Monday, March 17, 2008
နေကောင်းပြီ
မီးလေး တူမလေးကို ၀ိုင်းပြီးမေးကြတဲ့ စာဖတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် စာဖတ်သူတို့၏ ၀ိုင်းဆုတောင်းပေးမှုကြောင့် ထူထူထောင်ထောင်ဖြစ်လာပါကြောင်း....
၎ရက်နေ့က ဆေးရုံမှ ဆင်းခဲ့ပါသော်လည်း တနေ့တည်းနှင့် သတိလစ်ကာ လေးကြိမ်လောက် တက်နေခဲ့ပါကြောင်း...
ဆေးများသောက်သော်လည်း သိသိသာသာ တိုးတက်မှုမရှိပါကြောင်း...
ယခုအခါ သူငယ်နာဟု အများကပြောကြသဖြင့် မြန်မာဆရာနှင့်ပါ တွဲ၍ ကုသနေရပါကြောင်း...
ပထမရက် ကုသပြီးသည့်နောက်ပိုင်းတွင် သတိလစ်ပြီး တက်ခြင်း မရှိတော့ပါကြောင်း...
မျက်ကြောမှိတ်၍သာ အနည်းငယ် တက်ခြင်းသာ ရှိတော့ပါသည်.....
အားလုံးကို ကျေးဇုးတင်လျက်
Wednesday, March 12, 2008
နှုတ်ခွန်းဆက်သခြင်း
ဒါနဲ့ ပို့စ်တင်ပြီး သင်္ကြန်ဘာအစီအစဉ်ရှိလဲလို့ သိချင်လို့ မီးလေးဆီ လာတဲ့ ဘော်ဘော်တွေအားလုံး ဖြေပေးကြဦးနော်... မီးလေးက ဒီနှစ်သင်္ကြန်ကို မိသားစုနဲ့ မန္တလေးမှာကျဖို့ စီစဉ်နေတရ်ရှင့်... မန္တလေးရောက်ရင် မန္တလေးဘလော့ဂ်ဂါတွေလည်း လိုက်ချောင်းရင်းပေါ့... ဟဲ...ဟဲ
ပျော်ရွှင်စွာ သင်္ကြန်ပွဲဆင်နွှဲရင်း နှစ်သစ်ကို ကြိုဆိုကြပါစို့လား.........
ခုရက်ပိုင်းအတွင်း အိမ်မှာ ၀တ္ထုရေးနေတရ်ရှင့်... ပြီးရင် အပိုင်းလိုက် ပို့စ်တင်ဖြစ်မှာမို့ မကြာခင် လာမည် မျှော်
Thursday, March 6, 2008
မျှော်လင့်ခွင့်များစွာ
“အန်တီရေ… အန်တီ”
“သြော်…ဘယ်သူများလဲလို့ ကစ်ကစ်ကိုး ဘာကိစ္စလဲကွဲ့”
“ဟလို မီးလေးရှိလား အန်တီ”
“ရှိတရ် လာထိုင်လေ….. မီးလေးရေ ဒီမှာ ကစ်ကစ်ရောက်နေတရ်… ခဏထိုင်ဦးနော် အန်တီ ကော်ဖီသွားဖျော်လိုက်ဦးမယ်…”
“ဟုတ်ကဲ့… အန်တီ”
“ဂွဒ်မောနင်း ကစ်ကစ် မျက်စိရွာလည်လာတရ်ပေါ့”
“မျက်စိလည်လာတာ မဟုတ်ဘူး မရဲ့ စကားစပါးမွှေးစူးလာတာ”
“ကဲ ဆိုစမ်းပါဦး… ဘာအထုပ်ရှုပ်လဲ”
“ဒီလို ဟလို မီးလေးရဲ့ စောနက သူငယ်ချင်းတယောက်နဲ့ လမ်းထိပ်မှာတွေ့တရ်”
“မ မှန်းလို့ရပြီ ကစ်ကစ်… အရည်မရ၊ အဖတ်မရ စကားနိုင်လုလာကြတရ်ပေါ့”
“အဲ… စကားနိုင်လုလာတာတော့မှန်တရ်… ဒါပေမဲ့ အရည်ရ၊ အဖတ်ရ ဟလို မီးလေးရဲ့”
“ဆိုစမ်းပါဦး”
