မီးလေးစဉ်းစားမိတာတစ်ခုကို တင်ပြလိုက်တာပါ။ ကိုယ့်ကိုယ်ကိုလည်း ပြန်သုံးသပ်ရင်းပေါ့။ ပြီးတော့ ဘလော့ဂ်ညီအစ်ကိုမောင်နှမတွေရဲ့ အမြင်လေးတွေလည်း ဆွေးနွေးချင်တာပါတယ်။ လူတိုင်းလူတိုင်းက အားနာတတ်ကြပါတယ်။ အထူးသဖြင့် အားနာတတ်ကြတဲ့လူမျိုးကို ပြပါဆိုရင်တော့ မြန်မာလူမျိုးတွေကိုကို ပြမိကြပါလိမ့်မယ်။ မီးလေးကိုယ်တိုင်ကလည်း အရမ်းအားနာတတ်တယ်။ ဘယ်လောက်ထိအားနာသလည်းဆို ကိုယ်ပြန်ပြောလိုက်ရင် သူ့စိတ်ထဲမှာ ဘယ်လိုဖြစ်သွားမလဲဆိုပြီးတော့ကို အားနာနေတာ။ ဒါပေမယ့် အရမ်းအားနာတတ်တာ မကောင်းဘူးဆိုတာ နားလည်လာတယ်။ လိုက်တော့ မလုပ်နိုင်သေးဘူးပေါ့နော်။ အရမ်းအားနာတတ်တာ မကောင်းသလို၊ အရမ်းအားမနာတတ်တာ လည်း မကောင်းဘူးပေါ့ရှင်။
အားနာတတ်ဆို မီးလေးတို့ အိမ်နားက အန်တီကြီးအကြောင်း ပြောပြဦးမယ် သူ့သားချော်လဲရင်းနဲ့ လက်ကို သံပြားရှသွားတယ်။ ဒါနဲ့အန်တီက အရမ်းစိုးရိမ် ပြီး ဆေးခန်းသွားပြတယ်။ ဆေးခန်းရောက်တော့ ကလေးကလည်း မေးလို့မရဘူး တအားငိုနေတာ လက်ကသွေးကလည်း အိမ်မှာတည်းက တိတ်သလောက်ဖြစ်နေပြီ။ ဆရာဝန်က နှုတ်ခမ်းယောင်နေတာပဲ တခြားအထွေအထူးမရှိပါဘူးတဲ့။ အန်တီကလည်း ဘာပြန်ပြောရမှန်းမသိဘူး ဖြစ်တာကလက် သားကမွေးကတည်းက နှုတ်ခမ်းက နည်းနည်းထော်ပြီး အပေါ်ကို လန်ချင်သလိုဖြစ်နေတာ။ ပြောရမှာလည်း အားနာ၊ ဆရာဝန်ဆို ပြန်တော့လည်း ရှက်သွားမှာဆိုးလို့ ဒီလိုနဲ့ပဲ ပြန်လာတယ်တဲ့။ ကဲ ဘယ်လို လုပ်ကြမလဲ။ နေရာတိုင်းသာ အားနာနေမယ်ဆိုရင် မဖြစ်ဘူးဆိုတာတော့ သိကြတယ်။ ဒါပေမယ့် လိုက်မလုပ်နိုင်ကြဘူး။ ဘလော့ဂ်ဂါသူငယ်ချင်းများကကော ဘယ်လိုလဲ? မည်သူမဆို ဆွေးနွေးတင်ပြနိုင်ပါတယ်။
Friday, October 12, 2007
Wednesday, October 10, 2007
ကြွားချင်ဦးဟဲ့ …
တခါက အကြွားသန်တဲ့ ကြက်တူရွေးသုံးကောင်သည် သစ်ကိုင်းတစ်ကိုင်းတွင် နားနေစဉ်-
ပထမကြက်တူရွေး -“ ငါ့မှာ နောက်ဆုံးပေါ် ဒီဂျစ်တယ်နာရီတစ်လုံးဝယ်ထားတယ်” လို့ စပြောလိုက်တယ်။
ဒုတိယကြက်တူရွေး-“ငါ့ကတော့ မနေ့က နွားမနှစ်ကောင် ၀ယ်လိုက်တယ် နို့ထွက်အရမ်းသန်တာပဲ” လို့ ပြန်ပြောလိုက်တယ်။
တတိယကြက်တူရွေးခင်ဗျာမှာ ဘာမှပြန်မပြောနိုင်ဘဲ ငိုင်နေတယ်။
နောက်တစ်နေ့မှာတော့
ပထမကြက်တူရွေး-“ငါ့နာရီလေး ဘယ်နားမှာကျပျောက်သွားလည်း မသိပါဘူးကွာ” ဆိုပြီး မျက်နှာရှုံ့မဲ့ပြီး ပြောတယ်။
ဒုတိယကြက်တူရွေး-“ငါ့နွားနှစ်ကောင်လည်း ဘယ်သူခိုးသွားလည်း မသိဘူး၊ ရှာလို့မတွေ့တော့ဘူး” ဆိုပြီး ငိုကြီးချက်မှနဲ့ ပြောတယ်။
တတိယကြက်တူရွေး-“အင်း… သုံးနာရီတောင်ထိုးပြီပဲ ငါနွားမနှစ်ကောင် နို့သွားညှစ်လိုက်ဦးမယ်”
Labels:
ဟာသ
တော်လိုက်ပုံကတော့....
