Pages

Saturday, September 12, 2009

Shrikittaya 2.0 ခရီးသွားခဲ့သည်... အပိုင်း(၂)

ဘုရားမုခ်ဝထဲသို့ ၀င်ခဲ့ရင်ပဲ လမ်းတစ်ဘက်တစ်ခြမ်းစီမှာ ပန်းပင်တွေတန်းစီပြီး စိုက်ထားပါတယ်... ပန်းတွေလည်း ဝေေ၀ဆာဆာ ပွင့်လို့ပေါ့... ရွှေဘုံသာမုနိဘုရားကို လက်ယာရစ် ဖူးမျှော်ကြည်ညိုရင်း ကင်မရာလေးနဲ့ မှတ်တမ်းတင် ဓာတ်ပုံတွေကလည်း နေရာတိုင်းမှာ ၀င်းခနဲ လက်ခနဲ၊ နောက်က ဘုရားတာဝန်ခံကလည်း နောက်က တကောက်ကောက် (ကင်မရာခွန် မပေးဘဲ ရိုက်လို့ လာတောင်းတာပါ)... နောက်တော့ ကိုစိုးကြီး(စိုးဇေယျ)က သူဆောင်လာပြီးပြီ သူတို့နဲ့ အတူတူလိုက်ခဲ့လို့ ပြောပါတယ်... အဲ...စာရေးသူလည်း ကင်မရာနဲ့ ဟိုလျှောက်ရိုက် ဒီလျှောက်ရိုက်နဲ့ အခွန်ပြေစာ ကိုင်ထားတဲ့ ကိုသားဖြိုးကို ပြန်လိုက်ရှာနေရတာက အမော... :P သူ့မှာလဲ ကြည့်ဦးလေ ကိုစိုးကြီးကို ဆရာ...ဆရာ ခေါ်ပြီး ကိုစိုးကြီး ကင်မရာအိတ်လွယ်ပြီး တပည့်ခံမလို့ဆို တကောက်ကောက် လိုက်နေလေရဲ့...

ဘုရားကို လက်ယာရစ်ပတ်ပြီး ပြန်ထွက်လာတော့ ပန်းခင်းမှာ ဓာတ်ပုံဆရာတွေ ရုံးစုရုံးစုနဲ့ ပန်းခင်းကိုလည်း အပြိုင်အဆိုင် ရိုက်နေကြတယ်... စာရေးသူလည်း ဘာများလဲလို့ သွားကြည့်တာပေါ့... အနားရောက်မှ သေချာသိတော့တယ်... ပန်းခင်းမှာ ပျားလေးတွေ နားနေကြတာပါ... ပျားတွေက လူယဉ်နေသည် ထင်၏ လုံးဝမတုတ် တုတ်လျှင်လဲ ဘလော့ဂါတွေ တစ်ယောက်မှ လွတ်မည်မဟုတ်... အဘယ်ကြောင့်ဆိုသော် ပန်းပေါ်မှာ ပျားနားနေသည့်ပုံကို ဓာတ်ပုံဆရာ ကိုစိုးကြီးက သင်ပေးသဖြင့် အားလုံး လက်တည့်ဆန်း နေကြသည်မှာ စာရေးသူအပါအ၀င်ဖြစ်၏... ပန်းရိုက်ပုံ ရိုက်နည်းပါ သင်ပြသဖြင့် စာရေးသူ ခုဆို ပန်းမြင်တိုင်း ရိုက်ချင်သည့်ရောဂါ တက်နေ၏...
ပန်းပေါ်ပျားနားစဉ်

ပန်းတစ်ပွင့် ဖန်ဆင်းခြင်း .. ခွိ ခွိ

ဒါက ပန်းပေါ်မှာ ပျားနားနေတာ ( ကိုစိုးကြီး ရိုက်ချက်လောက်တော့ မကောင်းပါ..) သူတို့ကို ဓာတ်ပုံတွေ တဖြတ်ဖြတ်ရိုက်နေတာ မငြီးမငြူ မော်ဒယ်လုပ်ပေးတဲ့ ပျားလေးတွေရေ ကျေးဇူးပါ... :D (လိပ်ပြာနားတဲ့ပုံ ရိုက်ဖို့ လိပ်ပြာ ဟိုပန်းနားနိုး ဒီပန်းနားနိုးနဲ့ သူ့နောက်ပြေးလိုက် လိုက်ရတာ... နောက်ဆုံးကျတော့ အင်တာနက်မှာ နာမည်ကြီးမှာ စိုးလို့ထင်ရဲ့ အဝေးကို ပျံသွားလေ၏...