“ကစ်ကစ်က ကုရာနတ္ထိဆေးမရှိရောဂါက အိပ်အိုင်ဗွီလို့ ပြောတာ သူက အရင်ကရာ ကုရာနတ္ထိတဲ့ ခုမဟုတ်ဘူးပြောတရ်… ကစ်ကစ်က အိပ်အိုင်ဗွီကို ပျောက်အောင်ကုလို့ရတဲ့ ဆေးမပေါ်သေးဘူးလို့ ပြောလိုက်တရ်… သူက ကုလို့ရနေပြီဆို ငြင်းနေတရ်လေ အဲတာ ဘယ်သူမှန်လဲလို့ ဟလိုမီးလေးကို လာမေးတာ”
“စကားလည်း ပြောကြ ကော်ဖီလည်းသောက်ကြပေါ့ အန်တီဈေးသွားလိုက်ဦးမယ်နော်”
“ဒီအကြောင်းပြောရရင် နည်းနည်းရှည်တရ်ညီမရဲ့… ညီမသူငယ်ချင်းပြောသလို ကုရာနတ္ထိဆေးမရှိ မဟုတ်တော့ဘူးဆိုတာလည်း မှန်တယ်… ပျောက်အောင်ကုလို့ရတဲ့ဆေး မပေါ်သေးဘူးဆိုတာလည်း မှန်တရ်…”
“ဘယ်လိုကြီးလဲ ဟလိုမီးလေးရဲ့”
“သေချာနားထောင်နော်… HIVပိုး ကူးစက်ခံရတိုင်း AIDS မဖြစ်သေးပါဘူး… သက်ဆိုင်ရာဆရာဝန်တွေနဲ့ပြပြီး သူတို့ညွှန်ကြားတဲ့ဆေး ပိုးသတ်ဆေး SEPTRIN TAB ကို အမြဲသောက်ရတရ်… ကိုယ်ခံအားကျဆင်းတဲ့ရောဂါမို့ တခြားရောဂါတွင် မ၀င်ရောက်နိုင်အောင် သောက်ရတာဖြစ်တရ်… ဆရာဝန်နဲ့ Follow Up ပြရမရ်… ဆရာဝန်က CD4 Count ကို စစ်ဆေးလို့ အကောင်အရေအတွက် နည်းနေမှ Antiretro Theropy (ART)ကို စတိုက်တရ်… ”
“ART သောက်တဲ့ အဆင့်မရောက်အောင် ဘာတွေလုပ်နိုင်လဲ”
“တကိုယ်ရည် သန့်ရှင်းမှုရှိမရ်၊ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေစားမရ်၊ အိပ်ရေး ၀၀အိပ်မရ်၊ Behavior မကောင်းတဲ့အကျင့် အကာအကွယ်မဲ့ လိင်ဆက်ဆံတာတို့၊ ဆေးထိုးအပ်ကို ရှယ်ယာလုပ်ပြီး မူးယစ်ဆေးထိုးတာ၊ ဆေးလိပ်၊ အရက်သောက်ခြင်း ရှောင်ကြဉ်မရ်၊ ကျန်းမာရေးကို သေချာစောင့်ရှောက်မရ်ဆိုရင် ရောဂါပိုးကို ထိန်းထားနိုင်လို့ သက်တမ်းကို ပိုရှည်စေပါတရ်…ARTကလည်း ရောဂါပိုးကို သေစေနိုင်တာ မဟုတ်ဘူး ထိန်းပဲထိန်းချုပ်ထားနိုင်ပါတရ် ဆက်လက် မပြန့်ပွားလို့ သက်တမ်းကို ပို ပိုပြီး ရှည်လာစေနိုင်ပါတရ်”
