ဒီဇင်ဘာလထုတ် စရဏမဂ္ဂဇင်းထဲမှာ မောင်ခင်မှိုင်း၊ ချောက် ရေးသားထားတဲ့ ကဗျာလေးပါ.... မီးလေးကြိုက်တယ် ဆိုပါတော့... စာဖတ်သူများလည်း ဖတ်ပြီးရင်ဖတ်ပြီးကြမှာပါ မဖတ်ရသေးတဲ့သူတွေ ဖတ်ဖို့နဲ့ ဖတ်ပြီးသား လူတွေပြန်အမှတ်ရသွားအောင် တင်ပေးလိုက်တယ်နော်... ခေါင်းစဉ်လေးက
“အငြင်းဝါကျများ”
ရေစုန်မကြိုက်ဘူး
လှေကြုံမလိုက်ဘူး
ကိုယ့်ခွန်ကိုယ့်အားထက် စိတ်ချရတဲ့အရာ
ဒီကမ္ဘာမှာမရှိဘူး...
ဗေဒင်မလိုဘူး
ယတြာမလိုဘူး
လုံ့လ၀ီရိယထက် ယုံကြည်ရမယ့်အရာ
ဒီလောကမှာ မရှိဘူး...
မေခလာမမျှော်ဘူး
ဒေ၀တာမမျှော်ဘူး
မိမိကိုယ်ထက် အားကိုးရမယ့်အရာ
ဒီဇမ္ဗူမှာ ဘာမှမရှိဘူး...
ခြေဖျားမထောက်ဘူး
အောက်ခြေမလွတ်ဘူး
မမြဲတဲ့တရားထက် မြဲတဲ့အရာ
ဒီဒ္ဓန္နယာမှာ ဘာမှမရှိဘူး...
အာရုံမများဘူး
ကာမဂုဏ်မမှားဘူး
ကိုယ်ကျင့်တရားထက် ဦးညွှတ်ရမယ့်အရာ
ဒီဘ၀မှာ ဘာမှမရှိဘူး...
ပြီးတော့
ဆွမ်းသွတ်မခိုင်းဘူး
အမျှဝေမခိုင်းဘူး
သတိမြဲသူရဲ့ ဘ၀ကူးထက် ကတိမြဲတဲ့အရာ
ဒီသံသရာမှာ ဘာမှမရှိဘူး.....။ ။
အားလုံးပျော်ရွှင်ကြပါစေ...
Friday, January 4, 2008
အငြင်းဝါကျများ...
Labels:
Poems
Monday, December 31, 2007
New Year Party!

New Year Party ကို ကြွရောက်ချီးမြှင့်ပေးကြတဲ့ နက်လှိုင်းပေါ်က သူငယ်ချင်းအားလုံးမင်္ဂလာပါ....
နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားကြရအောင်...........
နှစ်သစ်မှာ အားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ...
ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်ကြပါစေ....
နှစ်သစ်မှာ နက်ကြီးလည်း နှာစေး၊ ချောင်းဆိုး၊ ကြက်ငှက်တုတ်ကွေးမဖြစ်ပဲ ကောင်းကောင်းသုံးရပါစေ...
နှစ်သစ်မှာ ကွန်ကြီးလည်း ခဏခဏမပျောက်ဘဲ အမြဲပေါ်နိုင်ပါစေ....
ပြင်ထားတာတွေကအများကြီးပဲ အ၀စားကြနော်...
Labels:
စားသောက်ဖွယ်ရာ
New Year Party Invite
HAPPY NEW YEAR!
နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကူးပြောင်းဖို့ အချိန်ကာလလေးမှာ ဘလော့ဂါမောင်နှမများ၊ သူငယ်ချင်းများနဲ့ အတူ နှစ်သစ်ကို ကူးပြောင်းကြဖို့ ညကျရင် ပါတီလည်းလုပ်ဖို့ စီစဉ်ထားပါတယ်။ အားလုံးလာခဲ့ကြနော်......
