Pages

Tuesday, September 1, 2009

စီပုံးခေတ္တပိတ်ထားခြင်း

လာလည်ကြတဲ့ သူငယ်ချင်းများအားလုံး မင်္ဂလာပါ... ဒီနေ့ မီးလေးဘလော့စီပုံးမှာ မသမာသူ တစ်ချို့၏ ညစ်ညမ်းစာသားများဖြင့် နှောက်ယှက်ခြင်း ခံရပါသဖြင့် စီပုံးအား ခေတ္တလော့ချ ထားပါသည်... ထိုသူမှာ နီးစပ်ရာ သတင်းရပ်ကွက်၏ စုံစမ်းချက်အရ မြန်မာပြည် ရန်ကုန်တွင်းမှ ဖြစ်ကြောင်းလည်း သိရှိရပါသည်... ကြောက်လန့်ပြီး စီပုံးပိတ်ထားခြင်း မဟုတ်ပါဟု သိစေ ချင်ပါသည်... ယောက်ျားလေးဖြစ်ပြီး သတ္တိမရှိဘဲ ခိုးကြောင်ခိုးဝှက် အော်နေမယ့်အစား ထမီပြောင်းဝတ်ပါလားဟု ပြောချင်ပါသည်... ဤစကားသည် မီးလေးဘ၀တစ်လျှောက် ပထမဆုံး အရိုင်းဆုံးစကားပါပဲ...

သူတို့လူဖြစ်လာတာ ဘယ်လိုမို့လို့လဲ ပြန်စဉ်းစားစေချင်ပါသည်... သူတို့မှာ နှမချင်း စာနာစိတ် မရှိရင်တောင် အမေတော့ရှိမှာပါ... သူတို့နဲ့ ပြိုင်ပြီး မရိုင်းချင်ပါဘူး... ကိုယ့်အတွက်လည်း အကျိုးမရှိ သူများအတွက်လည်း အကျိုးမရှိဘဲ လက်သရမ်းပြီး ရေးနေတာ ဘာကြောင့်လဲ... မြန်မာနိုင်ငံမှာနေပြီး မြန်မာမိန်းကလေးတွေကို စော်ကားတာ လူမဆန်တဲ့ လုပ်ရပ်ပဲ...
မင်းက အမှောင်ကအော်နေတာ ငါက အလင်းမှာ မင်းပဲ ရေးနိုင်မလား?? ငါပဲ ဖြတ်နိုင်မလား?? စောင့်သာ ကြည့်နေ... တစ်ခုပဲ ငါဆန္ဒပြုပေးပါတယ်... မင်းမိသားစုထဲက အမျိုးသမီးတွေကို မင်းလို နှမချင်း မစာနာတတ်တဲ့ သူတွေနဲ့ မတွေ့ပါစေနဲ့လို့ တကယ်ကို ဆုတောင်းပေးပါတယ်...

6 comments:

Anonymous said...

ဘူလဲတွ..... မဟုတ်တာတွေ လာပြောနေတာ..

littlebrook said...

စုံစမ်းလို့ရတယ်ဆို အဲ့ကောင်နာမည်ကို ဖော်ဟ ...
မသိသလိုလုပ်နေရင် ဆိုးတယ်

အရုပ်ကလေး said...

ယဉ်ကျေးခြင်းမရှိ စော်ကားခြင်းအတိနဲ့ မသူတော်ရေ ..
ငါက တည့်ပဲ .. မင်းပြည်တွင်းကဆို .. တစ်ပွဲလောက် စမ်းရအောင်လား
မင်းကြိုက်သလို စော်ကား ရေးရေး ..
မင်းသာ ယောက်ျားစစ်ရင် ငါနဲ့တွေ့မယ် .. မင်းကြိုက်တဲ့ နေရာချိန်း .. ချိန်းပြီးမှ မင်းမလှိမ့်တပတ်လုပ်ရင်လည်း ငါခံယုံပေါ့ ..
ကြိုက်ရာရွေး ကိုယ့်လူ .. အိုခေတယ်နော် ..။

funflakes said...

ဒီလို နှမချင်းမစာနာ ကိုယ်ကျင့်သိက္ခာမဲ့ လုပ်သူကို ထိထိရောက်ရောက် အပြစ်ပေးရမယ်။ မီးလေးနဲ့ ရိုးသားပွင့်လင်းပြီး မိသားစုစိတ်ဓါတ်ရှိသူတွေ မှန်ရာလုပ်ပြီး ကောင်းတာတွေ ဆက်လက်တည်တံ့နိုင်ပါစေ...

Anonymous said...

ဘယ်.. မိမဆုံးမ. ဖမဆုံးမ.. တေလေဂျပိုး၊ အုတ်ကြားမြက်ပေါက်၊ တိုင်ခွသေးပန်း၊ ခုံဖိနပ်၊ ခေါင်းအုံး၊ ရေမျောကမ်းတင်၊ လမ်းဘေးအိပ်၊ တဲ့ကောင်လဲကွ...။ အဆင့်မရှိတဲ့ တလုံးဂျိုင့်၊ ပြည့်တန်ဆာနဲ့ ဝရမ်းပြေး ပေါင်းပြီး မွေးထားတဲ့ ကောင်လဲ ကွမိုက်ရင် ပေါ်တင်လာ သူခိုးလိုလို၊ ဂျပိုးလိုလို၊ ခွေးဝဲစားလိုလိုတော့ မလုပ်နဲ့ မင်းနှမကို အဲလိုလာပြောရင်ရော မင်းကြိုက်မလား၊ အေး တကယ်သတ္တိရှိရင် ပေါ်ပေါ်ထင်ထင်လာခဲ့.... အမိယုတ်တော့ နှုတ်လျှာတမ်းတဲ့ ကောင်ရေ...

A random thoughts of a Burmese man said...

သူပြောမှ ပိုဆိုး သွားသလိုပဲ....ခွိ ခွိ...စတာနော်...