“ART ဆေးသောက်မယ်ဆိုရင် တလကို ၆သောင်းလောက်ကုန်ကျပြီး တနှစ်ကို ၇သိန်း ၂သောင်းကုန်ကျမှာဖြစ်တရ်… ဆေးစသောက်ပြီဆိုရင်တော့ ဖြတ်လို့မရပါဘူး… အချိန်မှန်သောက်ရတရ်… ပိုက်ဆံမတတ်နိုင်လို့ သောက်နေရာက ဆက်မသောက်တော့ဘူးဆိုရင်တော့ ပိုးတွေဟာ အမြန်ပျံ့ပွားစေလို့ သေစေနိုင်ပါတရ်… ဖြတ်လိုက်သောက်လိုက်သောက်မရ်ဆိုရင်လည်း သေစေနိုင်လို့ ဆေးစတိုက်တော့မယ်ဆိုရင် ART Councelling လုပ်ပြီးမှ စတိုက်ပါတရ်… လက်ရှိအသက်က ၃၀ဆိုပါတော့… အသက် ၆၀ထိနေချင်တရ်ဆိုရင် တနှစ်ကို ၃သိန်း၆သောင်း နှစ်၃၀ကို ၁၀၈သိန်း တတ်နိုင်ပါ့မလား… ပိုက်ဆံချမ်းသာတဲ့သူအဖို့ ပူပန်စရာမလိုပေမဲ့ ပိုက်ဆံမတတ်နိုင်တဲ့သူတွေကို အခမဲ့ ပေးတဲ့ နေရာတွေ ပေါ်လာခဲ့တရ်… စသောက်ပြီဆိုတည်းက သူ့မှာ သက်တမ်းစေ့နေနိုင်ပြီ ဖြစ်လို့ ဆေးကို အမြဲပေးရပါတရ်… စင်တာတခုဆို အယောက် ခြောက်ထောင်ရှိလို့ တခြား လူနာသစ်တွေကို ဆေးအခမဲ့ထပ်မပေးနိုင်တော့တာတွေ ရှိတရ်… ဒါပေမဲ့ လူနာဟောင်း ခြောက်ထောင်ကိုတော့ ဆက်ပေးနေတရ်… အစိုးရဆေးရုံအနေနဲ့ ဝေဘာဂီဆေးရုံမှာ အခမဲ့ပေးပါတရ်… သူက လူနာသစ်ကိုပဲ ပေးတရ်လို့တော့ သိရတရ်… ဆေးက ဈေးကြီးလို့ အခြား စင်တာတွေမှာ အခမဲ့ချမပေးနိုင်သေးဘူး ညီမရဲ့… အချို့က တဦးချင်း အလှူရှင်တွေ ပေါ်ပေါက်လာလို့ အဆင်ပြေသွားတာတွေ တွေ့လာရတရ်… အချို့ တတ်နိုင်တဲ့သူတွေကတော့ အပြင်မှာ ၀ယ်သောက်ကြတရ်…”
“ကလေးတွေ စကားပြောနေလိုက်ကြတာ ကော်ဖီတွေတောင် အေးနေပြီ”
“စိတ်ဝင်စားလို့ သောက်ဖို့မေ့သွားတာ အန်တီရဲ့”
“သေချာမှတ်ထားနော် ညီမ… ညီမမှတ်ထားရုံတင်မကဘူး တခြားသူတွေကိုလည်း ဖြန့်ဝေပေးနိုင်ရင်တော့ တဦးစကားကတဆင့် တဦးဆင့်ပွားပြီး ဝေဒနာရှင်တွေဟာ သူတို့အတွက် မျှော်လင့်ခွင့်များစွာ ပိုင်ဆိုင်နိုင်ကြမှာပါ…”
“ဟလို မီးလေး ဘယ်သွားဖို့ရှိသေးလဲ ကစ်ကစ်ကို စိတ်ရှည်လက်ရှည် ရှင်းပြပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ မုန့်ဝယ်ကျွေးမရ်”
“တော်ပါပြီ ကစ်ကစ်ရယ် ညီမကတဆင့် လက်ဆင့်ကမ်းနိုင်မယ်ဆိုရင် ကျေနပ်ပါပြီ… ဟလိုမီးလေးလည်း မအားသေးဘူးကွဲ့ Intermediate Counselling သင်တန်း တက်နေရတရ်… ၇ရက်နေ့မှပြီးမှာ နောက်ကြုံတော့မှကွယ်”
ဟလို မီးလေးကို နှုတ်ဆက်ထွက်ခွာသွားတဲ့ ကစ်ကစ်နောက်ကြောကိုကြည့်ရင်း ဝေဒနာရှင်တွေဆီ ဒီသတင်းလေးရောက်သွားပါစေလို့ မျှော်လင့်ရင်း……
Thursday, February 28, 2008
စကားဝိုင်း
မီးလေး ကောင်ဆယ်လင်းလုပ်တယ်ဆိုတာ ဘာကိုပြောတာလဲ ?