လကုန်ရက်ဖြစ်လို့ တဦးချင်းစီလိုက်မဖိတ်နိုင်တာပါ။ စိမ်းတယ်လို့ မထင်ကြပါနဲ့နော် အားရင်အားသလို တဦးချင်းဆီလည်း လာဖိတ်ပါ့မယ်။ အကိုတော်များကလည်း ပိုင်ရှင်ရှိတယ်ဆိုရင် ကြိုပြီးခွင့်တောင်းလာကြနော်။ တော်ကြာကိုစိုးထက်လို အမစိတ်ကောက်ဦးမယ်။ ခွင့်တောင်းလာသူအားလုံး မူးပြီးမှပြန်ကြနော်။ ခွင့်မတောင်းလာသူတွေကတော့ အချိုရေပဲသောက်။ ဂျေဂျေလို ဈေးကြီးတာ မတိုက်နိုင်ပေမဲ့ အမျိုးစုံအောင်တော့ သေချာပြင်ထားပါတယ်။ ဆက်ဆက်လာကြနော်....
Labels:
ဖိတ်စာ
Wednesday, December 26, 2007
တောင်းတဲ့ဆုနဲ့ ပြည့်စေသတည်း
အမျိုးသမီးတဦး၌ စကားပြောတတ်သော ကြက်တူရွေးတကောင်ရှိလေသည်။ တနေ့သ၌ ရဲသားတဦး ထိုအိမ်ရှေ့မှ ဖြတ်လျှောက်သွားရာ
“သေချင်းဆိုး၊ ကာလနာ၊ မသာ....၊ သေချင်းဆိုး၊ ကာလနာ၊ မသာ....၊ သေချင်းဆိုး၊ ကာလနာ၊ မသာ....” ဟု ပြောနေရာ ရဲသားက သူ့အား မဖွယ်မရာပြောသည်ဆိုကာ ဒဏ်ငွေဆောင်ခိုင်းလေသည်။ နောက်နေ့လည်း ထိုနည်း၎င်းပင် ဖြစ်နေလေရာ နေ့တိုင်း ပေးရဖန်များလာသောအခါ အမျိုးသမီးသည် သင်းအုပ်ဆရာထံ သွား၍အကူအညီတောင်းခံလေသည်။
ထိုအခါ သင်းအုပ်ဆရာက သူ၏ကြက်တူရွေးနှင့် လဲ၍ပေးလိုက်လေသည်။ ရဲသားသည် အိမ်ရှေ့မှ ဖြတ်လျှောက်ပြန်ရာ အသံမကြားရသဖြင့် လှမ်းကြည့်ရာ ကြက်တူရွေးကိုတွေ့လေသည်။ ရဲသားသည် အိမ်ရှေ့တွင် ခေါက်တုန့်ခေါက်ပြန်လျှောက်လေရာ ဘာသံမှမကြားရသဖြင့် မနေနိုင်သည့်အဆုံး “သေချင်းဆိုး၊ ကာလနာ၊ မသာ....၊ သေချင်းဆိုး၊ ကာလနာ၊ မသာ....၊ သေချင်းဆိုး၊ ကာလနာ၊ မသာ....” ဟု ပြောလိုက်သည်တွင် သင်းအုပ်ဆရာ၏ ကြက်တူရွေးက
“တောင်းတဲ့ဆုနဲ့ပြည့်ပါစေ.... တောင်းတဲ့ဆုနဲ့ပြည့်ပါစေ...” ဟုပြန်ပြောလိုက်လေသတည်း။
Labels:
ဟာသ
လက်မခံဘူး
ပထမလူ။ ။ ဆွီဒင်အမျိုးသားတွေ လူကြီးလူကောင်းမဆန်ဘူးလို့ပြောတာ ကျွန်တော်လက်မခံဘူးဗျ...
ဒုတိယလူ။ ။ ခင်ဗျားက ဘာလို့လက်မခံတာလည်း ပြောစမ်းပါဦး...
