Pages

Wednesday, April 30, 2008

သူငယ်ချင်းများအတွက် လောင်ဆက်...

သူငယ်ချင်းတွေအတွက် ပါလာတဲ့လက်ဆောင်နော် မလုကြနဲ့နော်... ဖြည်းဖြည်းယူကြ

ဆရာကြီး မင်းသိင်္ခ ကပ်ကင်းရိုက်ထားတဲ့ အဆောင်တဲ့ဗျား ကြိုက်တဲ့အကောင်သာ ယူသွားကြတော့...
နောက်တခုကတော့ ဘလော့ဂ်ဂါ မမတွေအကြိုက် ခရုဆွဲကြိုးလေးတွေ တင်ပေးမလို့ပဲ ရှိသေးတယ် ကိုးနတ်ရှင်က မိုးမိနေတယ် ထင်ပါရဲ့ နှာစေးချောင်းဆိုးဖြစ်နေလို့ နောက်နေ့မှ ဆက်တင်ပေးမယ်နော်...

လာပြီ မမတွေအတွက် ခရုဆွဲကြိုး


နောက်တခုက ကိုကို မမတွေအတွက် ဟန်းချိန်းနဲ့ ကီးချိန်းလှလှလေးတွေ...

ဒါကတော့ ဘလော့ဂ်ဂါ မမတွေအတွက်...

တယ်ရင်းတွေအတွက် လတ်လတ်ဆတဆတ် သင်္ဘောသီးတွေ... ထိုးဆေး၊ ဓာတ်မြေသြဇာ ဘာမှသုံးထားဘူးရှင့်... ကြိုက်သလောက်ခူး....

မီးလေးတောင် နှစ်လုံးခူးထားသေး...

ဒါက ဇရပ်ဖြူမှာ ညစာဖိတ်လို့ သွားစားရင်းနဲ့ အလှူအောင်ပွဲ ပွဲရှိတယ်ဆိုလို့ သွားကြည့်ရင်းက တယ်ရင်းတွေ သတိရလို့ ရိုက်လာတဲ့ မုန့်မုန့်....

အ၀သာစား မလောက်ရင် ထပ်ကြော်ခိုင်းလိုက်မယ်...

မီးလေး ခရီးသွားမှတ်တမ်း - ၁

မီးလေး ၂၇ရက်နေ့ ည ၁၀နာရီ၁၅မိနစ်မှာ ရန်ကုန်ဘူတာကြီးကို ဆိုက်ရောက်၍ ရန်ကုန်ရွှေမြို့တော်ကြီးကို ပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ… ခရီးစဉ်တလျှောက် ပျော်စရာများ၊ စိတ်ညစ်စရာများအား အပိုင်းလိုက် ဖော်ပြပေးသွားမည် ဆိုသည့်အကြောင်း အသိပေးလိုက်ပါတယ်… မီးလေးရဲ့ ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်း ဘလော့ဂ်ဂါများအတွက် လက်ဆောင်တွေနဲ့ မုန့်တွေပါလာတယ်… ကိုးနတ်ရှင် ကောင်းရင်တော့ အမြန်ဆုံး တင်ပေးမယ်နော်… ကိုးနတ်ရှင်ကောင်းဖို့ ၀ိုင်းဆုတောင်းပေးကြပါဦး…

မတ်လ ၃၀ရက်နေ့ ညနေ ၅နာရီမှာ နယူးမန္တလာထွန်း- ရန်ကုန် မန္တလေးကားနဲ့ ရန်ကုန်ရွှေမြို့တော်ကို လက်ပြနှုတ်ဆက်ရင်း ကျောက်ဆည်မြို့ကို ထွက်ခွာခဲ့ကြပါတယ်… မိုးတွေကြားထဲမှာ ပဲခူးမြို့ကို ဖြတ်ခဲ့ကြပါတယ်… ပဲခူးမှာပဲ ကျန်းမာရေးအတွက် ၁၅မိနစ်နားခဲ့ကြပါတယ်… ထိုမှတဆင့် ခရီးဆက်လက် ထွက်ခွာလာခဲ့ကြပါတယ်… တလမ်းလုံး ဗွီဒီယို ကြည့်လိုက်၊ အမ်ပီသရီးနားထောင်လိုက်၊ အိပ်လိုက်၊ ညအလှတွေ ခံစားရင်းနဲ့ လယ်ဝေးကို ည၁၂နာရီအကျော်လေးမှာ ရောက်သွားပါတယ်… ထုံးစံအတိုင်း နေပြည်တော် ၀င်ကာနီးမှာ မှတ်ပုံတင်နဲ့ လူနဲ့ စစ်ဆေးပါတယ်… ကားပေါ်မှာ ပါလာသမျှ ခရီးသည်တွေအားလုံးကို ဆင်းခိုင်းပါတယ်… ကလေးအိပ်ပျော်နေလို့ ဆင်းရခက်တဲ့ ကလေးအမေတယောက်ကို ကြည့်ရတာ စိတ်မသက်သာလို့ မီးလေးလျှာဝင်ရှည်လိုက်သေးရဲ့… ကလေးအမေတွေမဆင်းလည်းရတယ် မဆင်းနဲ့လို့လေ… သိလို့တော့ မဟုတ်ပါဘူး… ဟိုတခေါက် ရွှေမန်းသူနဲ့သွားတုန်းက ကလေးအမေကလွဲလို့ အားလုံးဆင်းဖို့ ပြောတာကြုံဘူးလို့ပါ… ဒါပေသိ ကားဆရာတော်ပါတယ် ကားမီးမှိတ်ပြီး ဂိတ်ကို ဖြတ်ပေးပါတယ်… အချို့ကားတွေ မီးမပိတ်ထားလို့ ကားပေါ်ကျန်တဲ့သူတွေကို ဆင်းခိုင်းပါတယ်… ကားပေါ်ပြန်တက်လာတော့ ကလေးအမေက ကျေးဇူးတွေတင်လို့…

ကားပေါ်မှာ လူစုံပေမဲ့ ကားကအတော်နဲ့ မထွက်နိုင်သေးပါဘူး… ဘာလို့လည်းပေါ့ နောက်တော့မှ သိလိုက်တာက လမ်းတ၀က်ကတက်လိုက်လာတဲ့ ကုလားလင်မယားနှစ်ယောက် မှတ်ပုံတင်မပါလာလို့ အဲလင်မယားနှစ်ယောက်နဲ့ ကားစပါယ်ယာနဲ့ ဂိတ်မှာခေါ်ထားပြီး ဘာတွေ ရှုပ်နေတယ်တော့ မသိပါဘူး မိနစ်၂၀ လောက်စောင့်နေလိုက်ရတယ်… သူတို့ပြန်တက်လာတော့မှ ခရီးအစဉ်ကို ဆက်လက် ထွက်ခွာခဲ့ပါတယ်… အဲဒီ့လင်မယားနှစ်ယောက် မီးလေးတို့ခုံဘေးက အလယ်ခုံမှာ တယောက်၊ ရှေ့အလယ်ခုံမှာ တယောက် ထိုင်ကြပါတယ်… ထိုင်တာ ပြဿနာမဟုတ်ပေမဲ့ အနံ့တခုကြောင့် အတော်မွန်းကြပ်ခဲ့ရပါတယ်… အဲအနံ့ကတော့ ကွမ်းယာနံ့ပဲ ဖြစ်ပါတယ်… စားလိုက်တဲ့ကွမ်းကလည်း ပြောမပြောချင်တော့ပါဘူး… မီးလေးက အနံ့တွေ allergicရှိလို့ အသက်တောင် မနည်းဝအောင်ရှုနေရတယ်… တော်သေးတယ် အိပ်ပျော်သွားလို့ သက်သာတာ… နို့မို့ဆို မတွေးဝံ့တော့ဘူး…


