ခံစားချက်ကို ချရေးတာမို့ သည်းခံဖတ်ပေးကြပါနော်..စက်တင်ဘာလ ၁၂ရက်နေ့မှာ TG 09:50 နဲ့ ဗန်ကောက်ကို သွားမှာမို့ အိမ်က ၈နာရီမှာ ထွက်ခဲ့ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလဆိပ်ကို ၈နာရီ၂၀လောက် ရောက်သွားပါတယ်... ရောက်တယ်ဆိုရင်ပဲ ပါလာတဲ့ အထုပ်တွေ တွန်းလှဲပေါ်တင်ပြီ လေဆိပ်အဆောက်အအုံဝင်းထဲသို့ ၀င်လာခဲ့ပါတယ်… Air Tax ပေး၊ X'Ray ဖြတ်၊ Check in ၀င်နဲ့ Immigration Counter ရောက်တော့ ၈နာရီ ၄၀မိနစ်လောက်ရှိပါပြီ… ကြည့်လိုက်တော့ Myanmar Passport Holder ရေးထားတဲ့ Counter တိုင်းမှာ တန်းစီနေကြတာ မနည်းပေလှဘူး… ကဲ လူနည်းမယ်ထင်တဲ့အတန်းကို တန်းစီတာပေါ့ဆိုပြီ ညာဘက်ထောင့်ဆုံးက ကောင်တာမှာ ၀င်တန်းစီလိုက်ပါတော့တယ်...
Wednesday, October 13, 2010
ရန်ကုန်လေဆိပ်က 0207
Labels:
ဆောင်းပါး
Thanks you all...
လာလည်ကျတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်...
ဘလော့ဂ်မရေးဖြစ်တာ ကျော်ခွရေးရတာ အဆင်မပြေတာကြောင့် မရေးတာရယ်၊ G Mail က ရေးရင် Setting လုပ်မရ (လုပ်မတတ် :)) တာရယ်ကြောင့် စာရေးကျဲနေတာ ခွင့်လွတ်ကျဖို့နဲ့ ဒီနေရာကနေ တောင်းပန်ပါရစေ...
ကျော်စရာ ခွစရာမလိုတဲ့ ဗန်ကောက်ရောက်တဲ့အချိန်မှာ ရေးဖို့ ကြိုးစားပေမဲ့ အချိန်မပေးနိုင်တာရယ်ကြောင့် ကုန်ကြမ်းတွေရှိပြီး မချရေးနိုင်ခဲ့ပါဘူး...
နောက်များ အချိန်ရရင်ဖြင့် အိန္ဒိယကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေရော စင်္ကာပူ၊ မလေးသွားတုန်းက ပျော်ခဲ့ရတာတွေရော အကုန်ပေါင်းရေးပါ့မည်..
မငြီးမငြူလာဖတ်ကြတဲ့ စာဖတ်သူများကို လေးစားလျက်
မီးလေး
ဘလော့ဂ်မရေးဖြစ်တာ ကျော်ခွရေးရတာ အဆင်မပြေတာကြောင့် မရေးတာရယ်၊ G Mail က ရေးရင် Setting လုပ်မရ (လုပ်မတတ် :)) တာရယ်ကြောင့် စာရေးကျဲနေတာ ခွင့်လွတ်ကျဖို့နဲ့ ဒီနေရာကနေ တောင်းပန်ပါရစေ...
ကျော်စရာ ခွစရာမလိုတဲ့ ဗန်ကောက်ရောက်တဲ့အချိန်မှာ ရေးဖို့ ကြိုးစားပေမဲ့ အချိန်မပေးနိုင်တာရယ်ကြောင့် ကုန်ကြမ်းတွေရှိပြီး မချရေးနိုင်ခဲ့ပါဘူး...
နောက်များ အချိန်ရရင်ဖြင့် အိန္ဒိယကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေရော စင်္ကာပူ၊ မလေးသွားတုန်းက ပျော်ခဲ့ရတာတွေရော အကုန်ပေါင်းရေးပါ့မည်..
မငြီးမငြူလာဖတ်ကြတဲ့ စာဖတ်သူများကို လေးစားလျက်
မီးလေး
Labels:
My Notes
Thursday, September 9, 2010
အဝေးသင်တက္ကသိုလ် စာမေးပွဲများ ဖြေဆိုရတော့မည်...
ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေး အဝေးသင်တက္ကသိုလ် အတန်းတင်စာမေးပွဲများ ကျင်းပမည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ပါရှိသဖြင့် သတင်းစာ မဖတ်ရသေးသည့် အဝေးသင်ကျောင်းသား/သူများအတွက် အချိန်ဇယားများ -
(က) ပထမအသုတ်သင်တန်းနှစ် အထူးပြု
ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် သိပံ္ပအထူးပြုအားလုံး
အနီးကပ်သင်တန်း ပို့ချမည့်ရက် စာမေးပွဲကျင်းပမည့်ရက်
၎-၁၀-၂၀၁၀ မှ
၁၁-၁၀-၂၀၁၀
(ခ) ဒုတိယအသုတ်
သင်တန်းနှစ် အထူးပြု
ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် အင်္ဂလိပ်စာ၊ ပထ၀ီဝင်၊
ဒဿနိကဗေဒ၊ စိတ်ပညာ၊
အရှေ့တိုင်းပညာ၊ ဥပဒေပညာ
အနီးကပ်သင်တန်း ပို့ချမည့်ရက် စာမေးပွဲကျင်းပမည့်ရက်
၁၄-၁၀-၂၀၁၀ မှ ၂၈-၁၀-၂၀၁၀ မှ
၂၄-၁၀-၂၀၁၀ ၄-၁၁-၂၀၁၀
သင်တန်းနှစ် အထူးပြု
စတုတ္ထနှစ် ဥပဒေပညာ
အနီးကပ်သင်တန်း ပို့ချမည့်ရက် စာမေးပွဲကျင်းပမည့်ရက်
၁၄-၁၀-၂၀၁၀ မှ ၂၈-၁၀-၂၀၁၀ မှ
၂၄-၁၀-၂၀၁၀ ၄-၁၁-၂၀၁၀
(ဂ) တတိယအသုတ်
သင်တန်းနှစ် အထူးပြု
ပထမနှစ်၊ ဒုတိယနှစ်၊ မြန်မာစာ၊ မြန်မာမှု၊ ရသစာပေ
တတိယနှစ် သမိုင်း၊ စီးပွားရေးပညာ
ပြည်သူ့ရေးရာ၊ အိမ်တွင်းစီးပွား
စီးပွားစီမံ
အနီးကပ်သင်တန်း ပို့ချမည့်ရက် စာမေးပွဲကျင်းပမည့်ရက်
၁၀-၁၁-၂၀၁၀ မှ ၂၂-၁၁-၂၀၁၀ မှ
၁၉-၁၁-၂၀၁၀ ၂၉-၁၁-၂၀၁၀
အဝေးသင်ကျောင်းသား/သူများ စာမေးပွဲ အခက်အခဲမရှိ ဖြေဆိုအောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်
မီးလေး
Labels:
Announcement News
Wednesday, September 1, 2010
ဖတ်လိုက်မိတဲ့ ခေါင်းစဉ်တပုဒ်
စာတွေ အရေးကျဲသွားတာ စာဖတ်သူအားလုံးနဲ့ ညီအစ်ကို မောင်နှမတွေကို ပထမဆုံး တောင်းပန်ပါရစေ...
ကိုနေသစ်ပြောသလို မင်္ဂလာရှိသွားလို့ မရေးဖြစ်တာ မဟုတ်ပါဘူး၊ ရေးဖို့ စိတ်ထဲရှိပြီး မရေးနိုင်ခဲ့တာပါ...
ဟိုတရက်က Snap Shot ဂျာနယ် တစ်စောင် ၀ယ်ဖတ်ရင်း ဖတ်လိုက်မိတဲ့ ခေါင်းစဉ်လေးကတော့ "သူခိုးလူပြန်ဟစ်သည့် ဖြစ်ရပ်များ ခေတ်စားနေ" ဆိုတဲ့ ခေါင်းစဉ်လေးကို သတိထားမိလိုက်တယ်... အဲ့ခေါင်းစဉ်ကို ဖတ်ရင်း ညီအစ်ကိုမောင်နှမတွေ စာဖတ်သူတွေကို မျှဝေပေးချင်တဲ့စိတ် ဖြစ်ပေါ်မိလို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ... Snap Shot ဂျာနယ်မှာ ပါတဲ့အတိုင်း ပြန်ဖောက်သည်ချပေးရရင်ဖြင့်...
Labels:
Announcement News
Friday, June 4, 2010
ဘ၀သစ်ပြင်ဆင်မှုအတွက် အမှတ်တရနေ့လေးများ
ကိုယ်တိုင် မင်္ဂလာပွဲလုပ်မှပဲ မင်္ဂလာပွဲဖြစ်မြောက်ဖို့(အချိန်ပိုင်း ၂နာရီ)အတွက် ဘယ်လောက်ထိ ပင်ပန်းရတယ်ဆိုတာ သိလာရပါတယ်... လူပင်ပန်းတယ် ဆိုတာထက် စိတ်ပင်ပန်းတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်... မင်္ဂလာပွဲနီးလာလေ လုပ်စရာတွေလည်း များလာလေပါပဲ... ဘယ်လောက်ပဲ ကြိုတင် ပြင်ဆင်ထားခဲ့ပေမဲ့ အဆင်ပြေပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်ကလည်း ပျော်ရွှင်မှုနဲ့အတူ ဒွန်တွဲလို့ ပါလာခဲ့ပါတယ်... သတို့သား၊ သတို့သမီး ၀တ်စုံကိုတော့ သင်္ကြန်မတိုင်ခင် ကတည်းက ရွေးထားပြီးသားဖို့ အဲ့အလုပ်တော့ မရှိတော့ပေမဲ့ လက်ဖွဲ့ပြန်ကမ်းဖို့အတွက် စိတ်သောက များရပါသေးတယ်... (ပြန်ကမ်းတဲ့ လက်ဆောင် အတွက် လူပန်း စိတ်ပန်းခံပြီး ကူညီပေးခဲ့တဲ့ ဘလော့ဂါ အစ်ကိုတော် Breeze နှင့် မီးလေး လောသမျှကို စိတ်ညစ်ခံပြီး အချိန်ပေးပြီး ပစ္စည်းမှာတာက အစ ပစ္စည်းပို့ပေးတဲ့အထိ အပင်ပန်းခံပြီး ကူညီပေးခဲ့တဲ့ မမ မမီးလေးဇာကိုလည်း ကျေးဇူးတင်မိပါတယ်... )