ကောင်ဆယ်လင်းဆိုတာ မြန်မာလိုတော့ တိုက်ရိုက်အတိကျတော့ ဘာသာမပြန်နိုင်သေးဘူး သဲလေးရဲ့... ဒါပေသိ နှစ်သိမ့်ဆွေးနွေးပညာပေးလို့တော့ ခေါင်းစဉ်တပ်ကြတရ်ကွ...
ဒါဆို ပြဿနာတွေကို ဖြေရှင်းပေးတာပေါ့ ?
အဲလိုလည်း မဟုတ်သေးဘူး သဲလေးရဲ့... ခုမီးလေးတို့ တက်တဲ့ VCCT Counselling ဆိုတာ HIV/AIDSနဲ့ ပတ်သက်တဲ့ Voluntary Confident Counselling & Testing ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာစေရန်၊ ကိုယ်တိုင် ဆုံးဖြတ်ချက်ချလာနိုင်ပြီး မိမိဆန္ဒအလျောက် သွေးစစ်ခြင်းကိုခေါ်တာသဲရဲ့.... ပြဿနာကို ဖြေရှင်း ပေးတရ်ဆိုတာထက် ပြဿနာကို သုံးသပ်နိုင်အောင် နှစ်သိမ့်ဆွေးနွေးပေးတရ်လို့ သုံးရင် ပိုမှန်တရ်ကွ...
ဘာကိုကြည့်ပြီး ကောင်ဆယ်လင်းလို့ သတ်မှတ်တာလဲ ?
အင်း... ပြောမယ်ဆို အပိုင်းလေးပိုင်းရှိတယ်ကွ... ကလိုင်းရင့်လာတရ်ဆို ပြဿနာရှိလို့လာတာလေ ကိုက ကလိုင်းရင့်ခံစားနေရတဲ့ စိတ်ခံစားချက်ပေါ်မူတည်ပြီး ဖြေရှင်းပေးမှာလား ဒါမှမဟုတ် ပြဿနာကို ဖြေရှင်းပေး မှာလားဆိုတဲ့ အချက်တွေပေါ် မူတည်တရ်... ဥမပါ အဲလေ ဥပမာ ဆိုကြပါစို့ လူတဦးက အကြွေးတွေ ယူထားတရ်၊ ခုချိန်မှာ ပြန်မဆပ်နိုင်ဘူး၊ ကြွေးရှင်ကလည်း ပြန်မဆပ်ရင် တရားစွဲတော့မယ်ဆိုရင် ဘယ်လို ဖြေရှင်းကြမလဲ... စိတ်ဖိစီးမှုတွေများနေတဲ့ လူကို စိတ်သက်သာရာရအောင် ဖြေရှင်းမှာလား... ဒါမှမဟုတ် အကြွေးဘယ်လိုဆပ်ရမလဲဆိုတာ ဖြေရှင်းမှာလား...
အဲမှာ အပိုင်းလေးပိုင်းကွဲသွားတရ်
၁. ပြဿနာကို အဓိကထားမရ် အခြားလူကို ဖြေရှင်းခိုင်းမယ်ဆိုရင် ပြောဆိုကူညီတရ်လို့ ခေါ်တရ် ကောင်ဆယ်လင်း မဟုတ်ဘူး။
ကလိုင်းရင့်က အမျိုးသမီးဆိုပါစို့...
ကောင်ဆယ်လာ - အမတို့ဆွေမျိုးသားချင်းတွေထဲမှာ ပိုက်ဆံအသင့်အတင့်ရှိတဲ့လူရှိလား။
ကလိုင်းရင့် - ဦးလေးတယောက်တော့ရှိတရ်။
ကောင်ဆယ်လာ - ဒါဆို ဦးလေးကို အကျိုးအကြောင်းပြောပြကြည့်ပြီး ငွေချေးကြည့်လိုက်ပါလား။
ကလိုင်းရင့် - ကျွန်မဦးလေးကို ပြောကြည့်လိုက်မရ်လေ။
ကလိုင်းရင့်က ပြန်သွားတရ် ဒါပေမဲ့ ပြဿနာကို ကလိုင်းရင့် ဦးလေးကို ဖြေရှင်းကြည့်ဖို့ပြောလို့ ပြောဆိုကူညီတဲ့ အပိုင်းကို ရောက်သွားတရ်...