ဘုရားမုခ်ဝက ပြန်ထွက်လာတော့ ကမ်းနားမှာ အဖြူရောင်တွေ ဧရာဝတီမြစ်ကြီး နောက်ခံထားပြီး ဓာတ်ပုံရိုက်သူကရိုက်၊ ခုံတန်းလျားမှာ ထိုင်နေတဲ့သူကထိုင်၊ အအေးဆိုင်မှာ အအေးသောက်သူက သောက်နဲ့ ဟိုနားတစ်စု ဒီနားတစ်စု  စုတ်ချက်မဲ့ ပန်းချီကားတစ်ချပ် လှချင်တိုင်း လှနေ၏... ကိုဖော်သူထိုး(ခ) ကိုဖိုးသူတော်က စာရေးသူနဲ့ မယမင်းတို့နှစ်ယောက် လမ်းလျှောက်လာတာကို သောက်လက်စ ကြံရည်ခွက်ကြီး မြောက်ပြီး သောက်ဦးလို့တိုက်တော့ ကြံရည်က ခွက်တစ်ဝက်ရောက်နေပြီ ... မယမင်းနဲ့ စာရေးသူ ကျန်တဲ့ တစ်ဝက်ကို တယောက်တစ်ဝက် သမလိုက်တာ ကုန်သွားပါရော... သနားစရာ ကိုဖော်သူထိုးတစ်ယောက် ပိုက်ကလေးကိုင်ပြီး သူများခွက်တွေ တောင်းသောက်ရန် တိုင်းခန်းလှည့်လည် ပါတော့သည်... (ရှူး...တိုးတိုး ကြားရင် မီးလေးပြောတယ် မပြောနဲ့ :P)

အအေးဆိုင်မှာ အအေးသောက်ကြရင်း အပြန်ခရီးအတွက် ချောင်းသာဝင်မည်ဟု အသံသဲ့သဲ့ကြား လိုက်ပါသည်... (မသေချာသေးပါ) ထို့နောက် ခရီးစဉ်၏လိုရင်းဖြစ်သော သရေခေတ္တရာသို့ ကားကြီးဖြင့် ဘီးစင်္ကြာလှည့်ပါတော့သည်... :P သရေခေတ္တရာသွားရင်း လမ်းတလျှောက်မှာ ကိုညီလင်းဆက်က သရေခေတ္တရာရဲ့ နောက်ခံသမိုင်းကြောင်း အကျဉ်းကို ပြောပြပါတယ်... ခဏလောက် သွားလိုက်တယ် ဆိုရင်ပဲ သရေခေတ္တရာပြတိုက်ကို ရောက်ပါတယ်... ပြတိုက်တို့ ထုံးစံအတိုင်း ဓာတ်ပုံမရိုက်ရဆိုပေမဲ့ ဓာတ်ပုံတွေ ခိုးရိုက်ကြတဲ့သူလည်း ရှိပါသေးတယ်... (မပင့်လို့ မပြောဘူးနော်...:D)
ပြတိုက်မှာ ရှေးဟောင်း ဆင်းတုတော်၊ ပုတီး၊ ရေအိုး၊ ကြေးပြား။ အုတ်ခွက်ဘုရား အစရှိတဲ့ ရှေးဟောင်းပစ္စည်း မြောက်များစွာကို တွေ့မြင်ခဲ့ရပါတယ်... ထိုပစ္စည်းများကို ကိုညီလင်းဆက်မှ သူသိသလောက်အား မမောနိုင် မပန်းနိုင်နဲ့ ကင်မရာကြီးလွယ်လို့ ရှင်းပြပေးခဲ့တာကို ကျေးဇူးတင်နေမိပါတယ်... နောက် ရှေးခေတ်က မကောင်းဆိုးဝါးများ မ၀င်နိုင်အောင် အိမ်တံခါးမကြီးရှေ့မှာ ရတနာသုတ်အား ရေးထားပူဇော်ခဲ့ကြတယ်လို့လည်း သိရပါတယ်.... ထိုတံခါးအပိုင်းအစလေးလည်း တွေ့ခဲ့ရပါတယ်... နောက်တော့ ရှေးခေတ်က လူတွေကိုင်ခဲ့တဲ့ သံချောင်းပြထားတဲ့ နေရာကို ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ ရောက်သွားပါတယ်... အရင်က စာရေးသူတို့ကို ရှေးခေတ်လူတွေ အရပ်က ထန်းပင်လောက် ရှိတယ်ပြောတုန်းက ဒါတွေက အာပလာတွေပါလို့ ထင်ခဲ့တာ သူတို့ကိုင်ခဲ့တဲ့ သံချောင်းရဲ့ ထုက လက်ရှိ အားကောင်းမောင်းသန် ယောက်ျား ၁၀ယောက်လောက် ၀ိုင်းမရမယ်...