Labels:
ဆောင်းပါး
Monday, April 19, 2010
မေ့မရတဲ့ ၂၀၁၀ သင်္ကြန်
သင်္ကြန်အကြိုနေ့ (၁၃.၄.၂၀၁၀)ဒီနှစ် သင်္ကြန်ကို မင်္ဂလာဆောင်လဲ နီးပြီမို့ နေလောင်မှာစိုးပြီး ဘယ်မှ မသွားဘူး စီစဉ်ဖြစ်ခဲ့ပေမဲ့ ကမ္ဘာအေးဘုရားလမ်းက မဏ္ဍပ်တခုမှာ သူနဲ့အတူထိုင်ဖြစ်ခဲ့ပါတယ်... ဒီနှစ် အင်ယားလမ်းမှာ မဏ္ဍပ်ပေးမဆောက်တာကြောင့် ကန်တော်ကြီး၊ ပြည်လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းတွေမှာသာ မဏ္ဍပ်တွေရှိပြီး ကန်တော်ကြီးမှာတော့ မဏ္ဍပ်အများဆုံးရှိပြီး ကမ္ဘာအေးဘုရားလမ်းမှာ အနည်းဆုံးဖြစ်ပါတယ်... အကြိုနေ့ မနက်ပိုင်းမှာတော့ ရေပက်ခံ ကားတွေ နည်းပေမဲ့ ရေပက်တဲ့ သူတွေတော့ မဏ္ဍပ်မှာ များနေခဲ့ပါတယ်... ညနေပိုင်း လောက်မှာ မဏ္ဍပ်ဖွင့်ပွဲလုပ်ပါတယ်... ညနေပိုင်းမှာတော့ ကမ္ဘာအေးဘုရားလမ်းက ၆လမ်း သွားဖြစ်ပေမဲ့ ကားတွေ ပြည့်ကြပ်နေခဲ့ပါတယ်... လူငယ်တွေလည်း လူငယ်တွေအလျောက် ပျော်ရွှင်နေကြသလို ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတွေမှာလဲ ဥပုသ်သီတင်း စောင့်သူတွေနဲ့ စည်ကားလျက်ရှိပါတယ်... ဒီလိုနဲ့ သင်္ကြန်အကြိုနေ့လေး ကုန်ဆုံးခဲ့ပါတယ်...
Labels:
Daily Diary
Sunday, April 11, 2010
နီးလာပြီ ဖြစ်တဲ့ မင်္ဂလာရက်မြတ်...
ခုတလော မီးလေးတယောက် သူများဘလော့တွေ လည်ဖို့ မပြောနဲ့ ကိုယ့်ဘလော့ကိုယ်တောင် မရောက်တာ အတော်ကြာနေပါပြီ... မရောက်ဆို ကျောင်းကိစ္စတွေနဲ့ မီးလေးရဲ့ လက်တွဲဖော်နဲ့အတူ ဘ၀သစ်တခု ထူထောင်ဖို့ အတွက် လိုက်စီစဉ်နေရတဲ့ အတွက်လဲ ပါပါတယ်... မီးလေးရဲ့ လက်တွဲဖော်နဲ့ ချစ်သူသက်တမ်း ၄နှစ်မှာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်... မီးလေးတို့ နှစ်ယောက်က အမြဲတမ်း စိတ်တူကိုယ်တူနဲ့ စဉ်းစားတွေးခေါ်မှုတွေက အမြဲ ထပ်တူညီခဲ့ကြပါတယ်... ခုဆို မီးလေးတို့ ချစ်သူသက်တမ်း ၄နှစ်နဲ့ ၄လရှိခဲ့ပါပြီ... ခုချိန်ထိ မီးလေးတို့ ပြဿနာအကြီးအကျယ် မရှိခဲ့ကြပါဘူး... သူများတွေလို ရန်လဲ မဖြစ်ခဲ့ဖူးပါဘူး... မီးလေးတို့ တယောက်နဲ့ တယောက် နားလည်မှု အပြည့်အ၀ရှိတဲ့အတွက် ရေရှည်လက်တွဲရမည့် ဘ၀လက်တွဲဖော် အဖြစ် လက်တွဲဖို့ ဆုံးဖြတ်လိုက်တဲ့ နေ့ကစလို့ အလုပ်တွေ ရှုပ်တော့တာပါပဲ... ပင်ပန်းပေမဲ့လည်း ပျော်ရွှင်နေကြပါတယ်...ဒီဇင်ဘာလ၊ ၂၆ရက်၊ ၂၀၀၉ခုနှစ်မှာ နှစ်ဖက်မိဘများနဲ့ ဆွေမျိုးများ ရှေ့မှောက်မှာ စေ့စပ်ကြောင်းလမ်းပွဲလေး လုပ်ခဲ့ကြပါတယ်... ခု ဧပြီလ ၂၂ရက်နေ့မှာတော့ လက်မှတ်ရေးထိုးပွဲနဲ့ မင်္ဂလာဦး ဆွမ်းကျွေးအလှူ ပြုလုပ်မှာ ဖြစ်ပြီး မေလ ၁၅ရက်နေ့မှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပမှာဖြစ်ပါတယ်...နောက် ၁၀ရက်ဆို မီးလေးဟာ Single မှ အိမ်ထောင်ရှင်ဘ၀ကို ချစ်ခင်လေးစားရတဲ့ လက်တွဲဖော်နဲ့အတူ လျှောက်လှမ်းရမှာ ဖြစ်ပါတယ်... မင်္ဂလာနေ့ရက် နီးလာလေ ပျော်ရွှင်ခြင်း၊ ရင်ခုန်ခြင်းနှင့်အတူ စိုးရိမ်စိတ်တွေလည်း များနေရပါတယ်... အဆင်ပြေပြေနဲ့ ကိုယ်စီစဉ်ထားသလို ဖြစ်ပါ့မလားဆိုပြီး နှစ်ဦးစလုံး သောကများနေရပါတယ်...