ကျောင်းတစ်ကျောင်းတွင် ဆရာမတစ်ဦးသည် စာသင် နေစဉ် အိပ်ငိုက်နေသော ကျောင်းသားတစ်ဦးအား -
“ မောင်ပီတာ မတ်တပ်ရပ်ပါဦးကွယ်၊ ဆရာမမင်းကို မေးတဲ့မေးခွန်းတွေကို မှန်အောင်ဖြေနော်၊ မှားရင် ရိုက်ခံရမယ်”
“ ဟုတ်ကဲ့ပါ ဆရာမ”
“အပြေးပြိုင်ပွဲမှာ ဒုတိယနေရာပြေးနေတဲ့ လူကို ကျော်တက်နိုင်ရင် အဲဒီကျော်တက်တဲ့လူက ဘယ်နေရာဖြစ်မလဲ”
“ဒါလေးများလွယ်လွယ်လေး ပထမပါဆရာမ”
“အန်င်”
Labels:
ဟာသ
တိုးတိုးမပြောရ။
ဆရာဝန်တစ်ဦးသည် မိန်းမကြီးတစ်ဦးအားစမ်းသပ်ရန် ကုတင်ပေါ်လှဲခိုင်းလိုက်သည်။
ရောဂါစမ်းသပ်ရင်း လူနာအား-
ဆရာဝန် - ဘာဖြစ်တာပါလဲခင်ဗျာ
လူနာ - '---------'
ဆရာဝန် - ဘာဖြစ်တာပါလဲခင်ဗျာ
လူနာ - '---------'
ဆရာဝန် - ဘာဖြစ်တာပါလဲခင်ဗျာ
လူနာ - '---------'
.
.
.
.
ဆရာဝန်ခင်ဗျာ လူနာက ဘာမှမပြောဘဲ ခေါင်းပဲလှုပ်နေတဲ့အတွက် တော်တော်လေး စိတ်တိုသွားတယ်။ ဒါကြောင့် “ခင်ဗျားကို ကျွန်တော်ဆေးမကုတော့ဘူး ။ ပြန်တော့လို့ပြောလိုက်တယ်။”
အဲအခါမှာတော့ လူနာပြန်ပြောလိုက်ပုံမှာ- “ ဘယ်လိုဆရာဝန်လဲမသိဘူး။ လူနာတွေကို ခွဲခြားခွဲခြားဆက်ဆံတယ်”
ဘေးကနပ်စ်ကလေးက “ရှင်-ဆရာမေးတုန်းက ဘာလို့ ဘာမှပြန်မပြောတာလဲ”
ထိုအခါ လူနာက ဒေါနဲ့မောနဲ့ပြန်ပြောလိုက်တာက “ရှင်စာမတတ်ဘူးလား၊ ဟိုမှာ ချိတ်ထားတဲ့ဆိုင်းဘုတ်ကို ကြည့်လိုက်၊ တိုးတိုးမပြောရတဲ့။ ကျူပ်နာမည်က ဒေါ်တိုးတိုး”
Labels:
ဟာသ
သူလည်း မတုံးပါ
ရွာတစ်ရွာတွင် အလွန်ရိုးပြီး နာမည်နဲ့လိုက်အောင် ထုံသော ဦးထုံဆိုသူနေထိုင်လေသည်။
သူ့အကြောင်းသိသော ရွာသားများက မြို့သွားရန်ပြင်သော ဦးထုံကို သိသမျှ တတ်သမျှ ၀ိုင်းမှာကြလေသည်။
ရွာသားများ - ဘကြီးထုံ မြို့ရောက်ရင် မျဉ်းကြားကကူးသိလား။ မျဉ်းကြားက မကူးရင် ဒဏ်ငွေဆောင်ရလိမ့်မယ်။
ဘကြီးထုံ - အေးပါကွ၊ သိပါတယ်။
ရွာသားများ - ဘကြီးထုံ မြို့ရောက်လို့ ဘတ်စ်ကားစီးရင် သတိထားစီး ခါးပိုက်နှိုက်ရှိတယ်။