၂. ပြဿနာကို အဓိကထားပြီး ကာယကံကိုယ်တိုင် ဖြေရှင်းခိုင်းမယ်ဆိုရင် အကြံဥာဏ်ပေးတဲ့ အပိုင်းကို ရောက်ပါတရ်။
ကောင်ဆယ်လာ - အမမှာ ပိုက်ဆံမရှိရင် ပစ္စည်းလေး ဘာလေး မရှိဘူးလား
ကလိုင်းရင့် - မူးရင်တောင် ရှုစရာမရှိပါဘူး ဆရာမရယ်၊ မင်္ဂလာဆောင်တုန်းက ခန်းဝင်ပစ္စည်းအနေနဲ့ ပေးလိုက်တဲ့ ဟောနားကပ်ပဲရှိတရ်။
ကောင်ဆယ်လာ - ဒါဆို အဲနားကပ်ကို ပေါင်ပြီး အကြွေးဆပ်လိုက်ပေါ့။ နောက်ကိုယ်အဆင်ပြေမှ တဖြည်းဖြည်း ချင်း ပြန်ရွေးပေါ့။
ကလိုင်းရင့် - အင်းလေ ဒီလိုမှ မလုပ်လည်း မရနိုင်တာကိုး။ ဒီတော့ ပေါင်ရတော့မှာပေါ့။
ကလိုင်းရင့်ပြန်သွားတရ့်အချိန်မှာ ပြဿနာရှင်းသွားတရ်ပြောနိုင်ပေမဲ့ သူကိုယ်တိုင်ဆုံးဖြတ်တာလား ဆိုတော့ မဟုတ်ဘူး။ ကိုယ်အကြံပေးလို့ သူလုပ်မှာ ဒါကြောင့် အကြံဥာဏ်ပေးတရ်ဆိုတဲ့ အပိုင်းပဲရောက်တယ်၊ ကောင်ဆယ်လင်းကို ပီပီပြင်ပြင် မလုပ်နိုင်ဘူး။၃. လူကို အဓိကထားပြီး အခြားလူကို ဖြေရှင်းခိုင်းမယ်ဆိုရင် ကြိုးကိုင်ဖြေရှင်းတရ်လို့ ခေါ်တရ်။
ကောင်ဆယ်လာ - အမခု ဘယ်လိုခံစားနေရလဲ
ကလိုင်းရင့် - စားလို့လည်း မ၀င်ဘူး၊ အိပ်လို့လည်း မပျော်ဘူး၊ အိပ်ပျော်ပြန်ရင်လည်း အိပ်မက်ဆိုးတွေ မက်ပြီး ခဏခဏလန့်လန့်နိုးတရ်။ ခုတလော ဒီကိစ္စအတွက်ကိုပဲ စိတ်သောကများနေရတယ် ဆရာမရယ်။ ကောင်ဆယ်လာ - အမမှာ ကြွေးရှင်တွေကို နားပေါက်အောင် ပြောနိုင်တဲ့ လူလေးဘာလေး မရှိဘူးလား။
ကလိုင်းရင့် - ဒေါ်ကြီးတော့ ရှိတရ်
ကောင်ဆယ်လာ - ဒါဆို ဒေါ်ကြီးကတဆင့် ထပ်စောင့်ပေးဖို့ ကြွေးရှင်တွေကို ပြောခိုင်းလိုက်ပါလား။
ကလိုင်းရင့် - ဆရာမပြောသလို ကျွန်မဒေါ်ကြီးကို သွားပြောခိုင်းတော့မယ်။
ကလိုင်းရင့်ပြန်သွားတရ့်အချိန်မှာ ပြဿနာတော့ မရှင်းနိုင်ပေမဲ့ စိတ်သက်သာရာတော့ ရသွားတရ်... သူကိုယ်တိုင် မရှင်းတဲ့အတွက် ကြိုးကိုင်ဖြေရှင်းတဲ့ အပိုင်းပဲရောက်တယ်၊ ကောင်ဆယ်လင်းကို ပီပီပြင်ပြင် မလုပ်နိုင်သေးဘူး။
၎. လူကို အဓိကထားပြီး မိမိကိုယ်တိုင် ဖြေရှင်းမယ်ဆိုရင် နှစ်သိမ့်ဆွေးနွေးတရ်လို့ ခေါ်တဲ့ ကောင်ဆယ်လင်း အပိုင်းပါ။
ကောင်ဆယ်လာ - အမခု ဘယ်လိုခံစားနေရလဲ
