ဒီနေ့ကတော့ ဖြစ်ရပ်မှန်လေးရေးမလားစိတ်ကူးမိပါတယ်။ မီးလေးရဲ့ တူမလေး(၈ လ) နံနက် ၂နာရီကြီး အဖျားကြီးပြီး တက်လို့ အနီးအနားက ပုဂွလိကဆေးခန်းကြီး တစ်ခုကို သွားခဲ့ပါတယ်။ သူတို့က မရဘူး ကလေးဆေးရုံသွားရမယ်ဆိုပြီး ပြောပါတယ်။ လိုက်လည်း လုပ်ပေးရှာပါ တယ်။ ကလေးက အောက်ဆီဂျင်နဲ့သွားရမှာဆိုတော့ အဲဒီဆေးခန်းက ကားနဲ့ပဲ သူနာပြုဆရာမတစ်ဦး လိုက်ပို့ပေးခဲ့ပါတယ်။ ဟိုရောက်သွားတော့ ဆေးရုံကတာဝန်ကျတဲ့ ဆရာဝန်တွေ၊ ဆရာမတွေလည်း အရေးပေါ်လိုအပ် သည်များကို လိုက်လံလုပ်ဆောင်ပေးကြပါတယ်။ ဒါပေမယ့် သီးသန့်ခန်း မရလို့ Hall မှာပဲ တမနက်လုံးနေခဲ့ပြီး တခြားအခန်းက ဆင်းမှ အခန်းရ ပါတယ်။ ကလေးတွေလည်း အရမ်းသနားဖို့ကောင်းပါတယ်။ သွေးလွန်တုပ်ကွေး ရာသီဆိုတော့ ကလေးလူနာတွေတအားများနေတာ Hall မှာတောင် ကုတင်မရတော့လို့ သာမာန်ရောဂါနဲ့တက်ရောက်ကုသတဲ့ ကလေးတွေကို D/C ပေးပြီး ပြန်ခိုင်းပါတယ်။ တချို့ကလေးမိဘတွေဆို ကုတင်မရလို့ ကလေးကို ပေါင်ပေါ်မှာပဲ တင်ထားပြီး ဆေးကုသမှုခံ နေရတယ်။ နံနက်9နာရီလောက် မီးလေးတို့ ဆေးရုံလိုက်သွားတဲ့ အချိန် ကြတော့ တူမလေးအခန်းရလို့ အခန်းထဲကို ပြောင်းလိုက်ရတယ်။ ကလေးက ထူထူထောင်ထောင်နဲ့ ကျန်းကျန်းမာမာ ပုံစံဖြစ်နေပါပြီ။ ၈လ အရွယ် ဆိုပေမဲ့ မီးလေးရဲ့တူမလေးက အရမ်း လည်တယ်။ မျက်နှာလည်း အရမ်းချိုပါတယ်။ အခန်းထဲဝင်လိုက်တယ်ဆိုရင်ပဲ ရီပြီးတော့ ကြိုဆိုနေ ပါတယ်။ နံနက်က သူမဟုတ်သလိုပါပဲ။ မီးလေးတူမနေတဲ့ အခန်းက နှစ်ယောက်နေရပါတယ်။ တော်သေးတာက သွေးလွန်တုပ်ကွေး မဟုတ်ဘဲ ရိုးရိုးရောဂါမို့လို့။ ဒါနဲ့ပဲ မီးလေး ယောက်မတွေကလည်း ကလေးကို ကူးစက်မှာစိုးလို့ စိုးရိမ်နေတဲ့အတွက် ဆေးရုံကဆင်းဖို့ သိတဲ့ ကလေး အထူးကုဆရာဝန်တွေဆီ သွားပြီး အကူအညီတောင်းရပါတယ်။ ဖြစ်ချင်တော့ ဆရာဝန်က စာမေးပွဲစောင့်ရမှာမို့ နေ့လည် 12နာရီ ထမင်းစားချိန်ကျမှ လုပ်ပေးမယ်ပြောပါတယ်။ ဒါနဲ့ တူမလေးနေတဲ့ အခန်းကို ပြန်လာခဲ့ပါတယ်။