ပထမလူ။ ။ ကျွန်တော်မနေ့က အပြင်သွားရင် အမျိုးသမီးတယောက် ကားဘီးပေါက်နေလို့ မိုးရွားကြီးထဲ လဲနေတာ မိုးရေမစိုအောင်ဆိုပြီး ထီးမိုးပေးနေတဲ့ ဆွီဒင်အမျိုးသားတဦးကို ငါတွေ့လိုက်တယ်...
ဒုတိယလူ။ ။ ဟိုက်...............................
Labels:
ဟာသ
Monday, December 24, 2007
အိမ်ရှင်မများ WARNING!!!
ဈေးထဲဝင်လိုက်တာနဲ့ အိမ်ရှင်မတွေဟာ ဘာချက်စားရရင်ကောင်းမလဲဆိုပြီး ခေါင်းရှုပ်ကြတတ်ပါတယ်။ အိမ်ရှင်မတွေအတွက် အခက်အခဲအဆုံးအလုပ်က ဟင်းလျာစီမံရခြင်းပဲဖြစ်ပါတယ်။ အကြိုက်ခြင်းမတူတဲ့အခါ တမျိုးမျိုးစီချက်မနေရအောင် အားလုံးသင့်လျော်အောင် စီမံချက်ပြုတ်ရပါတယ်။ အဲလိုစီမံကြရာတွင် ကိုယ့်ရဲ့ ရွေးချယ်မှုဟာ မိသားစုရဲ့ကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။ မိမိ၏ မိသားစုကျန်းမာရေးသည် အိမ်ရှင်မတို့၏ မီးဖိုချောင်စီမံမှုအပေါ် များစွာတည်မှီပါတယ်။ ခေတ်မှီတိုးတက်လာသည့်အလျောက် လူတို့၏ ကျန်းမာရေးသည်လည်း ဆုတ်ယုတ်လျက်ရှိပါတယ်။


အိမ်ရှင်မတွေအများစု ဈေးဝယ်တဲ့အခါမှာ အသီးအရွက်ဆို စိမ်းစိုနေမှ၊ ခရမ်းချဉ်သီးဆိုလည်း နီရဲနေမှ ၀ယ်ချင်၊ ချက်ချင်ကြပါတယ်။ ကြီးပေ့၊ လှပေ့ဆိုမှ ၀ယ်ချင်ကြတဲ့ အိမ်ရှင်မတွေကို လှည့်စားတာကတော့ ဓာတ်မြေသြဇာနဲ့ စိုက်ပျိုးကြီးထွားလာတာတဲ့ ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ပါတော့တယ်။ ယခင်က စိုက်ခင်းတွေမှာ နွားချေးနဲ့ ကောက်ရိုး၊ နှမ်းဖတ်စတာတွေ အသုံးပြုကြပေမဲ့ ယခုအခါမှာတော့ နွားချေး၊ ကောက်ရိုးသုံးမည့်အစား ဓာတ်မြေသြဇာ အမျိုးမျိုးတို့ကို အစားထိုးသုံးစွဲလာကြပါတယ်။ ပစ္စည်းတွေ အရည်အသွေးမြှင့်ဖို့နဲ့ ဈေးကွက်ဝင်နိုင်ဖို့ စိုက်ပျိုးသူတွေကလည်း သူ့ထက်ငါ ဓာတ်မြေသြဇာတွေ သုံးလာကြတဲ့အတွက် စားသုံးသူ လူထုအတွက် ရောဂါတွေ တိုးပွားလာစေပါတယ်။