လမ်းမှာ နှစ်ခါထပ်နားပြီးလို့ ၆နာရီ ၅၀လောက်မှာတော့ ကျောက်ဆည်မြို့မှ လှိုက်လှဲစွာကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကို ဖြတ်လာပြီး မြို့ထဲကို ၀င်လာခဲ့ပြီး ၇နာရီ ၁၀မိနစ်မှာရောက်ရှိခဲ့ပါတယ်… မန္တလေးကားတွေထဲမှာ အစောဆုံးနဲ့ ပထမဦးဆုံး ၀င်ခဲ့တာ အဲယားကွန်းကလည်း တလမ်းလုံးအေးလို့ အတော့်ကို အဆင်ပြေခဲ့လို့ အပြန်အထွက် ဘိုကင်ပေးခိုင်းလိုက်ပါတယ်… ကားစပါယ်ယာက သူတို့လှမ်းဆက်ပေးမယ် ဒါပေမဲ့ လက်မှတ်တော့ ညနေသွားဖြတ်ဖို့ ပြောပါတယ်… ကားပေါ်ကဆင်းလာတဲ့အခါ တည်းမဲ့သူငယ်ချင်းအိမ်က သူ့အမေလာကြိုတာကို တွေ့လိုက် ရပါတယ်… သူတို့က ၀မ်းသာအားရနဲ့ နွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်… မီးလေးတို့ မနက်ပိုင်းနားပြီး ညနေပိုင်းမှာ ကျောက်ဆည် ရွှေသာလျောင်းတောင် တက်မယ်ဆိုပြီး Plan ဆွဲထားတာ နေ့လည်ပိုင်းလောက်မှာပဲ ကိုရွှေမိုးက မီးလေးတို့ သူငယ်ချင်းတွေကို ကြိုဆိုလိုက်တာ ညနေထိ မိုးမတိတ်လို့ အိပ်ယာထဲမှာပဲ တနေကုန် ဇိမ်ခံနေလိုက်ကြပါတယ်… ဒါနဲ့ပဲ ဧပရယ်ဖူးဒေးလ်ကို ကျော်ဖြတ်ခဲ့ရပါတယ်… ဧပရယ်ဖူးဒေးလ်ကို ဘလော့ဂ်ဂါမောင်နှမ သူငယ်ချင်းတွေကို မစလိုက်ရဘူး… နောက်နှစ်မှပဲ ဧပရယ်ဖူးလ်လုပ်တော့မယ်…

ဒုတိယနေ့မှာတော့ မီးလေးသူငယ်ချင်းက မန္တလေးမှာ ဘွဲ့ယူသွားမှာမို့ ကျောက်ဆည်ခဏပြန်ရင်း စင်္ကာပူသွားတော့မှာမို့ မိသားစုတွေ နှုတ်ဆက်ဖို့ ပြန်တာမို့ မန္တလေးကို ဘွဲ့ဝတ်စုံထုတ်ဖို့ မန်းကို တက်ခဲ့ကြပါတယ်… ကျောက်ဆည်-မန်းကားက ဓာတ်ငွေ့ဖြည့်ဖို့ စီအန်လ်ဂျီဆိုင်မှာ တန်းစီလိုက်ပါတယ်… ဒါပေမဲ့ ကားက ရှေ့လည်းမတိုး နောက်လည်းမဆုတ် နောက်တော့မှ ဆိုင်တံခါးပိတ်ထားတာ တွေ့တယ်… ဆိုင်ပိတ်ထားတာ ဘာလို့တန်းစီစောင့်နေတာလဲပေါ့… နာရီဝက်လောက်ကြာတော့ စိတ်မရှည်တော့လို့ ဂိတ်ကို သွားမေးလိုက်တော့မှ တရားခံတွေ့တော့တယ်… ဂက်စ်မရှိလို့ ဖြည့်နေတာ မရသေးဘူးတဲ့… ရတော့ ရတော့မယ် အမတို့ကားအထိဆို မိနစ်၂၀လောက်ပဲ စောင့်ရတော့မှာပါတဲ့… အင်း သူတို့လက်ထဲမှာပဲဆိုတော့ စောင့်ရတော့တာပေါ့… တော်သေးတယ် ခဏနေတော့ ဆိုင်ဖွင့်ပြီး တန်းစီထားတဲ့ ကားတွေကို ဖြည့်ပေးရင်း တဖြည်းဖြည်း မီးလေးတို့ ကားအလှည့် ရောက်လာပါတော့တယ်… သြော် စီအန်လ်ဂျီ ဒုက္ခ xxx

လမ်းမှာ နိုင်ငံခြားသားဧည့်သည်တွေက ဓာတ်ပုံရိုက်ဖို့ပြောလာတာနဲ့ တပျော်တပါး ဓာတ်ပုံရိုက်ခဲ့ကြပါတယ်… မတတ်တခေါက် စပိကင်လေးနဲ့ မိတ်ဆက်ကြပါတယ်… အရမ်းခင်ဖို့ကောင်းတဲ့ ရုရှားအမျိုးသားပြတိုက်မှ နိုင်ငံခြားသားများကို နှုတ်ဆက်ရင်း မန်းဘွဲ့နှင်းသဘင်ကို လျှောက်လာခဲ့ကြပါတယ်… ဘွဲ့နှင်းသဘင်ဘေးက လမ်းကို ၀င်ဝင်ချင်းမှာပဲ ၀တ်စုံသွားထုတ် မယ်ဆိုရင် ကျောင်းသားတွေ တအားကြပ်လို့ တိုးနိုင်မှာမဟုတ်ဘူး… ချလံပေးခဲ့ ညနေကျရင်လာယူ သူတို့ယူထားပေးမယ်ဆိုပြီး ၀ိုင်းပြောလိုက်ကြတာ နောက်ဆုံး ကျွန်မတို့က ခုပြန်ရမှာမို့ ကိုယ်ဘာသာပဲ သွားယူလိုက်တော့မယ်လို့ ပြောတော့ သွားယူ… သွားယူ… ဒီလောက်လူတွေအများကြီးကိုဆိုပြီး ဆောင့်အောင့်ပြီး ပြောဆို ကျန်ခဲ့ကြလေရဲ့… မီးလေးတို့လည်း မကြားချင်ယောင်ဆောင်ပြီး ထွက်လာခဲ့ကြပါတော့တယ်… ၀တ်စုံထုတ်တဲ့နေရာကို ရောက်လာချိန်မှာတော့ သူတို့ပြောသလောက်လည်း လူမကြပ်ပါဘူး… လူတွေကို ရှင်းလို့ သြော် ဒုက္ခ ဒုက္ခ…

ဒီလိုနဲ့ ဟိုနားသွားလိုက် ဒီနားသွားလိုက် ဟိုနား ပိုက်ဆံသွင်းလိုက် ဒီနားပိုက်ဆံသွင်းလိုက်နဲ့ စားပွဲခုံပေါင်းများစွာကို ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်လုပ်ရင်း ဘွဲ့ဝတ်စုံရခဲ့ပါတယ်… ရန်ကုန်နဲ့ ကွာခြားချက်တွေကတော့ ဘွဲ့ဝတ်စုံကို တရက်ကြိုပြီးသာ ထုတ်ပေးခြင်း၊ ရီလ်ဟာဆယ် တက်မယူ၍ရခြင်း၊ ရီလ်ဟာဆယ် ရန်ကုန်မှာ တက်ယူရတယ်ဆိုတာ ကားဝင်လက်မှတ်၊ မိဘတွေအတွက် ထိုင်ခုံလက်မှတ်၊ ကျောင်းသာထိုင်ရမယ့် ခုံလက်မှတ်တွေ ပေးတာမို့ ယူကြရပါတယ်… မန်းမှာကြတော့ ဘွဲ့ဝတ်စုံရယ်၊ ကားဝင်လက်မှတ်၊ မိဘတွေအတွက် ထိုင်ခုံလက်မှတ်၊ ကျောင်းသာထိုင်ရမယ့် ခုံလက်မှတ်တွေကို သီးသန့် ထုတ်ပေးခြင်းကြောင့်ပဲ ဖြစ်ပါတယ်…

