Pages

Monday, September 21, 2009

အကြွားပြိုင်ပွဲ

ဘုမသိ ဘမသိနဲ့ ပြိုင်ပွဲထဲကို ရောက်လာတဲ့ ဖြစ်ရပ်.... မနက်ဖြန်မွေးနေ့ဆိုတော့ အလုပ်တွေ နည်းနည်းရှုပ်နေလို့ ဂျီတော့ပ်တောင် မ၀င်နိုင်ဘူး... မေးလ်ဝင်စစ်ဦးမှလေဆိုပြီး ၀င်လိုက်တယ်ဆိုရင်ပဲ အစ်ကိုတော် idulize ဆီက “တုန်”ဆိုတဲ့ အသံနဲ့အတူ မက်စေ့လေးတစ်စောင်ရောက်လာပါတယ်... “http://www.eainhome.co.cc ဖတ်ဖြစ်အောင် ဖတ်ပါ” တဲ့... ဒါအစ်ကိုတော် ကိုအိမ်ရဲ့လင့်ပဲ ဘာတွေများ အထူးအဆန်းတွေ လုပ်နေလဲ မသိဆိုပြီး ၀င်ကြည့်တော့ အကြွားပြိုင်ပွဲလုပ်မည်တဲ့လေ... ကြွားတတ်ဝူး အားပေးမယ်ဆိုပြန်တော့လေ ကိုအိမ်ဆီက မက်စေ့ ၀င်လာပြန်တယ်... အိမ်လာပြီး အကြွားပြိုင်တဲ့...

ဘာတွေ အကြံထုတ်နေသည်မသိ ကိုအိမ်ဆိုသူက မယုံရတဲ့ထဲမှာ ထိပ်ဆုံးကပါသည်လေ... ဒါပေမဲ့လည်း သေချာပြိုင် ပြီးရင်ပြောပြမယ်ဆိုတော့ ဘာရယ်ကလဲ သိချင်ပြန်... ဒါနဲ့ ဘာပြင်ဆင်မှုမှမရှိဘဲ နိုင်တာရှုံးတာပဓာန ယှဉ်ပြိုင်ချင်းသာ အဓိကပဲလေဆိုပြီး ရေးဖို့ ပြင်လိုက်ပါတယ်... (သိပ်တော့ မကြွားတတ်ရှာပါဝူး... ဟီ ဟိ)

မနက်ဖြန် မီးလေးရဲ့ ၂၃နှစ်မြောက်မွေးနေ့မှာ ရမယ့် လက်ဆောင်တွေကို အရင်ဆုံးကြွားမယ်... (ခွီ ခွိ... မကြွားချင်ရှာဘူးမို့လား )
၁. ROMANSON ရဲ့ ၂သိန်း သုံးသောင်းတန် နာရီလေးတစ်လုံး
 (အဲ... ကြွားတယ်လို့တော့ မထင်ပါနဲ့ အရှိကို အရှိတိုင်းပြောတာပါ... ဟတ် ဟတ်)

၂. LG Branded အ၀တ်လျှောက်စက် ၂သိန်းကိုးသောင်းတန်တစ်လုံး
 (ဘယ်အချိန်ထဲကများ ပြောချင်သည်မသိ... မယုံရင် ပုံပြင်လို့မှတ်... :P)

၃. MARK II ကားလေးတစ်စီး
 (ဒါကတော့ လိုချင်တာ.. ဘတ်စ်ကားစီးရတာ ပင်ပန်းလို့ TAXI စီးသွားနေရတာ ပိုက်ပိုက်ကုန်လို့... ဟာ ဟ)

၎. မီးလေးနေတဲ့ရပ်ကွက်
 (အဲဗားမီးကလည်း ၂၄နာရီလာတယ်... ရေဆိုတာလည်း ပြတ်ဖို့နေနေသာသာ ရေအားလျော့နည်း သွားခြင်းတောင် အလျင်းမရှိ... သြော.ချလောက်အောင် နေချင်စရာကောင်းတဲ့ ရပ်ကွက်လေးပေါ့... )

၅. မီးလေးသုံးနေတဲ့ အင်တာနက်
 (ကောင်းလိုက်တဲ့ ကော်နက်ရှင်... ကောင်းလွန်းလို့တောင် အင်တာနက်ဆိုင်တွေက မှိုလိုပေါက်နေ၏... ဂျီတော့ပ်ဆိုတာလဲ Automatic သာလုပ်ထား တုန် တုန်ဆိုပြီး ထထအော်မှာ အမှန်ပင်... အဲ ဘလော့စပေါ့ဆိုလည်း ကျော်စရာခွစရာမလို... YouTubeနဲ့ Movieကြည့်ရတာလည်း ကောင်းမှကောင်း...  Access deniedဆိုတာတောင် ဘာမှန်းမသိ... :P  Download, Uploadဆိုတာလဲ စိတ်ထက်တောင်မြန်သေး... ဟေ့ ဟေး)