စိုက်ပျိုးတဲ့သူတွေက ဓာတ်မြေသြဇာမသုံးထားခဲ့ပြန်လျှင် ရောင်းပန်းမလှတဲ့အတွက် အိမ်ရှင်မတွေကလည်း မ၀ယ်ကြပါဘူး။ အပင်ကြီးထွားဖို့၊ အသီးအထွက်ကောင်းဖို့ ဓာတ်မြေသြဇာသုံးစွဲလာကြခြင်းမှာ စားသုံးသူလူထု၏ ကျန်းမာရေးကို တဖြည်းဖြည်းထိခိုက်လာစေပါတယ်။ ဈေးထဲကို ၀င်လိုက်သည်နှင့် မြင်နေရသည့် ဟင်းသီးဟင်းရွက်အစားစုဟာ ဓာတ်မြေသြဇာတွေ သုံးစွဲထားကြတဲ့အတွက် ဓာတ်မြေသြဇာ မသုံးထားတဲ့ ဟင်းသီးဟင်းရွက်ကို ရွေးချယ်ဝယ်ယူကြဖို့ မလွယ်ကူလှပါဘူး။ ယခင်ရာသီပေါ်သီးဟာ ရာသီအလိုက်သာပေါ်ပြီး စားသုံးကြရပေမဲ့ ယခုဆိုလျှင် ရာသီပေါ်သီးအများစုကို ၁၂ရာသီဝယ်ယူ စားသုံးနိုင်သည့်အလျောက် လူတို့၏ကျန်းမာရေးအတွက် ဆုတ်ယုတ်လာနိုင်ဖွယ်ရှိပါတယ်။မြို့နေလူထုအများစု၏ကျန်းမာရေးသည် တောရွာတွင်နေသော လူထု၏ကျန်းမာရေးထက် ရောဂါဘယ ပိုမိုထူပြောကြပါတယ်။ မိသားစု၏ကျန်းမာရေးကို အိမ်ရှင်မတို့လက်ထဲထည့်ထားကြရသည့်အလျောက် ဟင်းသီးဟင်းရွက်များ ၀ယ်ယူစားသုံးကြရာတွင် ရောဂါဘယကင်းဝေးစေရန် ဟင်းသီးဟင်းရွက်များကို ရေဆေးရာတွင် ရေဇလုံးထဲသို့ ဆားအနည်းငယ်ထည့်၍ အနည်းဆုံးလေးကြိမ် ရေဆေးသင့်ပါသည်။ အိမ်ရှင်မတိုင်း လက်အိတ်နှင့်သာ ကိုင်တွယ်အသုံးပြုသင့်ပါသည်။ အချို့အိမ်ရှင်များက အရင်လည်း ဒီလိုပဲလုပ်နေကြပဲလို့ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ အရင်ကကျန်းမာရေးနဲ့ ယခုကျန်းမာရေး နှိုင်းယှဉ်ကြည့်ကြမယ်ဆိုရင် လုပ်သင့်လား မလုပ်သင့်လား ခွဲခြားနိုင်ကြပါလိမ့်မယ်။
မိသားစု၏ကျန်းမာရေးသည် အိမ်ရှင်မတိုင်း၏တာဝန်ဖြစ်သည်။
ရောဂါဘယကင်းဝေးဖို့ သနု့်သန့်ရှင်းရှင်းချက်ပြုတ်ကြပါစို့...