ပြန်ထွက်လာချိန်မှာတော့ မန်းရဲ့ ရက်စက်လှတဲ့ နေပူဒဏ်၊ လေပူဒဏ်ကြောင့် တကိုယ်လုံးချွေးတွေနဲ့ ရေငတ်လို့နေပါတယ်… ဒါနဲ့ပဲ ဘွဲ့နှင်းသဘင်ရှေ့ လမ်းတဘက်ခြမ်းက ဆိုင်တဆိုင်ကို ၀င်ထိုင်လိုက်ကြပါတယ်… မီးလေးရယ်၊ မီးလေးသူငယ်ချင်းရယ်၊ သူမရဲ့အမေရယ် သုံးယောက်က ရွှေရင်အေး အေးအေးလေးသုံးခွက်နဲ့၊ နောက်သူငယ်ချင်းတယောက်က မြီးရှည်မှာလိုက်ကြပါတယ်… ရွှေရင်အေး အရင်လာချပေးပါတယ်… ကြည့်လိုက်တော့ မုန့်လက်ဆောင်းဖက်တောင်မပါ တပန်းကန်လုံး အုန်းနို့ရည်နဲ့ ရေခဲချဉ်းပဲ… ကျောက်ကျောလေး သုံးတုံးလောက်နဲ့ နောက်ပန်းရောင် ဘာခေါ်လည်းတော့ မသိဘူး အဲဒါလေးနည်းနည်းနဲ့ အုန်းသီးနဲ့… မီးလေးကလည်း ဂျီးထူထူနဲ့ဆိုတော့ ဒါလား ရွှေရင်အေးပေါ့ မြီးရှည်မှာတဲ့ သူငယ်ချင်းက ပေါင်မုန့်ထည့်ဖို့ သူတို့မေ့နေလား မသိဘူးတဲ့… မီးလေးတို့လည်း ရေဆာဆာ၊ နေပူပူနဲ့ ရေခဲတုံးတွေပဲ တကျွတ်ကျွတ် ၀ါးလိုက်တာပေါ့… အားလုံးစားသောက်ပြီးလို့ ရှင်းမယ်ဆိုပြီး ခေါ်လိုက်ပါတယ်…

ရွှေရင်အေး သုံးခွက်က နှစ်ထောင့်တစ်ရာ မြီးရှည်က ငါးရာ အားလုံး နှစ်ထောင့်ခြောက်ရာတဲ့… ဒါနဲ့ မီးလေးလည်း မနေနိုင်တော့ဘူး ထပြောဖြစ်ကော… မြီးရှည်က အများကြီးလည်းရတယ် ဒါကျ ငါးရာပဲကျပြီး ရွှေရင်အေး ဘာမှမပါတာကျတော့ ခုနစ်ရာဟုတ်လားလို့လည်း ပြောလိုက်ရော မီးလေး သူငယ်ချင်းက“အေးလေ… ပေါင်မုန့်လည်း မပါဘူး”လို့ ၀င်ပြောတယ်… ကျေးဇူးရှင်က ဘာပြန်ပြောတယ်ဟုတ် ပေါင်မုန့်က ရွှေရင်အေးမှာ မထည့်ရဘူး… မုန့်လက်ဆောင်းတို့၊ ရေခဲသုပ်တို့မှာမှ ထည့်တာတဲ့လေ… “ထားပါတော့ ပေါင်မုန့်မပါရင်တောင် တခြားနည်းနည်းပါးပါးတော့ ပါသင့်တာပေါ့” လို့ပြောတော့ သူတို့ ရွှေရင်အေးက သူများနဲ့မတူဘူး အုန်းနို့နဲ့လုပ်ထားတာ အုန်းနို့က ဈေးကြီးတယ်တဲ့… “အမ်… ဘယ်လို ဘယ်လို ရွှေရင်အေးကို အုန်းနို့နဲ့ မသောက်လို့ ဘာနဲ့သောက်ရမှာလဲ”မေးပြီး ဆက်မပြောချင်တော့လို့ အောင့်သီးအောင့်သက်နဲ့ ပိုက်ဆံရှင်းပြီး ပြန်လာခဲ့တော့တယ်… ထားပါတော့ အုန်းနို့ဈေးကြီးလည်း တခြားဟာပါရင် တော်သေး… ပါတော့ပါပါရဲ့ ရေခဲတုံးတွေချည်း… ရန်ကုန်မြို့ထဲ ဗိုလ်ချုပ်ဈေးနားမှာ သောက်ရင်တောင် မုန့်လက်ဆောင်း၊ ကျောက်ကျော၊ သာကူ၊ ကောက်ညှင်း၊ အုန်းနို့၊ အုန်းသီး၊ ကျောက်ကျောရောင်စုံ၊ ပေါင်မုန့် အားလုံးပါတာမှ ငါးရာပဲ ပေးရတာ… တခြား မြို့နယ်တွေထဲမှာတောင် နှစ်ရာ၊ သုံးရာပဲ ပေးရတယ်…အုန်းနို့ ဈေးကြီးတဲ့အကြောင်းနောက်မှ ဆက်ပြောပြမယ်… မန်းက အသိတွေပြောပြတော့ နင်တို့ကို နှပ်လိုက်တာတဲ့၊ ငါတို့ လာမခေါ်လို့ဖြစ်တာဆိုပြီး ၀ိုင်းနောက်ကြပါရောလား…

မီးလေးတို့လည်း အနှပ်ခံရတောင်နည်းသေးတယ်… မီးလေးတို့ လူတိုင်း ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ဈေးမေးပြီးမှ ၀ယ်တတ်ကျပါတယ်… လူတိုင်း တခုကို ၀ယ်ရင်တော့ ဈေးမမေးကြပါဘူး… အဲဒါဘာလဲဆိုတော့ စားသောက်တဲ့ ကိစ္စမှာပါပဲ… ဈေးနှုန်းရေးထားတဲ့ ဆိုင်တွေမှာသာ ဘယ်ဟာ ဘယ်ဈေးဆိုပြီး ရေးထားတာတွေ့လို့ ကို့ပါတဲ့ ပိုက်ဆံနဲ့ ချိန်ပြီး သင့်တော်ရာ မှာစားကြပါတယ်… မရေးထားတဲ့ ဆိုင်တွေဆို မှာချင်တာမှာပြီး စားပြီးမှသာ ဘယ်လောက်ကျလဲ မေးတတ်လေ့ ရှိကြပါတယ်… မနက်မိုးလင်းလို့ မုန့်ဟင်းခါးဆိုင်၊ လက်ဖက်ရည်ဆိုင် ထိုင်လိုက်တာနဲ့ ကိုယ်ကြိုက်တာမှာပြီး စားပြီးမှ မတန်လိုက်တာဆိုပြီး ပြောကြတဲ့ အသံမကြာခဏဆိုသလို ကြားနေရပါတယ်… စားပြီး မတန်ရတာမျိုး မဖြစ်ရအောင် ဈေးမေးပြီးမှ စားသင့်ပါကြောင်း ပြောကြားရင်း ပထမပိုင်းကို ဒီမှာတင် ရပ်နားလိုက်ပါတယ်… လက်ဆောင်တွေကိုလည်း အချိန်ရရင် ရသလို တင်ထားပေးပါမယ်နော်… အမှားပါရင်လည်း ခွင့်လွတ်ပေးကြပါလို့… အထူးသဖြင့် မန်းသူ/သားများ အားလုံးကို ကြိုတင်ပြီး တောင်းပန်ပါရစေ… မီးလေးကြုံခဲ့ရတာတွေ တင်ပြခြင်းဖြစ်၍ နားလည်ခွင့်လွတ်ပေးကြပါနော်…


Thursday, April 17, 2008

မင်္ဂလာနှစ်သစ်

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အားလုံး ပျော်ရွှင်ချမ်းမြေ့ သာယာအေးချမ်းပြီး ကျန်းမာချမ်းသာ၊ လိုရာဆန္ဒအအ၀၀ ပြည့်စုံနိုင်ကြပါစေ...

