Pages

Saturday, August 9, 2008

စိုသောလက် မခြောက်မီ

သူငယ်ချင်းတို့ရေ
ရှေးအခါက အဘိုးအိုတဦးမှာ သမီးသုံးယောက်ရှိသတဲ့...
တနေ့မှာတော့ အဘိုးအိုဟာ သူ့ရဲ့ သမီးတွေကို အိမ်ထောင်ချထားပေးဖို့ စီစဉ်သတဲ့...
ဒါပေမယ့် သမီးတွေက အိမ်ထောင်မပြုချင်သေးဘူးဆို ငြင်းကြသတဲ့...
အဘိုးကြီးလည်း ဘာလိုလုပ်ရင် ကောင်းမလဲလို့ စဉ်းစားရတာပေါ့...
တနေ့တော့ အဘိုးအိုဟာ ခုလို အကြံရသွားပါတော့တယ်...

အဘိုးအိုက သူ့သမီးသုံးယောက်လုံးကို ရေဇလုံသုံးခုနားမှာ တန်းစီပြီး ရပ်နေစေလိုက်တယ်...
ပြီးတော့ အားလုံးကို တပြိုင်နက်တည်း ရေဇလုံထဲကို လက်နှစ်ခိုင်းလိုက်သတဲ့...
ရေဇလုံထဲက လက်ကို ထုတ်ခိုင်းပြန်သတဲ့...
ရေတွေက လက်ကနေ စက်လက်ကျနေတာပေါ့...
အဘိုးအိုက ရေနှစ်ထားတဲ့လက် အရင်ခြောက်သွားတဲ့သူကို အိမ်ထောင်ချပေးမတဲ့လေ...

အငယ်ဆုံးသမီးလေးက သမီးမယူဘူး၊ သမီးမယူဘူးဆိုပြီး လက်ခါပြီးငြင်းသတဲ့...
ကဲ လက်အရင်ခြောက်သွားတာ ဘယ်သူဖြစ်မလဲ ?
လက်ခါတဲ့ အငယ်ဆုံးသမီးပဲပေါ့ လက်ခါတော့ စက်လက်ကျနေတဲ့ လက်ကရေတွေက စင်သွားတယ်လေ...
ဒီတော့ အရင်ဦးဆုံးခြောက်သွားတဲ့ အငယ်ဆုံးသမီးလေးကို အိမ်ထောင်ချပေးလိုက်သတဲ့...
သူငယ်ချင်းတို့ကို အိမ်ထောင်ပြုဖို့တိုက်တွန်းလာရင် လက်သာခါပေတော့...
သားသမီးရှိတဲ့ သူငယ်ချင်းတွေက အတင်းငြင်းနေပြီဆို သတိသာထားပေတော့ ဗျို့...

တွေးပြီးမှ ပြုံးပါ...
သူငယ်ချင်းများအားလုံးကို လေးစားလျက်

2 comments:

Anonymous said...

ပြုံးပြီးမှ တွေးသွားပါတယ်။

Ulmuka said...

သူက အလည်လေးပဲ.. :)
အငယ်ဆုံးသမီးလေး နာမည်က မီးလေးတဲ့လား..
:P