Labels:
ဆောင်းပါး
Thursday, December 20, 2007
မီးလေးနဲ့ဒဿန
မီးလေးခုတလောဆက်တိုက် စိတ်ထဲမှာ တော်တော်ရင်ခံနေတရ် (အစာမကြေ၍ မဟုတ်ပါ)... တကယ်ပါ မယုံရင်တော့ ပုံပြင်လို့သာမှတ်... မီးလေးကလည်း အမှန်ဆို စိတ်ဓာတ်မရင့်ကျက် တာလည်းပါတာပေါ့။ အဲတော့ တခုချင်းစီ တခုချင်းစီတိုင်းကို ရင်ထဲမှာခံစားရတာ... ဇာတ်လမ်းက ခုမှစမှာ :D
မီးလေးက ၁၀တန်းအောင်ထဲက အလုပ်လုပ်ရင်းနဲ့ပဲ ကျောင်းတက်ဖို့ဆုံးဖြတ်ပြီး အဝေးသင်(မြန်မာစာ) ယူပြီး ကျောင်းဆက်တက်ခဲ့ပါတရ်။ အလုပ်ဆိုတာ တခါမှမလုပ်ဘူးတဲ့အတွက် အခက်အခဲတွေနဲ့လဲ အများကြီး ရင်ဆိုင်ခဲ့ရပါတရ်။ အဲဒီအပေါ်မှာပဲ ကောင်းတာလေးတွေသင်ယူ မကောင်းတာဆို ရှောင်မယ်ဆိုပြီး လေ့လာ သင်ယူခဲ့ပါတရ်။ မီးလေးအနေနဲ့ပြောရရင် ကိုယ့်ခြေထောက်ပေါ်ကိုယ် စတင်ရပ်တည်လိုက်ခြင်းရဲ့ ခြေလှမ်းပဲဆိုပါတော့။ အဲဒီမှာ ဘာတွေတွေ့ရလည်းဆိုတော့ လူပေါင်းစုံနဲ့ တွေ့ရတရ်။ ကိုယ်ကဒီလိုထင်ပေမယ့် သူတို့က ဒီလိုထင်ကြတာပါပဲလားဆိုပြီး ၀မ်းနည်းရတာလည်း အကြိမ်ပေါင်းမနည်းဘူး။ အင်ထရိုလုပ်တာ နည်းနည်းများ သွားပြီ ပြောပြီနော်...
မီးလေးတို့အလုပ်မှာ ပြဿနာတက်ပါလေရော။ ပစ္စည်းပျောက်လို့ သန့်ရှင်းရေးဝန်ထမ်းကို မကျေနပ်ဘူး ဖြစ်နေတာ။ ၀န်ဆောင်မှုလုပ်ငန်းဖြစ်တာကြောင့် အကြီးအကဲတွေက သန့်ရှင်းရေးဝန်ထမ်း တွေကိုအားလုံး ခေါ်ရှာတယ်။ အဲဒီအချိန်မှာ မီးလေးရင်ထဲခံစားလိုက်ရတာက သန့်ရှင်းရေးတွေမှ မဟုတ်ဘူး။ မီးလေးတို့လည်း ရှိနေကြတာပဲ အားလုံးကိုရှာပေါ့။ ဘာလို့သန့်ရှင်းရေးတွေကိုမှ မသင်္ကာဖြစ်နေတာလဲ။ သူတို့ခင်ဗျာမှာ မရှိလို့ အလုပ်လုပ်စားပါတရ် သူတို့တွေရဲ့ စာရိတ္တကိုပါ ဘာလို့နှိမ်ချင်ကြတာလဲ ? အဖြေမထွက်ခဲ့ပါဘူး။ နောက် ဖုန်းပြန်ဆက်လာပါတရ်။ သူတို့အမက ပျောက်မှာစိုးလို့ သိမ်းသွားတာတဲ့။ ကဲ စဉ်းစားသာကြည့်တော့...
ပစ္စည်းပျောက်တဲ့သူကိုလည်း ကိုယ်ချင်းစာပါတရ်။ သူတို့တွေလည်း ထူပူသွားမှာပဲ ဒါပေမဲ့ သန့်ရှင်းရေး ၀န်ထမ်းကိုပဲ သူတို့ဘာလို့ စွပ်စွဲချင်ရတာလဲ ? လဲပေါင်းများစွာ၊ လားပေါင်းများစွာနဲ့ ဒီမေးခွန်းရဲ့အဖြေကို မရခဲ့ပါဘူး။ သူတို့မှမဟုတ်ပါဘူး လူတိုင်းလူတိုင်း တော်တော်များများ သန့်ရှင်းရေးဝန်ထမ်းဆိုရင် အရေး မလုပ်ချင်ကြဘူး အထင်သေးကြတယ်။ ဘာလို့လဲ ? သူတို့လည်း လူထဲကလူပဲ ဘာလို့ခွဲခြား ခွဲခြားဆက်ဆံ ရတာလဲ ? အဲဒီသူတွေကကော