ပြီးတော့ တစ်နေရာထဲကို ပတ်မောင်းပြီး ပိုက်ဆံပိုတောင်းတတ်တယ်။ ကျွန်တော်တုံးက အ၀ိုင်းလေးကနေကျောက်ကုန်းကို ၅ကျပ်ပဲပေးရတယ်။ အဲဒါ သုံးမှတ်တိုင်လောက်ရှိတယ်
ဘကြီးထုံ - အေးပါကွ၊ ငါမတုံးပါဘူး။
ဒီလိုနဲ့ မြို့ကိုလည်းရောက်ရော ကားဂိတ်ကနေ တည်းမည့် ဘုန်းကြီးကျောင်းကို ဘတ်စ်ကားစီးပြီး သွားတယ်။ စပါယ်ယာက ကားခတောင်းတယ်။ ဘကြီးထုံက “ဘယ်လောက်လဲ” “ဟိုနားဒီနားငါးကျပ်” “အေး… ဆင်းတဲ့မှတ်တိုက်ကျရင်ပေးမယ်” ဒီလိုနဲ့ ဘကြီးထုံတစ်ယောက် မှတ်တိုင်တွေကို ကြည့်သွားတယ်။
ဆင်းရမယ့်မှတ်တိုင်လည်းကျရော သူ့ကို မြို့သားတွေ အထင်သေးမှာစိုးလို့ ဟန်နဲ့ပန်နဲ့ စပယ်ယာကို ပိုက်ဆံပေးလိုက်တာကတော့ “ဟေ့-ဒီမှာ ကားခ သုံးမှတ်တိုင်အတွက် ငါးကျပ်တစ်ခါ၊ ငါးကျပ်နှစ်ခါ၊ ငါးကျပ်သုံးခါ၊ ငါးကျပ်လေးခါ၊ ငါးကျပ်ငါးခါ၊ ငါးမှတ်တိုင်စာ” ပေးပြီး သူ့ကိုယ်သူ လည်လှပြီဆိုတဲ့ ပုံစံနဲ့ ဆင်းသွားပါတော့သည်။
Labels:
ဟာသ
ဘလော့ဂ်ပျောက်တဲ့နေ့
မီးလေးဘလော့ဂ်စရေးတဲ့နေ့ကစပြီး ဘလော့ဂ်အိမ်လေးကို နေ့တိုင်းရောက်ဖြစ်ပါတယ်။ အလုပ်အားပြီဆိုတာနဲ့ ဘလော့ဂ်တွေနဲ့ပဲ မီးလေးရဲ့
အချိန်တွေကို ကုန်ဆုံးစေခဲ့ပါတယ်။ ဘလော့ဂ်လေးဟာ မီးလေး စိတ်ညစ်/ရှုပ်၊ စိတ်တိုနေတဲ့ အခါမျိုးမှာ တစ်ဦးတည်းနေတတ်တဲ့ မီးလေးအတွက် အဖော် ဖြစ်ခဲ့ပါတယ်။ တစ်ရက်မှာ အင်တာနက်တွေ မရ တော့ဘူးလဲဆိုရော ဘာအလုပ်မှလုပ်စရာမရှိအောင် ပျင်းခြောက်လာပါတော့တယ်။
အင်တာနက်ရတုန်းကဆို ဒီအချိန်ဘလော့ဂ်ဂါ ညီအစ်ကိုမောင်နှမ သူငယ်ချင်းတွေရဲ့ ဘယ်သူ့ ဘလော့ဂ်ကို သွားလည်နေပြီ၊ ဒီအချိန်ဆို ဘယ်သူ့ ဘလော့ဂ်မှာ ဘာဖတ်နေပြီ၊ ဒီအချိန်ဆို မီးလေးဘလော့ဂ်ကို ဘယ်သူတွေ လာလည်နေပြီဆိုပြီး တမ်းတ နေတတ်ပါတယ်။ တကယ်ပါ အင်တာနက် မရလို့ ဘလော့ဂ်ပျောက်တဲ့နေ့ဟာ ဘာမှန်းမသိဘဲ ကုန်ဆုံးသွားတဲ့ နေ့တွေပါပဲ။
အဲလို ဘလော့ဂ်ပျောက်တဲ့နေ့မျိုး နောက်များမှာ မကြုံပါရစေနဲ့လို့ ဆုတောင်းမိပါတယ်။ ၀ိုင်းဆုတောင်းပေးကြပါဦးနော်…..