မီးလေးက ခရီးဆက်နေတုန်းနော်၊ အိမ်ပြန်အရောက်သေးဝူး..ဟီးဟီး
ပြန်ရောက်မှ post တွေ အတိုးချပြီး တင်တော့မယ်နော်..
လာအားပေးကြဦးနော်..

မီးလေးအားလုံးကို သတိရနေပါတယ်...

Thursday, March 27, 2008

ခရီးသွားမည်

မီးလေး ၃၁ရက်နေ့ညကားနဲ့ ကျောက်ဆည်ကို ခရီးထွက်ဖို့ ရှိပါတယ်... ပြန်လာရင် မုန့်ဝယ်ခဲ့မယ်... ၅ရက်နေ့ပြန်ရောက်မယ်ရှင့်... ပြန်
လာမှပဲ ပို့စ်တွေ ပေါင်းတင်တော့မယ်... ဒီရက်ပိုင်း အိမ်ပြောင်းတာ ရွှေ့တာနဲ့ နည်းနည်းရှုပ်နေလို့..

Friday, March 21, 2008

ရပ်ကွက်ဈေးတွင်း တနေရာဝယ်…

ခုတလော စာရေးသူ ငြိမ်ချက်သားကောင်းဆို ဘလော့ဂ်အိမ်ယာလေးတောင် မရောက်တာကြာပေါ့… ကြာဆို ဘယ်လောက်များလဲလို့ ကိုယ်တင်ထားတဲ့ပို့စ် နှစ်ခေါက်တက်နေမှန်းတောင် မသိဘူး… funflakes ဖုန်းလှမ်းဆက်မှ သိတယ်… ကောင်းရော စာရေးသူပို့စ်တင်ပြီးတော့ Refresh လုပ်ပြီးကြည့်တုန်းကတောင် တခုတည်းတွေ့လို့ မတက်ဘူးအောက်မေ့တာ ပို့စ်တက်သွားတာနဲ့ အိမ်ကို တချိုးတည်း ပြန်လာတာလေ… ကိုးနတ်ရှင် ကျသွားလို့ publish Pots လုပ်ရတာလည်း အကြိမ်ပေါင်းများစွာ တော်သေးတယ် နှစ်ခါထပ်ပဲမို့ နို့မဟုတ်ရင် စာရေးသူတော့ ကျိန်ဆဲခံထိလိမ့်မယ်… ချစ်ဘွားဘွား တီခွန်မြလှိုင်နဲ့ ချစ်တယ်ရင်း ခွန်လင်းချစ်သူတို့လေ…

စာရေးသူ အားနေလို့ မိခင်နှင့်အတူ မနက်ဆို ဈေးလိုက်ပြီး ဈေးခြင်းတောင်း လိုက်ဆွဲပေးနေတယ်လေ… ပြောမယ်ဆို ကုန်ကြမ်းမရှာဘဲနဲ့ ရတယ်ဆိုပါတော့… ၀တ္ထုကလည်း ရေးနေရင်း မုစ်သွင်းမရလို့ စာနှစ်မျက်နှာနဲ့ ရိုက်ထားလက်စ ဆိုတော့ ပို့စ်သစ်လည်း တင်ဖြစ်အောင် ရပ်ကွက်ဈေးတွင်း တနေရာဝယ်ဆိုတဲ့ ဇာတ်လမ်းတိုလေးများအား အလျဉ်းသင့် သလို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်… နိဒါန်းပျိုးတာ များသွားပြီ ဇာတ်လမ်းက ခုမှစမှာ…

ဈေးတွင်း တနေရာဝယ် အိမ်ရှင်မနှစ်ဦးတို့ မျက်နှာချင်းဆိုင် ဆုံကြရာ ပြုံးပြနှုတ်ဆက်ရင်း
“ဘာဝယ်ပြီးပြီလဲ”
“မရသေးပါဘူးဟယ်…. တနေ့တနေ့ ဈေးလာရတာ ဦးဏှောက်ခြောက်တယ်… အိမ်က ဟာကြီးကလည်း ချေးထူတော့ ဈေးဝယ်ရတာ ခက်တယ်ကွ… ဒါနဲ့ ရှင်ရော ဘာရလဲ”
“ငါတော့ ဦးဏှောက်ခြောက်သိပ်မခံဘူး အဆင်ပြေသလိုပဲ ဆိတ်သားနဲ့ပဲဟင်းပဲချက်ပေးလိုက်မလားလို့ ဆိတ်သားတော့ ၀ယ်လာတယ်”
ခြင်းထဲမှာတော့ ဆိတ်သားနဲ့တူတဲ့ အသား ဘာသားမှမတွေ့ရ ဒါပေမဲ့ နာမည်တူပြီး ကုန်းနဲ့ရေ ကွာတဲ့ဆိတ်တော့ တွေ့ပါရဲ့ ရေဆိတ်တွေ(ကန်စွန်းရွက်) ထိုးထိုးထောင်ထောင်နဲ့ မမြင်ချင်ယောင်ပဲဆောင်လိုက်ပါတယ်။
“ဆိတ်သား ၀ယ်လာတယ်ဆိုရင် မဆလာကောင်းကောင်းလေးအုပ်မှ မွှေးတာ ဟိုဘက်နားက ကုလားဆိုင်မှာ ဆိတ်သားချက်ဖို့ဆိုပြီး မဆလာဝယ်လို့ရတယ် ထုပ်ရောင်းတာတွေနဲ့ တခြားစီပဲ နံနံစေ့တို့ ဘာတို့နဲ့ သေချာစပ် ပေးတယ်”
“အမယ်လေး ရှင်ကလည်း ပင်ပန်းခံလို့ ခုတီဗွီမှာ ကြော်ငြာတာလေ xxx မဆလာတို့၊ xxx မဆလာတို့ အသင့်တောင် ချက်လို့ရသေး ထောင်းစရာတောင်းမလိုဘူး”
“အဲလိုလည်း ဘယ်ဟုတ်မလဲ တော်ကလည်း ကြော်ငြာပါဆိုမှ သူတို့ ပစ္စည်းရောင်းကောင်းအောင် ကြော်ပြီး ညာနေတာတော့်”
“ဒါပေမဲ့ အဲဒါတွေကတော့ မညာလောက်ဘူး ထုတ်ပိုးတာကအစ သေသေသပ်သပ်ပဲ၊ ပါဝင်တဲ့ ပစ္စည်းတွေလည်း ရေးထားတယ်”
“ပစ္စည်းကို အပြင်ပန်းက ကြည့်ပြီး သုံးသပ်ရင်မှားမှာပေါ့ သေသေသပ်သပ် ထုတ်ပိုးထားတယ်ဆိုတာက သုံးစွဲသူကို စွဲဆောင်တာ မလှမပထုတ်ထားရင် ဖက်နဲ့ထုတ်ထားတယ် ဆိုပါတော့ ဘယ်သူက ၀ယ်ချင်မှာလဲ… နောက်ပြီး ပါဝင်တဲ့ ပစ္စည်းဆိုတာကလည်း ကိုယ်သိတာမှ မှုတ်တာ အဲမှာရေးထားတဲ့ ပါဝင်ပစ္စည်းအချိုးအစားအတိုင်း တထုပ်ချင်းစီ လိုက်ထည့်နိုင်ပါ့မလား… အားလုံးရောသမမွှေထားပြီးသားကိုမှ ပါကင်ထုတ်လိုက်တာလေ… ဒီအချိုးအစားအတိုင်း ရှိတယ်လို့ သေချာတပ်အပ် သိလို့လား… ပြီးတော့ ဆိုင်တွေမှာ ရောင်းမထွက်လို့ ဘယ်လောက်ကြာထားမှန်းလည်း မသိ… ကြော်ငြာတိုင်း ကောင်းတာမဟုတ်ဘူး… ၀ယ်တော့မယ်ဆိုရင် သေသေချာချာ စဉ်းစားပြီးမှ သုံးစွဲတာ ကိုယ့်မိသားစု ကျန်းမာရေးကို စောင့်ရှောက်ပြီးသား ဖြစ်တာပေါ့”
“ရှင်ပြောတော့လည်း ဟုတ်သလိုလိုပဲ”
“ဟုတ်တယ်ရှင့် တီဗွီမှာ ကြော်ငြာတိုင်း ကောင်းတာမှုတ်ဘူး… တချို့တလေ ကောင်းပေမဲ့ တချို့တလေ မကောင်းပြန်ဘူး… ကောင်းတယ်ဆိုပြီး သုံးစွဲသူတွေလည်း များလာရော နာမည်ရသွားလို့ အရည်အသွေးညံ့သွားရော… ဆပ်ပြာမှုန့်တွေ ကြည့်ပါလား… သူတို့ပြောသလိုကောင်းတော့ ကောင်းပါရဲ့ တချို့တလေကျ အရည်အသွေးညံ့သွားတယ်လေ… တခါတရံမှာ ကြော်ငြာမထားတဲ့ ပစ္စည်းက ကြော်ငြာထားတဲ့ ပစ္စည်းထက် ပိုပြီးကောင်းနေတတ်တယ်လေ…”
“တော်ပြောမှပဲ ကျူပ်သဘောပေါက်တော့တယ်…”
“ဘာပဲသုံးသုံး သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ သုံးစွဲသင့်တာပေါ့… အသင့်စား အစားအသောက်သုံး ကုန်ပစ္စည်းတွေမှာ ကြာရှည်ခံအောင် ဓာတုဗေဒပစ္စည်းတွေပါလို့ အမြဲ မစားသုံးသင့်ဘူးလေ… ကြာရင် ကိုယ့်ကျန်းမာရေးပဲ ထိခိုက်မှာ”
“အမေ တဈေးလုံး ပတ်ရှာလိုက်ရတာဗျာ… ထမင်းချိုင့်ထည့်ဖို့ ကျောင်းနောက်ကျနေပြီဗျ”.
“သား ဈေးခြင်းယူပြီး အိမ်အရင်ပြန်နှင့် အိမ်ရောက်ရင် ကန်စွန်းရွက်ဆိတ်ပြီး ရေဆေးထားလိုက် အမေ ကြက်သွန်ဖြူ ၀ယ်ပြီး လာခဲ့မယ်”
ကလေးရဲ့ ရှုံ့တွစူပုပ်နေတဲ့ မျက်နှာနဲ့ ပြန်သွားတာကိုကြည့်ရ့င်း..