ကလိုင်းရင့် - စားလို့လည်း မ၀င်ဘူး၊ အိပ်လို့လည်း မပျော်ဘူး၊ အိပ်ပျော်ပြန်ရင်လည်း အိပ်မက်ဆိုးတွေ မက်ပြီး ခဏခဏလန့်လန့်နိုးတရ်။ ခုတလော ဒီကိစ္စအတွက်ကိုပဲ စိတ်သောကများနေရတယ် ဆရာမရယ်။ ကောင်ဆယ်လာ - အမမှာ ကြွေးရှင်တွေကို နားပေါက်အောင် ပြောနိုင်တဲ့ လူလေးဘာလေး မရှိဘူးလား။
ကလိုင်းရင့် - ဒေါ်ကြီးတော့ ရှိတရ်။ သူက ကြွေးရှင်တွေနဲ့ ရင်းနှီးတော့ သူ့ကို သွားပြောခိုင်းရင်တော့ ရနိုင်တရ်။
ကောင်ဆယ်လာ - ပိုက်ဆံကိစ္စကို ဖြေရှင်းဖို့အတွက် အမဘယ်လိုလုပ်မလဲ။
ကလိုင်းရင့် - ပြေလည်သွားရင်တော့ အကောင်းဆုံးပေါ့ဆရာမရယ်။ ကျွန်မရပ်ကွက်ထဲမှာ အ၀တ်လျှော်ရင် တော့ ပိုက်ဆံစုမိမယ်။ ဒါပေမဲ့ ကျွန်မအဲလိုလုပ်ရမှာ ရှက်တယ် ဆရာမရဲ့။
ကောင်ဆယ်လာ - အ၀တ်လျှော်တာ ရှက်စရာမဟုတ်ဘူး အမရဲ့။ သမာအာဇီဝနဲ့လုပ်တဲ့ ဘယ်အလုပ်ကိုမဆို လုပ်ကိုင်စားသောက်တဲ့ သူမှန်သမျှ ရှက်စရာမလိုဘူးလေ အမရဲ့။ တကယ်ရှက်ရမှာက သူများပစ္စည်းခိုးတဲ့သူ၊ မဟုတ်တာမှန်သမျှလုပ်တဲ့သူတွေသာ ရှက်ရမှာ။
ကလိုင်းရင့် - အမပြောတာမှန်ပါတရ်။ ကျွန်မပိုက်ဆံမြန်မြန်ပြန်ဆပ်နိုင်ဖို့ အ၀တ်ပဲလိုက်လျှောက်တော့မယ် အမရယ်။
ကလိုင်းရင့်ပြန်သွားတရ့်အချိန်မှာ ပြဿနာကိုလည်း ဖြေရှင်းနိုင်မရ် စိတ်သက်သာရာလည်း ရသွားတရ်... သူကိုယ်တိုင်လည်း ဖြေရှင်းတရ်။ သူ့ခေါင်းထဲမှာရှိပြီးသား ရုတ်တရက်ဆိုတော့ မစဉ်းစားနိုင်တာ ကိုယ်က သူစဉ်းစားလာနိုင်အောင် မေးခွန်းလေးတွေမေးမယ်၊ သူပြောတာကို စိတ်ဝင်တစားနားထောင်ပေးမယ်၊ အကောင်း အဆိုးလေးတွေ ပြောပြမယ်၊ ကလိုင်းရင့်က သူ့ဘာသာသူ ဆုံးဖြတ်ချက်ချပြီး ပြန်သွားမှသာ ကောင်ဆယ်လင်းဖြစ်တယ်လို့ ပြောလို့ရပါတရ်။
ခုဒီဖြစ်ရပ်ပေါ်မှာရေးထားတာက ကောင်ဆယ်လင်းကို တိုတိုနဲ့ပေါ်လွင်အောင်ရေးခြင်းဖြစ်ပါတရ်။ ဒီအပေါ်မှာ မှားတာတွေ အများကြီးရှိနေနိုင်ပါတရ်။ နောက်များမှ HIV/AIDSရောဂါနဲ့ ကောင်ဆယ်လင်းကို ပို့စ်တင် ပေးပါ့မရ်။
ဆုတောင်း