ပိုက်ဆံရှိပြီး စာရိတ္တချို့တဲ့သူတွေလည်း တပုံကြီးပါ (လူအမျိုးမျိုး စိတ်အထွေထွေရှိကြတာမို့ လူတိုင်းကိုမဆိုလိုပါ)။ ပိုက်ဆံရှိပြီး အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားမကောင်းတဲ့ လူရှိသလို၊ ပိုက်ဆံမရှိပေမဲ့ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားကောင်းတဲ့သူတွေလည်း တပုံကြီးပါ။ ဒါပေမဲ့ ပိုက်ဆံအရေခြုံပြီး အကျင့် စာရိတ္တ၊ ကိုယ်ကျင့်တရားမကောင်းတာကိုကြတော့ အမြင်ရှင်းကြတရ်လေ။
မီးလေးခေါင်းထဲမှာ လူတွေရဲ့စိတ်ထဲမှာ ပစ္စည်းတခုခုပျောက်တာနဲ့ သန့်ရှင်းရေးဝန်ထမ်းဆိုပြီး မထင်အောင် ဘယ်လိုလုပ်ရမလဲ ? ဘယ်လိုလုပ်သင့်လဲ ? စဉ်းစားပေမဲ့ မထိရောက်ခဲ့ပါဘူး။ နေရာတိုင်းမှာ ဒီလိုပဲ ထင်မြင်နေ ကြလို့ပါ (အများစုကို ဆိုလိုခြင်းသာ)။ မီးလေးက လူတိုင်းရဲ့အမြင်မှာ ပစ္စည်း ပျောက်တာနဲ့ သန့်ရှင်းရေးတွေပဲ လို့တထစ်ချယုံကြည်တာမျိုး မဖြစ်စေချင်တာ ရင်ထဲက စေတနာအမှန်ပါ။ ဘယ်သူတွေကများ တခုခုဖြစ်တာနဲ့ သန့်ရှင်းရေးပဲလို့ ပြောခဲ့လို့လဲပေါ့ ?
ခုတော့ မီးလေးအဖြေရခဲ့ပါပြီ။ မှန်ချင်မှလည်းမှန်မယ် မှားရင်လည်းမှားမရ် မီးလေးမှားရင် မီးလေးဘလော့ဂ် ကိုလာလည်ကြတဲ့ မောင်နှမတွေရှိတာပဲ (ပြောပြကြမယ်မဟုတ်လား)အားကိုးရှာတာ... ဟီ ဟိ... ဘယ်သူမှ မလုပ်ပါဘူး။ သူတို့ကိုယ်တိုင်က သူတပါးအထင်အမြင်သေးအောင် လုပ်ထားကြလို့ပါပဲ။ (အကုန်လုံး မဆိုလို ပါ) ပြောမယ်ဆို အလွယ်လိုက်ကြတာ ကိုယ့်မှာအခက်အခဲရှိလာတော့ လွယ်တာလုပ်လာကြရင်းနဲ့ လုပ်တဲ့သူ ရော၊ မလုပ်တဲ့သူကော ရောနှောပြီး အထင်ခံလာရခြင်းပဲ ဖြစ်ပါတရ်။ မီးလေးသာ သူတို့နေရာမှာရှိမယ်ဆိုရင် ငါတို့ကို ဒီလိုထင်နေတာ ငါတို့သန့်ရှင်းရေးအလုပ်သမားတွေဘက်က ဘယ်လိုရပ်တည်ရမလဲ။ သူတို့အထင် အမြင်ထဲမှာ အထင်သေးတာကို ပျောက်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာမျိုး စဉ်းစားမှာပါ။ ခုလည်း စဉ်းစာတာပါပဲ။
ခုဆို မီးလေးက ၀န်ထမ်းတွေကို ပြန်ကြည့်ရတဲ့နေရာကို ရောက်လာတရ် (ကပ်ကြွားတာ)။ သန့်ရှင်းရေးဝန်ထမ်း တွေနဲ့ ရင်းရင်းနှီးနှီးနေတရ်။ ဒါပေမဲ့ ဘယ်လောက်ထိတော်လည်းဆို ကိုယ့်ကိုပတ်တော့မှ သိတော့တရ်။ ကိုယ့်ကတော့ သနားလို့ သူတို့အပေါ်ထားတဲ့ စိတ်ကို မထီမဲ့မြင်ပြုလိုက်တာကိုတော့ အရမ်းဝမ်းနည်းမိတယ်။ သူတို့တွေကလည်း အထင်မြင်သေးအောင် သူတို့ကိုယ်တိုင် လုပ်နေကြတာပါလားလို့လည်း