဖြစ်တတ်ပါတယ်... အသည်းကင်ဆာ မဖြစ်အောင်ကာကွယ်ဖို့အတွက် `ဘီ´ပိုးကာကွယ်ဆေးကို ကလေးဘ၀ကစထိုးကြဖို့ လိုပါတယ်... ဒါပေမယ့်လောလောဆယ် ကြုံတွေ့နေရတဲ့အခက်အခဲကတော့ လူကြီးအများစုဟာ `ဘီ´ပိုးထိုးဖို့ အတွက် လက်မခံချင်ကြသေးပါဘူး... ဒီလိုပဲစားလာတာကြာလှပြီ ဖြစ်မယ်ဆိုရင် ငါတို့ဖြင့် သေလောက်ပြီလို့ ပြောလေ့ရှိကြပါတယ်... ခုလိုခေတ်ကြီးထဲမှာ ခေတ်နဲ့အပြိုင်ရောဂါပိုးတွေကလည်း တိုးတက်နေကြပါတယ်... ကာကွယ်လို့ရတဲ့ရောဂါတွေကို ကြိုတင်ကာကွယ်သင့်ပါတယ်... ကာကွယ်ဆေးထိုးထားသူဟာ အသည်းကင်ဆာကို 95% ကာကွယ်နိုင်တယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်`စီ´ပိုးဆို ကာကွယ်ဆေး မပေါ်သေးပါဘူး.. ကူးစက်တာလည်း တအားမြန်ပါတယ်...
အခုဆို ဆေးရုံဆေးခန်းတွေမှာ ကလေးမွေးတယ်ဆိုကတည်းက မွေးပြီးပြီးချင်း ခွဲစိတ်ခန်းထဲမှာတင် `ဘီ´ပိုးကာကွယ်ဆေးကို တစ်ခါတည်းထိုးပေးလိုက်တာကို တွေ့မြင်နေရပြီဖြစ်ပါတယ်... ဒါကြောင့် `ဘီ´ပိုးကာကွယ်ဆေးကို လူတိုင်းထိုးသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်... လည်လည်လာတဲ့ ဧည့်သည်တော်များလည်း နီးစပ်ရာ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို `ဘီ´ပိုးကာကွယ်ဆေးထိုးဖို့ တိုက်တွန်းပေးကြပါလို့ မီးလေးက ဒီပို့စ်လေးကနေ မေတ္တာရပ်ခံလိုက်ပါတယ်...

ခေတ်မှီသူတိုင်း ကာကွယ်ဆေးထိုးကြစို့....

Monday, September 3, 2007

ကိုယ်ချင်းစာတရား...

တစ်နေ့ သူငယ်ချင်းတစ်ယောက်နဲ့တွေ့ဖြစ်တရ်... မျက်နှာလည်းမကောင်းဘူး... မီးလေးက စပ်စပ်စုစု စပ်စုကြည့်တရ်... မေးတာနှစ်ခုတောင် မပြည့်သေးဘူး မျက်ရည်တွေ စီးကျလာတယ်... ငိုချင်ရဲ့လက်တို့လေ... အလုပ်သမားနဲ့အလုပ်ရှင်ဆက်ဆံရေးပါ.... ကိုယ်ကပိုင်ရှင်ဖြစ်ခဲ့ရင်ကော အဲလိုမျိုးလုပ်မှာလားဆိုတာပေါ့.. လူတိုင်းလူတိုင်းကိုယ်ချင်းစာတရားလေး ထားသင့်ပါတယ်... အလုပ်သမားပဲဖြစ်ဖြစ်၊ အလုပ်ရှင်ပဲဖြစ်ဖြစ်၊ သမ္မတပဲဖြစ်ဖြစ်၊ အားလုံးအားလုံးဟာ လူဆိုတဲ့ လူတွေချဉ်းပါပဲ.. အဲဒီအပေါ်မှာ လူတိုင်းအမှားမကင်းကြပါဘူး... ဒါပေမယ့် ဘာမှားလဲ၊ ဘာလွဲလဲ၊ ဖြစ်သင့်တယ့်အရာလား၊ မဖြစ်သင့်တယ့်အရာလား ပိုင်းခြားဝေဖန်သင့်ပါတရ်...