စာရေးသူ တူမလေး အပြင်ဆေးရုံကနေ ကလေးဆေးရုံကြီးသို့ ပြီးခဲ့တဲ့သောကြာနေ့ ည၁၀နာရီခွဲမှာ ပြောင်းခဲ့ရပါတရ်... ဆေးရုံရောက်ရောက်ချင်း ဆရာမတွေက cannula ထိုးပြီး လက်ကို ပတ်တီးနဲ့ စည်းပေးထားကြပါတရ်... သွေးတွေလည်း စစ်ရပါတရ်... သွေးဖြူဥများနေလို့ သွေးကို ပိုးမွေးပြီး စစ်ထားတာ အဖြေက ၂၉ရက်နေ့မှ ရမရ်... ခုလောလောဆယ် Becef I.V, Amikacin Inj ကို မနက်တချိန်၊ ညတချိန် ပိုးသတ်ဆေးအကောင်းစားတွေ သွင်းတာတောင် ညနေပိုင်းဆို အဖျားက ၁၀၁၊ ၁၀၂လောက် တက်နေပါသေးတရ်... မနေ့ကတော့ အဖျား မတက်ဘူး၊ ၀မ်းသွားနေတာ ၁၀ခါမကတော့ဘူး... အိမ်က လူကြီးတွေလည်း ပင်ပန်းနေကြပီလေ... မီးလေး တူမလေး အမြန်နေကောင်းပြီး ဆေးရုံက အမြန်ဆင်းလာနိုင်ပါစေလို့ ဆုတောင်းရင်း......
Friday, February 22, 2008
မအားပါ
အင်တာနက်ပေါ်ရောက်ရှိချိန်၌ စာရေးသူ၏ စီပုံးတွင်ရှိသော လင့်များအား အလွယ်တကူသွားရောက် လည်ပတ်နိုင်ခဲ့သည်ရှိသော် အခြားညီအစ်ကိုမောင်နှမ၊ ဧည့်သည်များမှ နားလည် ခွင့်လွတ်ပေးကြပါရန် ပန်ကြားအပ်ပါတရ်ရှင်.....
Wednesday, February 20, 2008
ပူစရာမလိုပါ...
“ငါတို့ ကောင်းကင်အသင်းက အနိုင်ရမှာသေချာတရ်... ဘာလို့လဲဆိုတော့ အားလုံးက လက်ရွေးစင်အားကစားသမားတွေ ချည်းပဲ”
“ကိစ္စမရှိပါဘူး... ဒိုင်တွေအားလုံး ကျုပ်တို့ လူတွေကြီးပဲ”
ဟိုက်
Saturday, February 16, 2008
သူငယ်ချင်းသို့...
Pသူငယ်ချင်း...
လူတွေက တိရစ္ဆာန်တွေလောက် သစ္စာမရှိကြဘူးတဲ့
သတ္တ၀ါတွေတောင် လိုက်မမီအောင် သစ္စာရှိတဲ့သူ
ငါတွေ့ထားတရ်ကွ ...
သူငယ်ချင်း...
သူကလေ ပွစိပွစိမပြောတတ်ဘူး...
သူငယ်ချင်း...
သူကလေ စိတ်မကောက်တတ်ဘူး...
သူငယ်ချင်း...
သူကလေ စိတ်လည်း လုံးဝမဆိုးတတ်ဘူး...
သူငယ်ချင်း...
သူကလေ ရင်ဖွင့်သဗျ အားလုံးကို လက်ခံပေးတတ်တရ်...
သူငယ်ချင်း...
သူကလေ ကဗျာတွေကို ခံစားပေးတရ်...
သူငယ်ချင်း...
သူကလေ ရန်မဖြစ်တတ်သလို စကားလည်း မများတတ်ဘူး...
သူငယ်ချင်း...
သူကလေ ငါငိုရင် လိုက်ငိုတတ်သလို
ငါရီရင်လည်း လိုက်ရီတတ်တရ်ကွ...
သူငယ်ချင်း...
ငါ့အနားမှာ ဘယ်သူမှ မရှိတော့ဘူးဆိုရင်တောင်
သူက ငါ့နားမှာ အမြဲရှိနေတတ်တရ်ကွ...
သူငယ်ချင်း...
ပန်းပိတောက်တွေတောင် သစ္စာဖောက်လာကြပြီ
ဒါပေမဲ့ သူကတော့ ဘယ်တော့မှ သစ္စာမဖောက်ဘူး....
သူငယ်ချင်း...