ပြတိုက်ကို ပတ်ကြည့်နေတုန်း ကိုကြီးကျော်က ရှေ့တွင် မြွေပေါသဖြင့် ပေါက်တောအား ဒီပြတိုက်မှာတင် အပြီးလုပ်ရန် လိုက်ပြောပါတယ်... အိမ်သာရှေ့တွင် ထိုင်စောင့်နေသူကတော့ ကိုစိတ်ထွက်ပေါက်(ခ) ကိုအောင်မျိုးဟန်ပဲ ဖြစ်ပါတယ်... တစ်ခြားတော့ မဟုတ် အိမ်သာဝင်တဲ့သူတိုင်း ဦးသုံးကြိမ် ကန်တော့ရမည် ဆိုပြီး ကန်တော့ခံရန် အိမ်သာရှေ့တွင် စောင့်နေလေ၏... :P တချို့က တကယ်ထင်၍ လိုက်မေးနေပါ သေးသည်၊ အဲလောက်ကို မျက်နှာပြောင်တာ... :)
ပြတိုက်ရှေ့က အပင်တွေမှာ ရန်ကုန်မှာ မမြင်ဘူးသေးတဲ့ ပင့်ကူ (ခြေထောက်က အ၀ါတစ်ဝက်၊ အမည်းတစ်ဝက်)တွေ အိမ်ဖွဲ့နေတာကို ဓာတ်ပုံဝိုင်းရိုက်ကြပါတယ်... စာရေးသူက အဲ့ပုံ မရိုက်တော့ဘဲ အရွက်ပေါ် နားနေတဲ့ပုံကို ရိုက်လိုက်ပါတယ်...

အရိုက်ကောင်းလို့ အင်္ကျီမှာ ပင့်ကူတစ်ကောင် ကပ်ပါလားသေး၏...
အဖွဲ့လိုက်ဓာတ်ပုံကို ပြတိုက်ရှေ့မှာ ပျော်ပျော်ပါးပါး စနောက်ကြရင်း ရိုက်ပြီး သကာလ ထိုပြတိုက်က ဂိုက်လုပ်ဖို့ ကလေးတစ်ယောက်အား ထည့်ပေးလိုက်ပါတယ်...
ပထမဆုံး ဘောဘောကြီး ဘုရားအား ၀င်ရောက်ဖူးမျှော်ပြီး ဓာတ်ပုံတွေရိုက်ခဲ့ကြပါတယ်... ယောက်ျားလေးတွေက ဘုရားပေါ်မှာ မိန်းကလေးတွေကတော့ အောက်ကနေ တက်ချင်လို့ သွားရည် အဟောင်းသားနဲ့ မော်ကြည့်နေကြရပါတယ်..


ဆက်ရန်

3 comments:

kiki said...

ခရီးသွားရတာ ပျော်စရာတွေနော်..
ရှေးဖြစ်ဟောင်းတွေ သတိရမိတယ်...

ဂျေဂျူဝိုင် said...

ဟာကွက် လုံးဝမကျန်အောင် ရေးနိုင်တာပဲ

Anonymous said...

မပြီးသေးဘူးလား..ဟ ခုထိ စမြုံ့ပြန်လို့ကို မဆုံးတော့ဘူး အမြင်က ကပ်လာပြီနော်