မင်္ဂလာပွဲအတွက် လွန်ခဲ့တဲ့ လေးလလောက် ကတည်းက Plan ချပြီး လုပ်ခဲ့ကြလို့ အခုဆိုရင် စီစဉ်စရာ အနည်းငယ်ပဲ ကျန်တဲ့အတွက် တပိုင်းတော့ ခေါင်းအေးရပါတယ်... ဒီနေ့ မင်္ဂလာဧည့်ခံပွဲအတွက် ဖိတ်စာတွေလည်း လက်ထဲရောက်နေပါပြီ... ကြည်နူးပျော်ရွှင်စွာ နေ့ရက်များဆီသို့ မှန်းမျှော်ရင်း...
Labels:
Daily Diary
Wednesday, February 24, 2010
ကလေးအဖေ
အိမ်ထောင်သက် နှစ်၅၀မြောက် ကျင်းပသော ပါတီပွဲ တခုတွင်ဖြစ်သည်…ယောက်ျား - ဒီနေ့ဟာ တို့တွေရဲ့ အိမ်ထောင်သက်ဟာ နှစ်၅၀တိုင်ခဲ့ပြီ… တို့တွေရဲ့ အိမ့်ဆည်းလည်းတွေကလည်း ခုဆို ၇ယောက်ရှိခဲ့ကြပြီ… ထူးခြားတာ တခုက သားသမီး ၇ယောက်ထဲက တယောက်က အခြားကလေးတွေနဲ့ မျက်နှာပုံစံတခြားစီ ဖြစ်နေတယ်… ငါမေးရင် မင်း အမှန်အတိုင်းပြောမလား…မိန်းမဖြစ်သူက ဖြေပါ့မယ်လို့ ပြောလိုက်တယ်…ယောင်္ကျား - အဲ့ကလေးက တခြားတယောက်နဲ့ မွေးတဲ့ ကလေးလား…မိန်းမဖြစ်သူက မ၀င့်မရဲနဲ့ ခေါင်းညိတ်ရှာတယ်… ယောင်္ကျားလုပ်သူက အဲ့ဒီသူက ဘယ်သူလဲ ငါသိပါရစေကွာလို့ ပြောတော့ မိန်းမဖြစ်သူ ၀မ်းနည်းကြေကွဲတဲ့ လေသံနဲ့ ပြန်ဖြေလိုက်ပုံကမိန်းမ - အဲဒီ့သူက ရှင်ဖြစ်နေလို့လေ…တွေးပြီးမှပြုံးပါ...
Labels:
ဟာသ
Implementing and Administering a Standardized Network
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
"Implementing and Administering a Standardized Network"
သင်တန်းပို့ချမည်
သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း (MCPA) နှင့် Assembler, Compu-Tech, M.S.T, BizNet Computer Center တို့ ပူးပေါင်းစီစဉ်မှုဖြင့် "Implementing and Administering a Standardized Network" သင်တန်းအား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ e-Learning Center တွင် မတ်လ(၄)ရက်နေ့ မှ မတ်လ(၈)ရက်နေ့အထိ နံနက်(၉း၀၀)နာရီ မှ ညနေ(၅း၀၀) နာရီ အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။
အဆိုပါသင်တန်းတွင် Network အခြေခံသဘောတရားများ၊ Standard များမှ အစပြုပြီး၊ အဆင့်မြင့် မျက်မှောက် နည်းပညာရပ်များ IPv6, Cat6Cabling, Hotspot, Infosecurity, WAN Technologies, Server Managements များ စာတွေ့၊လက်တွေ့ပါဝင်ပြီး MCPA စာမေးပွဲများနှင့် Network အထူးပြု Certification များဖြေဆိုရာတွင် အထောက်အကူ ရရှိပါမည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ မတ်လ (၂)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါသည်။
သင်တန်းဖွင့်မည့်ရက် - မတ်လ (၄) ရက်နေ့ မှ (၈)ရက်နေ့အထိ။သင်တန်းအမည် - Implementing and Administering a Standardized Network
သင်တန်းနေရာ - Myanmar Info-Tech , e-Learning Center.
သင်တန်းအချိန် - နံနက် (၉း၀၀)နာရီ မှ (၅း၀၀)နာရီအထိ
သင်တန်းကြေး - ၉၀၀၀၀ ကျပ် ( သင်တန်း ၅ ရက်အတွက် နေ့လည်စာနှင့် Tea Break ပါဝင်သည်။)(မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ ၅ % Discount ပေးပါမည်။)
Labels:
Announcement News
Tuesday, February 23, 2010
သံဝေဂ
သေရွာကာလ၊ ရောက်ကြသောအခါကိုယ့်နောက်ကိုကား၊ ဘာများပါမှာပစ္စည်းစုစု၊ တစ်ခုမပါကိုယ်ပြုထား ကံများပါမည်သာ။
အထုပ်ကလေး တစ်ပြင်ပြင်ကိုယ့်နောက်ပါမည်ထင်အထုပ်ရှင် သေလို့သွားကျန်တဲ့သူတွေ ဝေလို့စားအထုပ်ရှင်မှာ အလကားဘာကမှလည်း ပါမသွားသေရွာကျတော့ အပါယ်လားနိဗ္ဗာန်ရောက်ဖို့ အခက်သား။ ။(တိပိဋကဓရဆရာတော် ဦးကောသလ္လ)
မှတ်ချက် - မေတ္တာရှင်(ရွှေပြည်သာ)၏ ထေရ၀ါဒမှတ်ကျောက် စာအုပ်မှ ကြိုက်နှစ်သက်သော သံဝေဂလင်္ကာ
Labels:
ဘာသာရေး
Saturday, January 30, 2010
လက်မထပ်ခင် သွေးစစ်ပါ...