ရ့င်လန်းချမ်းမြေ့ကြပါစေ

Monday, March 17, 2008

နေကောင်းပြီ

တီတီခွန်မြလှိုင်နဲ့ ခွန်လင်းချစ်သူရေ ခုလို အကြံပေးတာ ကျေးဇူးတင်ကြောင်းပါ... ပြောရရင်တော့ မီးလေးရဲ့ မကောင်းတဲ့ အကျင့်ပဲ ပြောရမလားပဲ... သူများနဲ့မတူအောင် လုပ်ချင်တာလေ ယနဲ့သတ်တာက အများတကာသုံးနေတော့ ပိုပြီးထူးခြားအောင် ရနဲ့သတ်သုံးတာလေး... -း ကို တခြားပုံစံသုံးသလိုပေါ့... မီးလေး စာတွေကို ယနဲ့သတ်ပြီး ရေးပေးပါ့မရ်ရှင်... နောက်များလည်း လိုအပ်တာရှိရင် ဝေဖန်ပေးကြဦးနော်...

မီးလေး တူမလေးကို ၀ိုင်းပြီးမေးကြတဲ့ စာဖတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် စာဖတ်သူတို့၏ ၀ိုင်းဆုတောင်းပေးမှုကြောင့် ထူထူထောင်ထောင်ဖြစ်လာပါကြောင်း....
၎ရက်နေ့က ဆေးရုံမှ ဆင်းခဲ့ပါသော်လည်း တနေ့တည်းနှင့် သတိလစ်ကာ လေးကြိမ်လောက် တက်နေခဲ့ပါကြောင်း...
ဆေးများသောက်သော်လည်း သိသိသာသာ တိုးတက်မှုမရှိပါကြောင်း...
ယခုအခါ သူငယ်နာဟု အများကပြောကြသဖြင့် မြန်မာဆရာနှင့်ပါ တွဲ၍ ကုသနေရပါကြောင်း...
ပထမရက် ကုသပြီးသည့်နောက်ပိုင်းတွင် သတိလစ်ပြီး တက်ခြင်း မရှိတော့ပါကြောင်း...
မျက်ကြောမှိတ်၍သာ အနည်းငယ် တက်ခြင်းသာ ရှိတော့ပါသည်.....

အားလုံးကို ကျေးဇုးတင်လျက်

Wednesday, March 12, 2008

နှုတ်ခွန်းဆက်သခြင်း

သူငယ်ချင်းတွေဆီ လာမလည်နိုင်တာ အတော်တောင် ကြာနေပီပဲ... မီးလေး ခုလက်ရှိအလုပ်က ထွက်ပြီး အိမ်မှာ အိပ်လိုက် စားလိုက် အနားယူနေ တရ်လေ... တကယ့်ကို ဇိမ်ပဲ... အဲလို မနေရတာလည်း ကြာနေပြီလေ... အိမ်မှာ အင်တာနက်သုံးလို့ မရလို့ အရင်လို သူငယ်ချင်းတွေဆီ နေ့တိုင်း မလာဖြစ်တော့ဘူးရှင့်... တကယ်ပါ လိမ်ပြောပါဘူး... သူငယ်ချင်းတွေကို အရမ်းသတိရပြီး လွမ်းနေတရ်... ဘလော့ဂ်လေးကိုလည်း လွမ်းနေတရ်ရှင့်... ဘလော့ဂ်လေးကို မနှုတ်ဆက်ချင်လို့ အားရင်အားသလိုတော့ ပို့စ်တွေတင်ဖို့ စဉ်းစားထားတရ်... အင်တာနက်ဆိုင်က တင်ရတာ လွယ်တာမှုတ်ဖူး... ၀င်ငွေက ရှိတော့ဘူး ထွက်ငွေများရင် မေမေဆူလိမ့်မရ်ရှင့်... ဒီနေ့မနက်တော့ ထီသည်ကားဖြတ်သွားရင်း သင်္ကြန်သီချင်းဖွင့်သွားတာ သင်္ကြန်တောင် ရောက်တော့ မှာပါလားဆိုတဲ့ အတွေးနဲ့အတူ သူငယ်ချင်းတွေရော သင်္ကြန်ဘာအစီအစဉ်ရှိလဲလို့ သိချင်လာတရ်လေ...

ဒါနဲ့ ပို့စ်တင်ပြီး သင်္ကြန်ဘာအစီအစဉ်ရှိလဲလို့ သိချင်လို့ မီးလေးဆီ လာတဲ့ ဘော်ဘော်တွေအားလုံး ဖြေပေးကြဦးနော်... မီးလေးက ဒီနှစ်သင်္ကြန်ကို မိသားစုနဲ့ မန္တလေးမှာကျဖို့ စီစဉ်နေတရ်ရှင့်... မန္တလေးရောက်ရင် မန္တလေးဘလော့ဂ်ဂါတွေလည်း လိုက်ချောင်းရင်းပေါ့... ဟဲ...ဟဲ
ပျော်ရွှင်စွာ သင်္ကြန်ပွဲဆင်နွှဲရင်း နှစ်သစ်ကို ကြိုဆိုကြပါစို့လား.........