အချိန်တွေကို ကုန်ဆုံးစေခဲ့ပါတယ်။ ဘလော့ဂ်လေးဟာ မီးလေး စိတ်ညစ်/ရှုပ်၊ စိတ်တိုနေတဲ့ အခါမျိုးမှာ တစ်ဦးတည်းနေတတ်တဲ့ မီးလေးအတွက် အဖော် ဖြစ်ခဲ့ပါတယ်။ တစ်ရက်မှာ အင်တာနက်တွေ မရ တော့ဘူးလဲဆိုရော ဘာအလုပ်မှလုပ်စရာမရှိအောင် ပျင်းခြောက်လာပါတော့တယ်။
အင်တာနက်ရတုန်းကဆို ဒီအချိန်ဘလော့ဂ်ဂါ ညီအစ်ကိုမောင်နှမ သူငယ်ချင်းတွေရဲ့ ဘယ်သူ့ ဘလော့ဂ်ကို သွားလည်နေပြီ၊ ဒီအချိန်ဆို ဘယ်သူ့ ဘလော့ဂ်မှာ ဘာဖတ်နေပြီ၊ ဒီအချိန်ဆို မီးလေးဘလော့ဂ်ကို ဘယ်သူတွေ လာလည်နေပြီဆိုပြီး တမ်းတ နေတတ်ပါတယ်။ တကယ်ပါ အင်တာနက် မရလို့ ဘလော့ဂ်ပျောက်တဲ့နေ့ဟာ ဘာမှန်းမသိဘဲ ကုန်ဆုံးသွားတဲ့ နေ့တွေပါပဲ။
အဲလို ဘလော့ဂ်ပျောက်တဲ့နေ့မျိုး နောက်များမှာ မကြုံပါရစေနဲ့လို့ ဆုတောင်းမိပါတယ်။ ၀ိုင်းဆုတောင်းပေးကြပါဦးနော်…..
Labels:
ဆောင်းပါး
ဆေးလောက အလွဲများ-2
ဓာတ်ခွဲခန်းတစ်ခုသို့ လူနှစ်ဦး ၀င်လာလေသည်။
“သွေးစစ်မလို့ပါခင်ဗျာ”
“ထိုင်ပါခင်ဗျ - နံမည်လေးပြောပါဦး”
“ ဦးလှ”
“အသက်လေးပြောပါဦး”
“ ၅၆ နှစ်ပါ”
“ဟုတ်ကဲ့.. သွေးဖောက်ရအောင် လက်ကို ဒီခုံပေါ်တင်လိုက်ပါ”
“ ဟမ်…. သွေးဖောက်မှာ ဦးမဟုတ်ဘူး၊ ဦးရဲ့ညီစစ်မှာကွဲ့”
Labels:
ဟာသ
ဆေးလောက အလွဲများ-1
ဆေးခန်းတစ်ခုအတွင်းသို့ ဆေးခန်းပြရန် မိန်းမကြီးတစ်ဦးနှင့် လူလတ်ပိုင်းအရွယ်သမီးတစ်ဦး ဆေးခန်းထဲသို့ဝင်လာလေသည်။
သမီး - ဆရာ ဆေးခန်းပြမလို့ပါဆရာ
ဆရာဝန် - သြော် … ကုတင်ပေါ်လှဲအိပ်လိုက်ပါ
ဆရာဝန်ကစမ်းသပ်ရင်း
ဆရာဝန် - လူနာကို အားနည်းနေတယ် အားဆေးသွင်းရမယ်။
သမီး - ရှင်… ဆေးခန်းပြမှာ ကျွန်မမဟုတ်ဘူးဆရာ။ အမေ ပြမှာပါ။
ဆရာဝန် - ဟိုက်
Labels:
ဟာသ
နားမလေးပါ….
တစ်ခါက ဆရာဝန်တစ်ဦးထံ ဆေးခန်းလာပြသော လူနာတစ်ယောက်သည်
အသံတွေဆူညံနေတဲ့အတွက် သူပြောတာကို ဆရာဝန်မကြားမှာ ဆိုးတဲ့အတွက်
“ကျွန်တော် ဗိုက်အောင့်နေလို့ပါ ဆရာ” ဟု အော်ပြောလိုက်လေသည်။
ထိုအခါ ဆရာဝန်က အော်မပြောပါနဲ့ ကျွန်တော် နားကြားပါတယ်။
“ကဲ-ခင်ဗျားကိုက်တဲ့သွား ဘယ်အချောင်းလဲ သိရအောင် ပါးစပ်လေးဟပြပါဦး”
Labels:
ဟာသ
Subscribe to:
Posts (Atom)