“လရိပ်... နင့်ကောင်လေးကို ယမင်း မနေ့က ကလပ်တစ်ခုက ထွက်လာတာ တွေ့လိုက်တယ်”“ဟင်... ဟုတ်လို့လား၊ ယမင်း လူမှားတာ နေပါလိမ့်မယ်...”“လရိပ်... နင် နင့်ကောင်လေးကို ယုံလွန်းအားကြီးတယ်ဟာ၊ ယမင်းမှ မဟုတ်ဘူး ဆွေနဲ့လည်း ဆုံဖူးတယ်... သူကတော့ ဆွေ့ကို မမြင်ဘူး... ကောင်မလေးတစ်ယောက်နဲ့ ပျော်လို့ မြူးလို့...”“နင်တို့တွေပြောတာ ဟုတ်ရော ဟုတ်ရဲ့လား...”“အော်... တကယ်ပါဆိုမှ နင်တို့က ယူကြတော့မှာ HIV လေး ဘာလေး စစ်ကြည့်ဦး...”
ကျွန်မ သူငယ်ချင်းတွေ ပြန်သွားကြပေမဲ့ သူတို့ ပြောသမျှ စကားအခွန်းတိုင်း အခွန်းတိုင်း ကျွန်မနားက မထွက်ပါဘူး... အိပ်ယာပေါ်မှာ လူးလှိမ့်နေခဲ့ပေမဲ့ တညလုံး အိပ်မပျော်ခဲ့ပါဘူး... ကျွန်မတို့ရဲ့ မင်္ဂလာဆောင်ကလည်း နီးကပ်နေပြီမို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပါဘူး... ကျွန်မ ၀မ်းအနည်းဆုံးက မောင် ကျွန်မအပေါ် သစ္စာဖောက်ခြင်းပါပဲ... မောင်က ကျွန်မနဲ့ မတွဲခင် ခြေရှုပ်ခဲ့တာကို သိပေမဲ့ ကျွန်မနဲ့ တွဲပြီးနောက်ပိုင်း ခြေမရှုပ်တော့ပါဘူးလို့ ကတိပေးထားခဲ့ဖူးပါတယ်... ကျွန်မ မောင့်ကို စိတ်သန့်သန့်နဲ့ ချစ်နိုင်ပေမဲ့ သူ့မှာ HIV ပိုး ရှိနေမှာ ကြောက်နေမိတယ်... ဆွေပြောသလို သူ့ကို သွေးပဲ သွားစစ်ခိုင်းရမလားဆိုတာ ဝေခွဲမရသေးပါဘူး... အတွေးတွေနဲ့တင် မနက်မိုးလင်းခဲ့ပါတယ်...
“သမီး လရိပ်ရေ အောက်မှာ မောင်ဝဏ္ဏရောက်နေတယ်...”“ဟုတ်ကဲ့ ... မေမေ”
ကမန်းကတန်း အင်္ကျီလဲပြီး အိမ်အောက်ထပ်ကို ဆင်းလာခဲ့လိုက်တယ်...
“မောင်. ကျွန်မနဲ့ အပြင်ခဏလိုက်ခဲ့ပေးပါ...”“အိုခေ မောင်လိုက်ပို့ပေးမယ်၊ လရိပ် ဘယ်သွားမလဲ...”“စကားအေးဆေးပြောလို့ ရမယ့် တစ်နေရာပေါ့..”“အင်း သွားကြတာပေါ့...”
အိမ်ကထွက်လာတဲ့ အချိန်ကနေ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်ငြိမ်သက်လို့နေပါတယ်။ တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သူကတော့...
“ခုတလော မောင် အရမ်းအလုပ်တွေ ရှုပ်နေလို့ ချစ်ဆီတောင် မရောက်ဖြစ်ဘူး... မောင် မလာလို့ မောင့်ကို စိတ်ကောက်နေတာလား...”
ကျွန်မ ဘာမှ ပြန်မဖြေဖြစ်၊ ကျွန်မက အဲ့လောက် သဘောထား သေးသိမ်တဲ့ သူမှ မဟုတ်ဘဲ မောင်ဘာကြောင့် ကျွန်မကို လိမ်နေရတာလဲ။ မောင် တခြားကောင်မလေးတွေနဲ့ တွဲနေတယ် ဆိုတာထက် ကျွန်မကို လိမ်ပြောခြင်းကို ပိုပြီး စိတ်တိုမိတယ်။ မောင့်ကို ကျွန်မ ဘယ်လောက်ထိ ချစ်တယ်ဆိုတာ မောင်အသိ။ မောင့်ကို ဘယ်သူနဲ့တွဲနေနေ ကျွန်မကို ပေးသိပါ၊ ကျွန်မ နားလည်ပေးနိုင်ပါတယ်လို့ ပြောထားပါလျက် ကျွန်မကို လိမ်တာ ကျွန်မ ဘယ်လောက်ထိ ခံစားရသလဲ မောင် နားလည်နိုင်မှာ မဟုတ်ပါဘူးလေ။
“သေချာပြီ မောင့်ကို စိတ်ကောက်နေတာ မဟုတ်လား...”“မောင် ကျွန်မ စိတ်ကောက်ရအောင် ကလေးမဟုတ်ဘူး...”