ခုရက်ပိုင်းအတွင်း အိမ်မှာ ၀တ္ထုရေးနေတရ်ရှင့်... ပြီးရင် အပိုင်းလိုက် ပို့စ်တင်ဖြစ်မှာမို့ မကြာခင် လာမည် မျှော်

Thursday, March 6, 2008

မျှော်လင့်ခွင့်များစွာ

“အန်တီရေ… အန်တီ”

“သြော်…ဘယ်သူများလဲလို့ ကစ်ကစ်ကိုး ဘာကိစ္စလဲကွဲ့”

“ဟလို မီးလေးရှိလား အန်တီ”

“ရှိတရ် လာထိုင်လေ….. မီးလေးရေ ဒီမှာ ကစ်ကစ်ရောက်နေတရ်… ခဏထိုင်ဦးနော် အန်တီ ကော်ဖီသွားဖျော်လိုက်ဦးမယ်…”

“ဟုတ်ကဲ့… အန်တီ”

“ဂွဒ်မောနင်း ကစ်ကစ် မျက်စိရွာလည်လာတရ်ပေါ့”

“မျက်စိလည်လာတာ မဟုတ်ဘူး မရဲ့ စကားစပါးမွှေးစူးလာတာ”

“ကဲ ဆိုစမ်းပါဦး… ဘာအထုပ်ရှုပ်လဲ”

“ဒီလို ဟလို မီးလေးရဲ့ စောနက သူငယ်ချင်းတယောက်နဲ့ လမ်းထိပ်မှာတွေ့တရ်”

“မ မှန်းလို့ရပြီ ကစ်ကစ်… အရည်မရ၊ အဖတ်မရ စကားနိုင်လုလာကြတရ်ပေါ့”

“အဲ… စကားနိုင်လုလာတာတော့မှန်တရ်… ဒါပေမဲ့ အရည်ရ၊ အဖတ်ရ ဟလို မီးလေးရဲ့”

“ဆိုစမ်းပါဦး”

“ကစ်ကစ်က ကုရာနတ္ထိဆေးမရှိရောဂါက အိပ်အိုင်ဗွီလို့ ပြောတာ သူက အရင်ကရာ ကုရာနတ္ထိတဲ့ ခုမဟုတ်ဘူးပြောတရ်… ကစ်ကစ်က အိပ်အိုင်ဗွီကို ပျောက်အောင်ကုလို့ရတဲ့ ဆေးမပေါ်သေးဘူးလို့ ပြောလိုက်တရ်… သူက ကုလို့ရနေပြီဆို ငြင်းနေတရ်လေ အဲတာ ဘယ်သူမှန်လဲလို့ ဟလိုမီးလေးကို လာမေးတာ”

“စကားလည်း ပြောကြ ကော်ဖီလည်းသောက်ကြပေါ့ အန်တီဈေးသွားလိုက်ဦးမယ်နော်”

“ဟုတ်ကဲ့”


“ဒီအကြောင်းပြောရရင် နည်းနည်းရှည်တရ်ညီမရဲ့… ညီမသူငယ်ချင်းပြောသလို ကုရာနတ္ထိဆေးမရှိ မဟုတ်တော့ဘူးဆိုတာလည်း မှန်တယ်… ပျောက်အောင်ကုလို့ရတဲ့ဆေး မပေါ်သေးဘူးဆိုတာလည်း မှန်တရ်…”

“ဘယ်လိုကြီးလဲ ဟလိုမီးလေးရဲ့”

“သေချာနားထောင်နော်… HIVပိုး ကူးစက်ခံရတိုင်း AIDS မဖြစ်သေးပါဘူး… သက်ဆိုင်ရာဆရာဝန်တွေနဲ့ပြပြီး သူတို့ညွှန်ကြားတဲ့ဆေး ပိုးသတ်ဆေး SEPTRIN TAB ကို အမြဲသောက်ရတရ်… ကိုယ်ခံအားကျဆင်းတဲ့ရောဂါမို့ တခြားရောဂါတွင် မ၀င်ရောက်နိုင်အောင် သောက်ရတာဖြစ်တရ်… ဆရာဝန်နဲ့ Follow Up ပြရမရ်… ဆရာဝန်က CD4 Count ကို စစ်ဆေးလို့ အကောင်အရေအတွက် နည်းနေမှ Antiretro Theropy (ART)ကို စတိုက်တရ်… ”

“ART သောက်တဲ့ အဆင့်မရောက်အောင် ဘာတွေလုပ်နိုင်လဲ”

“တကိုယ်ရည် သန့်ရှင်းမှုရှိမရ်၊ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေစားမရ်၊ အိပ်ရေး ၀၀အိပ်မရ်၊ Behavior မကောင်းတဲ့အကျင့် အကာအကွယ်မဲ့ လိင်ဆက်ဆံတာတို့၊ ဆေးထိုးအပ်ကို ရှယ်ယာလုပ်ပြီး မူးယစ်ဆေးထိုးတာ၊ ဆေးလိပ်၊ အရက်သောက်ခြင်း ရှောင်ကြဉ်မရ်၊ ကျန်းမာရေးကို သေချာစောင့်ရှောက်မရ်ဆိုရင် ရောဂါပိုးကို ထိန်းထားနိုင်လို့ သက်တမ်းကို ပိုရှည်စေပါတရ်…ARTကလည်း ရောဂါပိုးကို သေစေနိုင်တာ မဟုတ်ဘူး ထိန်းပဲထိန်းချုပ်ထားနိုင်ပါတရ် ဆက်လက် မပြန့်ပွားလို့ သက်တမ်းကို ပို ပိုပြီး ရှည်လာစေနိုင်ပါတရ်”

“ART ဆေးသောက်မယ်ဆိုရင် တလကို ၆သောင်းလောက်ကုန်ကျပြီး တနှစ်ကို ၇သိန်း ၂သောင်းကုန်ကျမှာဖြစ်တရ်… ဆေးစသောက်ပြီဆိုရင်တော့ ဖြတ်လို့မရပါဘူး… အချိန်မှန်သောက်ရတရ်… ပိုက်ဆံမတတ်နိုင်လို့ သောက်နေရာက ဆက်မသောက်တော့ဘူးဆိုရင်တော့ ပိုးတွေဟာ အမြန်ပျံ့ပွားစေလို့ သေစေနိုင်ပါတရ်… ဖြတ်လိုက်သောက်လိုက်သောက်မရ်ဆိုရင်လည်း သေစေနိုင်လို့ ဆေးစတိုက်တော့မယ်ဆိုရင် ART Councelling လုပ်ပြီးမှ စတိုက်ပါတရ်… လက်ရှိအသက်က ၃၀ဆိုပါတော့… အသက် ၆၀ထိနေချင်တရ်ဆိုရင် တနှစ်ကို ၃သိန်း၆သောင်း နှစ်၃၀ကို ၁၀၈သိန်း တတ်နိုင်ပါ့မလား… ပိုက်ဆံချမ်းသာတဲ့သူအဖို့ ပူပန်စရာမလိုပေမဲ့ ပိုက်ဆံမတတ်နိုင်တဲ့သူတွေကို အခမဲ့ ပေးတဲ့ နေရာတွေ ပေါ်လာခဲ့တရ်… စသောက်ပြီဆိုတည်းက သူ့မှာ သက်တမ်းစေ့နေနိုင်ပြီ ဖြစ်လို့ ဆေးကို အမြဲပေးရပါတရ်… စင်တာတခုဆို အယောက် ခြောက်ထောင်ရှိလို့ တခြား လူနာသစ်တွေကို ဆေးအခမဲ့ထပ်မပေးနိုင်တော့တာတွေ ရှိတရ်… ဒါပေမဲ့ လူနာဟောင်း ခြောက်ထောင်ကိုတော့ ဆက်ပေးနေတရ်… အစိုးရဆေးရုံအနေနဲ့ ဝေဘာဂီဆေးရုံမှာ အခမဲ့ပေးပါတရ်… သူက လူနာသစ်ကိုပဲ ပေးတရ်လို့တော့ သိရတရ်… ဆေးက ဈေးကြီးလို့ အခြား စင်တာတွေမှာ အခမဲ့ချမပေးနိုင်သေးဘူး ညီမရဲ့… အချို့က တဦးချင်း အလှူရှင်တွေ ပေါ်ပေါက်လာလို့ အဆင်ပြေသွားတာတွေ တွေ့လာရတရ်… အချို့ တတ်နိုင်တဲ့သူတွေကတော့ အပြင်မှာ ၀ယ်သောက်ကြတရ်…”