၆. မီးလေးက တနေ့ကို ၁၀သန်းလောက် ၀င်တဲ့ သန်းကြွယ်သဌေးကြီးရှင့်... (မယုံရင် ဖေ့ဘွတ်ခ်မှာ သွားကြည့်... တစ်နေ့တစ်နေ့ တိုက်လိုက်ရတဲ့ ဓားမြ... ခိုးလိုက်ရတဲ့ အသီးတွေ... အဲဒါတွေနဲ့တင် တော်တော်ဟုတ်နေပြီ... :P )


တော်ပီ ဆက်မကြွားတတ်တော့ဘူး... မကြွားတတ်ပါဘူးဆိုမှ အတင်းကြွားခိုင်းနေတာကိုး... ဒီတော့လည်း ဦးဏှောက်တည်းက ဖျစ်ညှစ်ပြီးရေးလိုက်တယ်... :)))))

6 comments:

FunFlakes said...

အရင်ဦးဆုံး ပျော်ရွှင်စရာမွေးနေ့စြေ်ပါစေ...စိတ်သွားတိုင်းအားလုံဖြစ်နိုင်ပြီး၊လိုအင်ဆန္ဒများပြည့်စုံနိုင်ပါစေ...လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ည။
မကြွားတတ်ပေလို့ပဲနော်...နဲနဲလေးလောက်များကြွားတတ်ရင်တော့ earth/globe ကြီးတောင်ဘယ်နားသွားနေပြီး လုံးရမလား၊ပြားရမလား၊ချွန်ရမလားတွေဘာတွေဖြစ်ကုန်ဦးမယ်...ဆက်ကြိုးစား...ဟာဟ :P

Anonymous said...

ဟတ်ပီး ဘတ်ဒေးနော်.. မွေးနေ့လက်ဆောင်တော့ မပေးတော့ဘူး..။ ဒီလောက် အများကြီး ရထားမှတော့ ကျုပ်ပေးတဲ့ လက်ဆောင်ကို ဂရုစိုက်မှာ မဟုတ်ဘူး ဆိုတာ သေချာတယ်။ ဒီတော့ မပေးတော့ဘူး မွေးနေ့အတွက် ကြွေးဖို့တော့ မှတ်ထားပါ ..ပြန်လာမှ စားမယ်.. ဟဲဟဲ

Anonymous said...

Funflakes>>>ကျေးဇူးပါ...
အိမ် >>> မပေးချင် မပေးဘူးပေါ့ဗျာ.. လက်ဆောင်ကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူးလေး ဘာလေးနဲ့ မီးလေးကို ဘယ်သူပေးတဲ့ လက်ဆောင်ပဲဖြစ်ဖြစ်၊ ဘာလေးပဲ ဖြစ်နေပါစေ တန်ဖိုးထားပြီး သိမ်းထားတယ်... အဲတော့ မုန့်ကျွေးဆိုလည်း ရတယ်... ဒါပေမယ့် လက်ဆောင်တော့ ပါရမယ်... :P

NangNyi said...

အဟင့် သူကြွားသွားတော့ကျလည်း ဟုတ်လို့.. ၂၃ နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ပါစေ မမမီးလေးရေ..း)

အရုပ်ကလေး said...

အစ်ကိုတော်ဆို .. တစ်နေ့ကို သန်း ၁၀၀၀ ကျော် ၀င်တယ် .. ညီမလည်း ကြိုးစားထား ..
တစ်နေ့ကို အမေက ၃သန်းလောက်မှ မကုန်ရင် အစ်ကိုတော်ကိုဆူရော .. အဲလို ... နေတဲ့ ခြံဝန်းဆို
ဧက ၁၀၀၀၀ အကျယ်အ၀န်းနဲ့ .. တစ်နေရာနဲ့ တစ်နေရာ သွားဖို့ ကားပတ်လမ်း ဖေါက်ထားရတယ် ..

အဟိ .. ပါးပါးလေး ပုတ်လိုက်တာ .. အကုန်မကြွားသေးဘူး ..။

ကိုအိမ် မပေးလဲအေးဆေးပဲ ..အဲလောက်ပိုက်ဆံကတော့ တစ်နေ့သုံးတဲ့ စရိတ်တောင် မရှိဘူး .. ။။ ဟီး
ပေးရင်တော့ အားနာနာနဲ့ ယူလိုက်မယ် (အမှတ်တရမို့ ) ..။

မွေးနေ့မှသည် နောင်နှစ်ပေါင်း ချစ်သောအသိုက်အမြုံလေးနှင့် သာယာချမ်းမြေ့ပါစေ ..။


ချစ်သော အစ်ကိုတော်
idulize (အရုပ်ကလေး)

Yu Ya said...

Happy Birthday ပါမီးလေးရေ...

ပျော်ရွှင်ဖွယ်ရာ မွေးနေ့များကို နောင်လာမယ့်နှစ်များမှာလည်း ဆင်နွှဲနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။

ဆန္ဒမွန်ဖြင့်
yu ya