ကျွန်မအသံ အတော်လေး မာသွားတယ်ထင်တယ်၊ မောင်က ကျွန်မကို ကြောင်ပြီး ငေးကြည့်နေတယ်။
“မောင် ဒီရက်ပိုင်း ဘာတွေလုပ်နေတယ်ဆိုတာ မောင် မပြောပေမဲ့ လရိပ်သိနေတယ်... မောင်ဘာလုပ်လုပ် ကျွန်မ နားလည်ခွင့်လွှတ်တတ်အောင် ကျွန်မ ကြိုးစားနေခဲ့တယ်... မောင် ဘယ်သူတွေနဲ့ ဘယ်နှယောက်တွဲတွဲ ကျွန်မသည်းခံနိုင်တယ်... ဒါပေမဲ့ မောင် စည်းမစောင့်ခဲ့ဘူး... ခုတော့ သူများတွေပြောမှ သိရတယ်... နောက်ဆုံး ကုန်ကုန်ပြောမယ် မောင်လူပျိုမဟုတ်တော့ဘူးဆိုတာကအစ ကျွန်မသိပြီးပြီ... ကျွန်မတို့ မင်္ဂလာပွဲကလည်း နီးနေပြီ ကျွန်မဘာလုပ်သင့်လဲ... ပြောပါဦး... ပြောဦးလေ မောင် ခုကျတော့ မောင့်ပါးစပ်က ဘာလို့ ပိတ်နေရတာလဲ...”“မောင် မှားခဲ့တယ်ဆိုတာကို ၀န်ခံပါတယ်... ဒါပေမဲ့ ချစ်ကို ဘယ်လောက်ထိချစ်တယ်ဆိုတာ ချစ်အသိဆုံးပါ... မောင် ချစ်နဲ့ မခွဲနိုင်လို့လဲ လက်ထပ်ဖို့ အထိ ဖြစ်လာခဲ့တာပေါ့... မောင် ဘယ်သူတွေနဲ့ပဲ တွဲခဲ့ တွဲခဲ့ ချစ်တစ်ယောက်တည်းကိုပဲ နှလုံးသားနဲ့ ရင်းပြီးချစ်ခဲ့တာပါ... မောင် နောက်ဘယ်သူနဲ့မှ မပတ်သက်ဘဲ နေပါတော့မယ်... မောင့်ကို နောက်ဆုံးအနေနဲ့ အခွင့်အရေးတခါတော့ ပေးပါနော်... မောင် တောင်းပန်ပါတယ် ချစ်ရယ်... မောင် ချစ်ကို တကယ်ချစ်တာပါ...”
မောင်က ပြောရင်းနဲ့ ကျွန်မလက်ကလေးကို ညင်သာစွာ ဆုတ်ကိုင်လိုက်ချိန်မှာတော့ မျက်ဝန်းမှာ မိုးရွာခဲ့ရပါပြီ...
“ချစ် ဘယ်သွားချင်လဲ မောင်လိုက်ပို့ပေးမယ်လေ...”
“ကျွန်မ ဘယ်မှ မသွားချင်ဘူး မောင်၊ ကျွန်မကို ဆွေတို့အိမ်ပဲ လိုက်ပို့ပေးပါ... ကျွန်မ ဆွေတို့အိမ်ကနေပဲ ပြန်လိုက်မယ်...”
မောင် ကျွန်မကို ဆွေတို့အိမ် လိုက်ပို့ပေးပြီး ပြန်သွားတော့ ကျွန်မလည်း ဆွေတို့နေရာ တိုက်ခန်းပေါ်သို့ တက်လာခဲ့လေသည်။ ကျွန်မရဲ့ ခြေလှမ်းတွေကတော့ လေးလံနေဆဲ...
“ဟော...လရိပ်ပါလား လာ လာ...”“လရိပ် ကိစ္စရှိလို့လား... သက်သက် အလည်ပဲလား...”“ဆွေနဲ့ တိုင်ပင်စရာရှိလို့...”“မေမေ... လရိပ်နဲ့ အခန်းထဲ သွားစကားပြောလိုက်ဦးမယ်...”“အေး..အေး သမီးလရိပ် ထမင်းစားပြီးမှ ပြန်နော်...”“ဟုတ်ကဲ့ အန်တီ၊ အန်တီ လက်ရာတောင် မစားရတာ ကြာပြီ...”“အေးပါ... ကဲကဲ သူငယ်ချင်းတွေ အေးအေးဆေးဆေး စကားပြောကြဦး...”“ကဲ ဆိုပါဦး..”“ဆွေ လရိပ်ဘာလုပ်ရမှန်း မသိတော့ဘူး”“ဘာကိစ္စနဲ့ ပတ်သက်လို့လဲ”“မောင့်ကိစ္စပေါ့...”“လရိပ်က ဘယ်လိုဖြစ်ချင်ပြီး ဘာလုပ်ချင်လို့လဲ... ဆွေ ဘာလုပ်ပေးရမလဲ...”“လရိပ်စိုးရိမ်နေတယ် ဆွေရယ်... မောင်တွဲခဲ့တဲ့ သူတွေက CSWတွေ ဆိုတာလည်း သိရဲ့နဲ့... မောင့်မှာ သူတို့တွေဆီက ပိုးတွေကူးလာမှာ ကြောက်နေမိတယ်ဟ...”“အဲ့တော့ လရိပ်က သွေးစစ်ကြည့်ချင်တယ် ဆိုပါတော့...”“အင်း ဟုတ်တယ်... ဒါပေမဲ့ မောင့်ကိုလဲ ပြောမထွက်ဘူး...”“ဒါဆို ဆွေ မေးမယ်နော်... လရိပ်စဉ်းစားပြီးမှ ဖြေနော်...”“အင်း”
“သွေးစစ်လို့ HIV ပိုး တွေ့ခဲ့မယ် ဆိုရင် လရိပ်ဘာလုပ်မယ် စဉ်းစားလဲ...”“မောင့်မှာသာ အဲ့ရောဂါပိုး ရှိမယ်ဆိုရင်တော့ လက်ထပ်ဖို့ကို ဖျက်သိမ်းရမှာပေါ့...”“လရိပ်... သူငယ်ချင်း ဘယ်လောက်ခံစားနေရတယ် ဆိုတာကို ဆွေနားလည်ပါတယ်... HIV ပိုး စစ်တာနဲ့ ပတ်သက်ပြီး ဆွေသိသလောက် ပြောပြမယ်... လရိပ်သေချာ စဉ်းစားကြည့်ပေါ့... HIVပိုးတွေ့ရင် လမ်းခွဲမယ်လို့ စဉ်းစားထားရင် မစစ်ဘဲနဲ့ လမ်းခွဲလိုက်တာက ပိုသင့်တော်မယ်လို့ ဆွေတော့ထင်တယ်... လရိပ်လည်း သိပြီးသားနေမှာပါ... လက်မထပ်ခင် သွေးစစ်ပါဆိုတဲ့ ကျန်းမာရေး ဆောင်ပုဒ်လေးလေ... အဲ့ဒါက HIVပိုးတွေ့ရင် ချစ်သူရည်းစားတွေ လမ်းခွဲဖို့ မဟုတ်ဘူး လရိပ်... ကိုယ်သာ တကယ်ချစ်ရင် သူဘာကြီးပဲ ဖြစ်နေနေ မျှဝေခံစားကြမှာပဲလေ...”