“ကလေးတွေ စကားပြောနေလိုက်ကြတာ ကော်ဖီတွေတောင် အေးနေပြီ”

“စိတ်ဝင်စားလို့ သောက်ဖို့မေ့သွားတာ အန်တီရဲ့”

“သေချာမှတ်ထားနော် ညီမ… ညီမမှတ်ထားရုံတင်မကဘူး တခြားသူတွေကိုလည်း ဖြန့်ဝေပေးနိုင်ရင်တော့ တဦးစကားကတဆင့် တဦးဆင့်ပွားပြီး ဝေဒနာရှင်တွေဟာ သူတို့အတွက် မျှော်လင့်ခွင့်များစွာ ပိုင်ဆိုင်နိုင်ကြမှာပါ…”

“ဟလို မီးလေး ဘယ်သွားဖို့ရှိသေးလဲ ကစ်ကစ်ကို စိတ်ရှည်လက်ရှည် ရှင်းပြပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ မုန့်ဝယ်ကျွေးမရ်”

“တော်ပါပြီ ကစ်ကစ်ရယ် ညီမကတဆင့် လက်ဆင့်ကမ်းနိုင်မယ်ဆိုရင် ကျေနပ်ပါပြီ… ဟလိုမီးလေးလည်း မအားသေးဘူးကွဲ့ Intermediate Counselling သင်တန်း တက်နေရတရ်… ၇ရက်နေ့မှပြီးမှာ နောက်ကြုံတော့မှကွယ်”

ဟလို မီးလေးကို နှုတ်ဆက်ထွက်ခွာသွားတဲ့ ကစ်ကစ်နောက်ကြောကိုကြည့်ရင်း ဝေဒနာရှင်တွေဆီ ဒီသတင်းလေးရောက်သွားပါစေလို့ မျှော်လင့်ရင်း……

Thursday, February 28, 2008

စကားဝိုင်း

မီးလေး ကောင်ဆယ်လင်းလုပ်တယ်ဆိုတာ ဘာကိုပြောတာလဲ ?
ကောင်ဆယ်လင်းဆိုတာ မြန်မာလိုတော့ တိုက်ရိုက်အတိကျတော့ ဘာသာမပြန်နိုင်သေးဘူး သဲလေးရဲ့... ဒါပေသိ နှစ်သိမ့်ဆွေးနွေးပညာပေးလို့တော့ ခေါင်းစဉ်တပ်ကြတရ်ကွ...

ဒါဆို ပြဿနာတွေကို ဖြေရှင်းပေးတာပေါ့ ?
အဲလိုလည်း မဟုတ်သေးဘူး သဲလေးရဲ့... ခုမီးလေးတို့ တက်တဲ့ VCCT Counselling ဆိုတာ HIV/AIDSနဲ့ ပတ်သက်တဲ့ Voluntary Confident Counselling & Testing ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာစေရန်၊ ကိုယ်တိုင် ဆုံးဖြတ်ချက်ချလာနိုင်ပြီး မိမိဆန္ဒအလျောက် သွေးစစ်ခြင်းကိုခေါ်တာသဲရဲ့.... ပြဿနာကို ဖြေရှင်း ပေးတရ်ဆိုတာထက် ပြဿနာကို သုံးသပ်နိုင်အောင် နှစ်သိမ့်ဆွေးနွေးပေးတရ်လို့ သုံးရင် ပိုမှန်တရ်ကွ...

ဘာကိုကြည့်ပြီး ကောင်ဆယ်လင်းလို့ သတ်မှတ်တာလဲ ?
အင်း... ပြောမယ်ဆို အပိုင်းလေးပိုင်းရှိတယ်ကွ... ကလိုင်းရင့်လာတရ်ဆို ပြဿနာရှိလို့လာတာလေ ကိုက ကလိုင်းရင့်ခံစားနေရတဲ့ စိတ်ခံစားချက်ပေါ်မူတည်ပြီး ဖြေရှင်းပေးမှာလား ဒါမှမဟုတ် ပြဿနာကို ဖြေရှင်းပေး မှာလားဆိုတဲ့ အချက်တွေပေါ် မူတည်တရ်... ဥမပါ အဲလေ ဥပမာ ဆိုကြပါစို့ လူတဦးက အကြွေးတွေ ယူထားတရ်၊ ခုချိန်မှာ ပြန်မဆပ်နိုင်ဘူး၊ ကြွေးရှင်ကလည်း ပြန်မဆပ်ရင် တရားစွဲတော့မယ်ဆိုရင် ဘယ်လို ဖြေရှင်းကြမလဲ... စိတ်ဖိစီးမှုတွေများနေတဲ့ လူကို စိတ်သက်သာရာရအောင် ဖြေရှင်းမှာလား... ဒါမှမဟုတ် အကြွေးဘယ်လိုဆပ်ရမလဲဆိုတာ ဖြေရှင်းမှာလား...

အဲမှာ အပိုင်းလေးပိုင်းကွဲသွားတရ်
၁. ပြဿနာကို အဓိကထားမရ် အခြားလူကို ဖြေရှင်းခိုင်းမယ်ဆိုရင် ပြောဆိုကူညီတရ်လို့ ခေါ်တရ် ကောင်ဆယ်လင်း မဟုတ်ဘူး။
ကလိုင်းရင့်က အမျိုးသမီးဆိုပါစို့...
ကောင်ဆယ်လာ - အမတို့ဆွေမျိုးသားချင်းတွေထဲမှာ ပိုက်ဆံအသင့်အတင့်ရှိတဲ့လူရှိလား။
ကလိုင်းရင့် - ဦးလေးတယောက်တော့ရှိတရ်။
ကောင်ဆယ်လာ - ဒါဆို ဦးလေးကို အကျိုးအကြောင်းပြောပြကြည့်ပြီး ငွေချေးကြည့်လိုက်ပါလား။
ကလိုင်းရင့် - ကျွန်မဦးလေးကို ပြောကြည့်လိုက်မရ်လေ။
ကလိုင်းရင့်က ပြန်သွားတရ် ဒါပေမဲ့ ပြဿနာကို ကလိုင်းရင့် ဦးလေးကို ဖြေရှင်းကြည့်ဖို့ပြောလို့ ပြောဆိုကူညီတဲ့ အပိုင်းကို ရောက်သွားတရ်...