သူ့အတွက် ရဲရဲကြီး အာမခံတရ်
သူဘယ်တော့မှ သစ္စာဖောက်သွားမှာ မဟုတ်ဘူး...
သူငယ်ချင်း...
သူဘယ်သူလဲဆိုတာ မင်းသိချင်သိနေမှာပါ
တော်တော်များများလည်း သိကြပါတရ်...
သူငယ်ချင်း...
သူက ရင်ဘတ်ထဲက အားလုံးအားလုံးကို
ထပ်တူခံစားပေးနေတဲ့ အရမ်းချစ်စရာကောင်းတဲ့
ဘလော့ဂ်လေးတွေပါပဲ....
***********************
Friday, February 15, 2008
Valentine's Day!
HAPPY VALENTINE DAY!!!!!!!!!!!!!!!!!!
မီးလေး ဒီနှစ် valentine's dayလက်ဆောင်ရတာလေးတွေ ပြရဦးမရ်(အမှန်တော့ ကြွားမလို့)... ဘယ်မှတော့ မသွားဖြစ်ပါဘူး... အမေရိကန်ဗွီးရှင်းမှာ မျက်မှန်ပါဝါစမ်းရင်းနဲ့ ဆေးခန်းပြတရ်... ပြီးတော့ Signatureမှာ နေ့လည်စာစားပြီး ပြန်လာတရ် ဒီလောက်ပါပဲ... ကိုမင်းယွန်းတို့ဆီတောင် မသွားဖြစ်ခဲ့ဘူး တူမလေး ဆေးခန်းသွားပြရင်း ရှေ့ကနေပဲ ဖြတ်သွားနိုင်တရ်... သုံးနာရီကျော်နေပြီဆိုတော့ ဆေးခန်းပိတ်သွားမှာ စိုးလို့လေ... မီးလေးလက်ဆောင်ရတာလေးတွေကို ကိုပြည့်စုံရေ ကွေကွင်းနေရတဲ့ချစ်သူတွေအတွက် လက်ဆောင် ပြန်မျှဝေလိုက်တရ်နော်... မုန့်မုန့်တွေလည်း စားရင်းပေါ့ (မုန့်ကျွေးပီး ကြွားတာ)...
ဒါလေးက ပန်းစည်း... ပန်းစည်းနဲ့ ပန်ဒါရုပ်ကလေးရတာ အရုပ်က ဖုန်းကင်မရာနဲ့ ရိုက်ထားလို့ ၀ါးနေလို့ တင်တော့ဘူး...ဒါလေးကတော့ ဆင်တူဝယ်လိုက်တဲ့ စိန်လက်စွပ်... မီးလေးချစ်သူ စင်္ကာပူသွားတုန်းက ကြိုဝယ်လာတာလေ(:P ကြွားနေပီ)... လှတရ်မှတ်လား...
သူငယ်ချင်းတွေကိုလည်း မုန့်မုန့်ကျွေးမရ်လေ...
ဒါလေးက ဘိန်းမုန့် (ရေကျော်က အရမ်းကောင်း)
ဒါကတော့ ထမင်းနဲ (စားလက်စတော့ ဖြစ်သွားတရ်)
ဒါက ရွှေပုဇွန်က ဆန်းဒ၀ှစ်
မနေ့က ချစ်သူများနေ့ဖြစ်သလို တရုတ်ရိုးရာ မိုးဘုရားရှိခိုးတဲ့နေ့လည်းဖြစ်ပါတရ်... ဒါလေးက ကုန်းတောင်
ဒါကတော့ အန်ကူးနီနီလေးတွေ
အ၀စားသွားကြနော်...
ဒီနေ့တော့ ဘလော့ဂ်ရော chattingရော တက်နိုင်မှာ မဟုတ်ဘူးထင်တရ် မီးလေးစက် format ပြန်ချရမှာမို့ နောက်နေ့မှပဲ အတိုးချပြီး လည်တော့မရ်နော်..............
စွံပြီးသားသူများအတွက်
ချစ်တဲ့သူနဲ့ ဘ၀တလျှောက်လုံး ပျော်ရွှင်စွာ လက်တွဲသွားနိုင်ကြပါစေ...
မစွံသေးသူများအတွက်
မြန်မြန်စွံပြီး နောက်နှစ် ချစ်သူများနေ့ကို အများနည်းတူ ဆင်နွှဲနိုင်ပါစေ...