“ဆွေ ပြောတာ လရိပ်မရှင်းဘူး... ဒါဆို ဘာလို့ သွေးစစ်ခိုင်းရတာလဲ...”“အဲ့ဒီရဲ့ နောက်ဆက်တွဲ ဆောင်ပုဒ်လေးတွေ ရှိသေးတယ် လရိပ်ရဲ့... သွေးမစစ်ခင် နှစ်သိမ့်ဆွေးနွေးမှု ခံယူပါ ဆိုတဲ့ ကဏ္ဏလေးပဲ... လရိပ်တို့ နှစ်ယောက်စစ်မယ် ဆိုရင် တစ်ယောက်ချင်းစီ နှစ်သိမ့်ဆွေးနွေးမှုခံယူပြီးမှ သွေးစစ်ရတယ်... သွေးအဖြေယူတဲ့အခါမှာလဲ တစ်ယောက်ချင်းစီ နှစ်သိမ့်ဆွေးနွေးမှု ခံယူပြီးမှ သွေးအဖြေပေးတယ်... ပြီးတော့ နှစ်ယောက်လုံး နှစ်သိမ့်ဆွေးနွေးမှုခံယူရတယ်...”
“နှစ်သိမ့်ဆွေးနွေးမှုခံယူတယ်ဆိုတာက ဘာတွေပြောတာလဲဟင်...”“ပြောတယ်ဆိုတာထက် သွေးစစ်မဲ့သူရဲ့ အကြောင်းတွေကို နားထောင်ပေးတယ်... ပြီးတော့ HIV အကြောင်း ဘယ်လောက်သိလဲ မေးတယ်... မသိသေးရင် ပြောပြတယ်၊ သိပြီးသားဆိုရင်တော့ လိုအပ်တာလေးတွေ ဖြည့်စွက် ပြောတယ်... သွေးအဖြေကို ဘာပဲဖြစ်ဖြစ် ခံနိုင်ရည်ရှိတဲ့ အခြေအနေရှိမှ သွေးစစ်ပေးတယ်... ကိုယ်က သွေးအဖြေအပေါ် ခံနိုင်ရည်မရှိသေးရင် နှစ်ကြိမ် သုံးကြိမ် လိုအပ်ရင် လိုအပ်သလို နှစ်သိမ့်ဆွေးနွေးမှု ခံယူရတယ်... ကိုယ်က HIVပိုး ကူးနိုင်တဲ့ အမူအကျင့်တွေ ရှိခဲ့မယ်ဆိုရင် မကူးစက်နိုင်အောင် ဆောင်ရန် ရှောင်ရန်တွေကိုပြောပြတယ်... ဥပမာကွာ ယောင်္ကျားလေးမှာ HIV ပိုး ရှိနေတယ် ဆိုပါစို့... တစ်ဖက်သားက မပြောရင် ကိုယ်မှ မသိနိုင်တာပဲလေ... ကိုယ်နဲ့ လက်တွဲရမယ့် ဘ၀လက်တွဲဖော်မှာ HIV ပိုးရှိနေတာကို လက်မခံနိုင်တဲ့ သူတွေဆိုရင်တော့ ကာယကံရှင်က လွဲပြီး တခြားသူကို ပေးမသိဘဲ ထားလိုက်ရတာတွေရှိတယ်... ဒါပေမဲ့ ကိုယ့်လက်တွဲဖော်ကို မကူးစက်နိုင်အောင် ဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတာတွေကို သူတို့ကို သေချာရှင်းပြပေးရတာတွေရှိတယ်... အတူနေတာ ကလေးယူတာတွေက အစပေါ့... တစ်ယောက်ယောက်မှာ HIVရှိရင် ကလေးမယူတာက ပိုသင့်တော်တယ်လေ... ကလေးယူဖို့အတွက် နောက်တစ်ယောက်ကလည်း ကူးစက်မှုခံရနိုင်သလို မွေးလာမဲ့ ကလေးမှာလဲ ကူးစက်ခံရနိုင်တာမို့လေ.... တချို့ကတော့ ခံနိုင်ရည်ရှိတဲ့အတွက် နှစ်ယောက်လုံး တိုင်တိုင်ပင်ပင်နဲ့ ဘ၀ခရီးကို ဖြတ်သန်းကြတဲ့ သူတွေလည်း ရှိပါတယ်... လက်မထပ်ခင် သွေးစစ်ပါဆိုတဲ့ ကောင်းကျိုးက ကိုယ်တိုင်သိရှိနားလည်ပြီး ဆောင်ရန် ရှောင်ရန်တွေ သတိထားဖို့လေ... အဲ့ဒါကို သွေးစစ်လို့ HIVပိုး ရှိခဲ့ရင် လမ်းခွဲမယ်ဆိုတဲ့ လူတွေက ၁၀ယောက်မှာ ၈ယောက်လို့ ရှိကြတယ်... ဒါကြောင့်လည်း နှစ်သိမ့်ဆွေးနွေးမှု ခံယူပြီးမှ သွေးစစ်သင့်တယ်လို ပြောကြတာပေါ့... လူတစ်ယောက်မှာ HIVပိုးရှိလို့ လူ့လောက အသိုင်းအ၀ိုင်းထဲက ဖယ်ထုတ်တယ်ဆိုတာ အရမ်းကို ခေတ်နောက်ကျနေပြီ...”