၂. ပြဿနာကို အဓိကထားပြီး ကာယကံကိုယ်တိုင် ဖြေရှင်းခိုင်းမယ်ဆိုရင် အကြံဥာဏ်ပေးတဲ့ အပိုင်းကို ရောက်ပါတရ်။
ကောင်ဆယ်လာ - အမမှာ ပိုက်ဆံမရှိရင် ပစ္စည်းလေး ဘာလေး မရှိဘူးလား
ကလိုင်းရင့် - မူးရင်တောင် ရှုစရာမရှိပါဘူး ဆရာမရယ်၊ မင်္ဂလာဆောင်တုန်းက ခန်းဝင်ပစ္စည်းအနေနဲ့ ပေးလိုက်တဲ့ ဟောနားကပ်ပဲရှိတရ်။
ကောင်ဆယ်လာ - ဒါဆို အဲနားကပ်ကို ပေါင်ပြီး အကြွေးဆပ်လိုက်ပေါ့။ နောက်ကိုယ်အဆင်ပြေမှ တဖြည်းဖြည်း ချင်း ပြန်ရွေးပေါ့။
ကလိုင်းရင့် - အင်းလေ ဒီလိုမှ မလုပ်လည်း မရနိုင်တာကိုး။ ဒီတော့ ပေါင်ရတော့မှာပေါ့။
ကလိုင်းရင့်ပြန်သွားတရ့်အချိန်မှာ ပြဿနာရှင်းသွားတရ်ပြောနိုင်ပေမဲ့ သူကိုယ်တိုင်ဆုံးဖြတ်တာလား ဆိုတော့ မဟုတ်ဘူး။ ကိုယ်အကြံပေးလို့ သူလုပ်မှာ ဒါကြောင့် အကြံဥာဏ်ပေးတရ်ဆိုတဲ့ အပိုင်းပဲရောက်တယ်၊ ကောင်ဆယ်လင်းကို ပီပီပြင်ပြင် မလုပ်နိုင်ဘူး။

၃. လူကို အဓိကထားပြီး အခြားလူကို ဖြေရှင်းခိုင်းမယ်ဆိုရင် ကြိုးကိုင်ဖြေရှင်းတရ်လို့ ခေါ်တရ်။
ကောင်ဆယ်လာ - အမခု ဘယ်လိုခံစားနေရလဲ
ကလိုင်းရင့် - စားလို့လည်း မ၀င်ဘူး၊ အိပ်လို့လည်း မပျော်ဘူး၊ အိပ်ပျော်ပြန်ရင်လည်း အိပ်မက်ဆိုးတွေ မက်ပြီး ခဏခဏလန့်လန့်နိုးတရ်။ ခုတလော ဒီကိစ္စအတွက်ကိုပဲ စိတ်သောကများနေရတယ် ဆရာမရယ်။ ကောင်ဆယ်လာ - အမမှာ ကြွေးရှင်တွေကို နားပေါက်အောင် ပြောနိုင်တဲ့ လူလေးဘာလေး မရှိဘူးလား။
ကလိုင်းရင့် - ဒေါ်ကြီးတော့ ရှိတရ်
ကောင်ဆယ်လာ - ဒါဆို ဒေါ်ကြီးကတဆင့် ထပ်စောင့်ပေးဖို့ ကြွေးရှင်တွေကို ပြောခိုင်းလိုက်ပါလား။
ကလိုင်းရင့် - ဆရာမပြောသလို ကျွန်မဒေါ်ကြီးကို သွားပြောခိုင်းတော့မယ်။
ကလိုင်းရင့်ပြန်သွားတရ့်အချိန်မှာ ပြဿနာတော့ မရှင်းနိုင်ပေမဲ့ စိတ်သက်သာရာတော့ ရသွားတရ်... သူကိုယ်တိုင် မရှင်းတဲ့အတွက် ကြိုးကိုင်ဖြေရှင်းတဲ့ အပိုင်းပဲရောက်တယ်၊ ကောင်ဆယ်လင်းကို ပီပီပြင်ပြင် မလုပ်နိုင်သေးဘူး။

၎. လူကို အဓိကထားပြီး မိမိကိုယ်တိုင် ဖြေရှင်းမယ်ဆိုရင် နှစ်သိမ့်ဆွေးနွေးတရ်လို့ ခေါ်တဲ့ ကောင်ဆယ်လင်း အပိုင်းပါ။
ကောင်ဆယ်လာ - အမခု ဘယ်လိုခံစားနေရလဲ
ကလိုင်းရင့် - စားလို့လည်း မ၀င်ဘူး၊ အိပ်လို့လည်း မပျော်ဘူး၊ အိပ်ပျော်ပြန်ရင်လည်း အိပ်မက်ဆိုးတွေ မက်ပြီး ခဏခဏလန့်လန့်နိုးတရ်။ ခုတလော ဒီကိစ္စအတွက်ကိုပဲ စိတ်သောကများနေရတယ် ဆရာမရယ်။ ကောင်ဆယ်လာ - အမမှာ ကြွေးရှင်တွေကို နားပေါက်အောင် ပြောနိုင်တဲ့ လူလေးဘာလေး မရှိဘူးလား။
ကလိုင်းရင့် - ဒေါ်ကြီးတော့ ရှိတရ်။ သူက ကြွေးရှင်တွေနဲ့ ရင်းနှီးတော့ သူ့ကို သွားပြောခိုင်းရင်တော့ ရနိုင်တရ်။
ကောင်ဆယ်လာ - ပိုက်ဆံကိစ္စကို ဖြေရှင်းဖို့အတွက် အမဘယ်လိုလုပ်မလဲ။
ကလိုင်းရင့် - ပြေလည်သွားရင်တော့ အကောင်းဆုံးပေါ့ဆရာမရယ်။ ကျွန်မရပ်ကွက်ထဲမှာ အ၀တ်လျှော်ရင် တော့ ပိုက်ဆံစုမိမယ်။ ဒါပေမဲ့ ကျွန်မအဲလိုလုပ်ရမှာ ရှက်တယ် ဆရာမရဲ့။
ကောင်ဆယ်လာ - အ၀တ်လျှော်တာ ရှက်စရာမဟုတ်ဘူး အမရဲ့။ သမာအာဇီဝနဲ့လုပ်တဲ့ ဘယ်အလုပ်ကိုမဆို လုပ်ကိုင်စားသောက်တဲ့ သူမှန်သမျှ ရှက်စရာမလိုဘူးလေ အမရဲ့။ တကယ်ရှက်ရမှာက သူများပစ္စည်းခိုးတဲ့သူ၊ မဟုတ်တာမှန်သမျှလုပ်တဲ့သူတွေသာ ရှက်ရမှာ။
ကလိုင်းရင့် - အမပြောတာမှန်ပါတရ်။ ကျွန်မပိုက်ဆံမြန်မြန်ပြန်ဆပ်နိုင်ဖို့ အ၀တ်ပဲလိုက်လျှောက်တော့မယ် အမရယ်။
ကလိုင်းရင့်ပြန်သွားတရ့်အချိန်မှာ ပြဿနာကိုလည်း ဖြေရှင်းနိုင်မရ် စိတ်သက်သာရာလည်း ရသွားတရ်... သူကိုယ်တိုင်လည်း ဖြေရှင်းတရ်။ သူ့ခေါင်းထဲမှာရှိပြီးသား ရုတ်တရက်ဆိုတော့ မစဉ်းစားနိုင်တာ ကိုယ်က သူစဉ်းစားလာနိုင်အောင် မေးခွန်းလေးတွေမေးမယ်၊ သူပြောတာကို စိတ်ဝင်တစားနားထောင်ပေးမယ်၊ အကောင်း အဆိုးလေးတွေ ပြောပြမယ်၊ ကလိုင်းရင့်က သူ့ဘာသာသူ ဆုံးဖြတ်ချက်ချပြီး ပြန်သွားမှသာ ကောင်ဆယ်လင်းဖြစ်တယ်လို့ ပြောလို့ရပါတရ်။

ခုဒီဖြစ်ရပ်ပေါ်မှာရေးထားတာက ကောင်ဆယ်လင်းကို တိုတိုနဲ့ပေါ်လွင်အောင်ရေးခြင်းဖြစ်ပါတရ်။ ဒီအပေါ်မှာ မှားတာတွေ အများကြီးရှိနေနိုင်ပါတရ်။ နောက်များမှ HIV/AIDSရောဂါနဲ့ ကောင်ဆယ်လင်းကို ပို့စ်တင် ပေးပါ့မရ်။