မီးလေးရဲ့သူငယ်ချင်းဟာ တာဝန်ခံအနေနဲ့တာဝန်ထမ်းဆောင်ရတာပါ... မှားတာက အငယ်တွေ အဆူအပြော ခံရတော့အကြီး အဲအထိလက်ခံတယ်... မီးလေးသူငယ်ချင်းက အဲဒီအလုပ်က အဆောင်မှာ နေတယ်... သူတို့ ဂျူတီထွက်ပြီးမှ ထမင်းသွားစားရတာ ဂျူတီထွက်ချိန်က ညပိုင်း၊ အလုပ်လွဲ/မှား လို့ဆို ဆူတာက ၂နာရီလောက် ကြာတယ် တော်ပြီ ပေါ့ လူတွေလည်း အဲလောက်ဆိုအူနေပြီ ပြီးလားဆိုတော့ မပြီးဘူး ထမင်းစားနေတဲ့နေရာ အထိလိုက်ပြီး ဆူတယ်ဆိုတာကတော့ လွန်တာပေါ့... ထမင်းပန်းကန်စားလက်စတန်းလန်းနဲ့ စားတာပဲရပ်ရ မလိုလို ထမင်းစားနေတဲ့နေရာအထိလာဆူတော့ ထမင်းက ၃လုပ်လောက်ပဲစားရသေးတယ်တဲ့... အဲဒီနေရာမှာ ဆူတာ ၁နာရီကြာတယ်... လည်လည်လာတဲ့ဧည့်သည်တွေစဉ်းစားကြည့် အဲဒီအချိန်လောက်ဆို လက်ကလည်း ခြောက်နေပြီ ဆက်လည်းစားလို့ရပါတော့မလား.... သူတို့မှာ အဲဒီညကထမင်း ဆက်မစားနိုင်တော့ဘဲ အိပ် လိုက်ကြရတယ်... မီးလေးရဲ့သူငယ်ချင်း အလုပ်ပိုင်ရှင်မှာ သားသမီးတွေလည်းအများကြီးရှိတယ်... သူ့သားသမီး တွေ ထမင်းစားတဲ့အချိန် မှာ ခုလိုမျိုးပြောရက်လား ပြောထွက်မလား... အဲဒီလူက ၀န်ထမ်းတွေနဲ့ Customer တွေရှိ တာတောင် မီးအားကျလို့(သို့) မီးပျက်လို့ဆိုပြီး Air_Con တွေပိတ်ခိုင်းတာ ကျန်တဲ့လူတွေမှာတော့ ပူ လောင်အိုက်စပ်လို့ သူ့သား အင်တာနက်ကို အလုပ်မှာလာသုံးရော သူ့သားထိုင်နေတဲ့နေရာကို Air_Con ဖွင့်ခိုင်း တယ်.. လုပ်နေတဲ့အလုပ်က ၀န်ဆောင်မှုလုပ်ငန်း လာတရ့်ထဲမှာ သက်ကြီးရွယ်အိုတွေ အများကြီးပါ တယ် (လုပ် ငန်းမဖော်ပြလိုလို့ မပြောတော့ဘူးနော်).... သူ့သားက အလယ်တန်းကျောင်းသားအရွယ်၊ အဲလို ဆိုတော့ ငွေရဖို့ဘဲ လုပ်နေတာလို့ တောင်မေးရမယ့် အဲလိုလူမျိုး၊ ဒီအဖြစ်အပျက်လေးကို မီးလေးသူငယ်ချင်း ကိုယ်စားရေးသား တင်ပြရခြင်းသာ ဖြစ်ပါတယ်... ဒီပို့စ်လေး ဖတ်ခြင်းဖြင့် လူတိုင်းလူတိုင်း ကိုယ်ချင်းစာ တရားလေးထားနိုင်ပါစေ လို့ ဆုမွန်ကောင်းတောင်းရင်း Global မှာရှိကြတဲ့ ၀န်ထမ်းတိုင်းအတွက် ယခုလို လူမျိုးနဲ့ မကြုံပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်...