“လရိပ် သဘောပေါက်ပါပြီ... မောင့်မှာ HIVပိုး ရှိနေနေ မရှိနေနေ လရိပ် လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီ... မောင့်မှာ ရောဂါပိုးရှိနေခဲ့တယ် ဆိုရင်လည်း ခုနက ဆွေပြောသွားသလို ဆောင်ရန် ရှောင်ရန်တွေနဲ့ နေထိုင်သွားလို့ရတာပဲလေ... လရိပ်တို့ သွေးသွားစစ်တဲ့ နေ့ကျရင်လည်း ဆွေလိုက်ခဲ့ပေးဦးနော်... ဆွေပါတော့ အားရှိတာပေါ့...”“ဒါပေါ့ လိုက်ပေးရမှာပေါ့ လရိပ်ရယ်...”“သမီးတို့ရေ စကားကောင်းနေလိုက်ကြတာ ထမင်းစားချိန်ကျော်နေပြီ... ထမင်းလာစားကြဦး...”“ဟော မေမေ လှမ်းခေါ်နေပြီ လာ ထမင်းသွားစားကြရအောင်...”
ဆွေတို့အိမ်မှာ နေ့လည်စာ စားပြီး ပြန်ထွက်လာချိန်မှာတော့ ကျွန်မရဲ့ ခန္ဓာကိုယ်တစ်ခုလုံး လွတ်လပ်ပေါ့ပါးလို့ နေပါတော့တယ်... ကျွန်မ သွေးသွားစစ်ပြီး သွေးအဖြေ ဘာပဲဖြစ်နေနေ ကျွန်မမှာ ရင်ဆိုင်နိုင်တဲ့ ခွန်အားတစ်ခုလဲ ကပ်ပါလာခဲ့ပါတယ်... ကျွန်မရဲ့ အိမ်ပြန်လမ်းမှာတော့ မောင်နဲ့ အတူ ဘ၀ခရီးလမ်း ထာဝရ ဖြတ်သန်းရမှာကို စဉ်းစားရင်း....
ဆက်၍ကြိုးစားပါဦးမည်....
ကျေးဇူးတင်လျက်....
Labels:
ဆောင်းပါး
Friday, January 8, 2010
F4 ချစ်သူများအတွက် သီချင်းများ
မီးလေး မအားတာရယ်၊ အရှုပ်တွေ လုပ်နေတာရယ်၊ စာမေးပွဲတွေရယ်ကြောင့် ကိုယ့်အိမ်တောင် ကိုယ်မ၀င်ဖြစ်တာ ကြာပါပြီ... ဒီနေ့တော့ စာမေးပွဲပြီးလို့ အွန်လိုင်းလေးတတ်တယ်ဆိုရင်ပဲ သီချင်းကောင်းကောင်း သီချင်းတောင်းဆိုသလို မီးလေး သီချင်းတွေ ကြိုက်တာ ဘယ်လိုသိတယ်မသိ မီးလေးရေ F4 (Boys Over Flowers) ဇာတ်လမ်းတွဲထဲက သီချင်းတွေလိုချင်တယ် ကူညီပါဦးတဲ့... မီးလေးတို့များ သီချင်းကြိုက်သလား မကြိုက်သလားဆို F4 သီချင်းတွေ ပေါ်ကတည်းက ဒေါင်းလုပ်ဆွဲထားတာ သူငယ်ချင်းတောင်းတာနဲ့ ကွက်တိ.... :P
ကျန်တဲ့ သီချင်းချစ်သူများလည်း နားဆင်နိုင်အောင် တင်ပေးလိုက်ပါတယ်... နားထောင်လို့ကောင်းတဲ့ ကိုရီးယား သီချင်းမြူးလေးတွေနဲ့ 2010မှာ ပြုံးပျော်နိုင်ကြပါစေ....
ကဲ သူငယ်ချင်းရေ အားရပါးရသာ ဒေါင်းပေတော့....
မူရင်းဆိုဒ်က ဒီမှာပါ... မူရင်းဆိုဒ်မှာ တခြား ကိုရီယားသီချင်းများလည်း ရှိပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်... (အဲ ကြော်ငြာဖြစ်နေပီ :P)
ပျော်ရွှင်ချမ်းမြေ့ကြပါစေမီးလေး
Labels:
Entertainments
Subscribe to:
Posts (Atom)