သိလိုက်ရတယ်။ အဲလိုလူမျိုးတွေရှိနေသ၍ လူတိုင်းရဲ့အထင်မြင်သေးတာလည်း ဘယ်တော့မှ ပျောက်ပျက်တော့မှာ မဟုတ်ဘူး ဆိုတာ။ မီးလေးလည်း သူတို့ကို ရင်းရင်းနှီးနှီးနေမိတာ မှားသွားပြီတောင် ထင်တယ်။ အကုန်လုံးကို ဆိုလိုတာ မဟုတ်ပါဘူးနော်။ ဘာလို့လိမ်ချင်၊ ပတ်ချင်ရတာလည်း၊ ဘာလို့အလွယ်လိုက်ချင်ရတာလည်း... ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုတ်ဆိုတဲ့ ရှေးလူကြီးတွေထားခဲ့တဲ့ စကားပုံက သွေးထွက်အောင်မှန်တယ်။ ခုက တကောင်တောင်မဟုတ် ဆယ်ကောင်မှာ ခုနစ်ကောင်လောက်ဖြစ်နေတာ။
ငွေမရှိလို့ အနှိမ်ခံရတာထက်၊ စာရိတ္တမကောင်းလို့ ပြောခံရတာက ပိုပြီးနာဖို့ကောင်းပါတယ်။ ငွေတပြားမှမရှိရင်နေ စာရိတ္တတော့ အပြည့်ပဲ ဆိုတာမျိုး လူတိုင်းမှာရှိကြရင် ဘယ်လောက်ကောင်းလိုက်မလဲ။ လူလူချင်း အဆင့်အတန်းခွဲတာတွေလည်း ရှိလာမှာမဟုတ်တော့ဘူး။ ရှိလာဦးတော့ ခုလောက်ထိဖြစ်နေကြမှာ မဟုတ်ဘူးလို့ မီးလေးတော့ထင်တယ်။ ပိုပြီးဝမ်းနည်းမိတာက မီးလေးခုရေးတဲ့ပို့စ်လေးကို သူတို့တွေဖတ် ဖြစ်မှာ မဟုတ်လို့ပါပဲ။ ကိုယ့်ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း၊ ကိုယ့်ရဲ့စာရိတ္တ၊ ဂုဏ်သိက္ခာကို ထိမ်းသိမ်းပြီး အထင်အမြင်သေးခံရတာတွေမရှိအောင် မှန်ကန်ဖြောင့်မတ် ရိုးသားတဲ့စိတ်ဓါတ်တွေနဲ့ ကြိုးစားနိုင်ကြပါစေ လို့ ဆုတောင်းမိပါတယ်.....
(သံဝေဂရမိလို့ မျှဝေတင်ပြခြင်းသာ)
Labels:
ဆောင်းပါး
Christmas Wish...
God give you blessings at Christmas time;
Stars for your darkness, sun for your day,
Light on the path as you search for the Way,
And a mountain to climb.
God grant you courage this coming year,
Fruit for your striving, friends if you roam,
Joy in your labor, love in your home,
And a summit to clear.
Labels:
Poems
Christmas Wish to You
brought the greatest happiness the world would ever know...
Peace came down on Christmas Day to fill the hearts of men
with all the sweet tranquility each Christmas brings again...
Joy came down on Christmas Day as angels came to earth
heralding the miracle of our Messiah's birth.
Labels:
Poems
Subscribe to:
Posts (Atom)


