တူမလေးနဲ့ အတူတူနေရတဲ့လူနာက ခြောက်နှစ်အရွယ် ကောင်မလေးပါ။ သွေးလွန်တုပ်ကွေးဖြစ်လို့ရောက်လာကြတာတဲ့။ ကလေးက ဘာမှလည်း မစားဘူး။ ဓာတ်ဆားရည်လည်း မသောက်ဘူး။ အိပ်ယာထဲပဲ မှိန်းနေပါ တယ်။ မိခင်ကတော့ စိုးရိမ်တာပေါ့ ဆရာဝန်က မှာထားတယ်။ မမှိန်းစေနဲ့ ဓာတ်ဆားဝင်အောင်တိုက်၊ အစားဝင်အောင်ကျွေး။ အဲလိုမှ မဟုတ်ရင် စိုးရိမ်ရတယ်ပြောထားလို့ပါ။ ဒါနဲ့ ကလေးလေးရဲ့ အဖွားနဲ့ မိခင်က ကလေးကို တစ်လှည့်စီ ချီပြီး လမ်းလျှောက်နေကြပါတယ်။ ကလေးရဲ့ အမေက မီးလေးနဲ့ စကားလက်ဆုံကျမိပါတော့တယ်။ သူက သူ့ကလေး ကို တအားဂရုစိုက်တာတဲ့။ စစဖျားခြင်းတုန်းက နံမည်ကြီး ကလေး အထူးကုဆရာဝန်ဆီသွားပြတယ်တဲ့။ ဒါနဲ့ ရိုးရိုးဖျားတာပါလို့ ပြောတယ် ။ နောက်နေ့ အဖျားမကျလို့ သွားပြတော့မှ ထပ်သွားပြတော့မှ သွေးလွန်တုပ်ကွေးတဲ့ ဓာတ်ဆားလုံးဝမတိုက်ပါနဲ့လို့ပြောတယ်။ ဒါနဲ့မတိုက်ဘူးပေါ့။ နောက်တော့ အဖျားမကျနိုင်တာနဲ့ နောက်နံမည်ကြီး ဆရာဝန်နဲ့ ထပ်ပြပါတယ်။ အဲဒီမှာပဲ ဆေးခန်းဆရာမက ရှင်တို့က ဓာတ်ဆားရည်မတိုက်ဘူးလား။ တိုက်ရမှာမတိုက်တော့ ကလေးက အဖျားမကျတာပေါ့။ ဒီမှာပဲ ကလေးအမေလည်း စိတ်မထိန်းနိုင်ပဲ ရှင်တို့တွေပဲ တယောက်ကတိုက်၊ တယောက်ကမတိုက်နဲ့ အမျိုးမျိုး လုပ်နေကြတာ။ ကျွန်မတို့က မသိလို့၊ မတတ်လို့ ဆေးခန်းလာပြတာ၊ ရှင်တို့ခိုင်းတဲ့အတိုင်းလုပ်ရတာပဲ၊ နောက်ဆုံးခံရတော့ ကျွန်မတို့လို လူနာရှင်နဲ့ လူနာပဲခံရတာပြောပြီး ကလေးလည်းမပြတော့ဘဲ ကလေး ချီပြီး ကလေးဆေးရုံကို ထွက်လာကြတာတဲ့။ ဆေးရုံရောက်တော့ပဲ ဒေးဖိုးလ်ဖြစ်နေပြီ။ ဒါကြောင့် နာမည်ကြီးတိုင်း ဘွဲ့တွေများတိုင်း အသုံး မ၀င်ပါဘူး။ Thinking ပေါ်မှာပဲမူတည်ပါတယ်။ ရောဂါပိုးတွေက တစ်နှစ်နဲ့ တစ်နှစ်မတူတဲ့အတွက် method တွေကလည်း အမျိုးမျိုး ပြောင်းလဲနေတတ်ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေရဲ့ တွေးခေါ်မှုနဲ့ အယူအဆဟာ အရမ်းကို အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ကိုယ့်အတွက် အကျိုးရှိမှု၊ အကျိုးယုတ်မှုမရှိပေမဲ့ ကိုယ့်အပေါ် ယုံကြည်အားထားတဲ့ လူနာနှင့် လူနာရှင်တွေအတွက် အကျိုးရှိမှု၊ အကျိုးယုတ်မှု အများကြီးသက်ရောက်နေတယ်ဆိုတာ သူတို့ကို သိစေချင်ပါတယ်...
Monday, September 24, 2007
သင့်အတွက် Best Friend! လိုအပ်နေပါသလား ?
သင့်အတွက် Best Friend! ဟာ ခွေးပဲဖြစ်ပါတယ်။ ဘာကြောင့်လဲသိချင်လား။
ဟဲဟဲ ရိုးရိုးရှင်းရှင်းလေးပါပဲ။ သူက သင့်ဆီမှာ ဘာအကြံမှလည်းတောင်းမှာ မဟုတ်သလို အကူအညီလည်းတောင်းမှာမဟုတ်ပါဘူး။
ပြီးတော့ အရေးအကြီးဆုံးက သင့်ဆီကလည်း ငွေချေးဖို့ မကြိုးစားပါဘူး။
Labels:
ဟာသ
Sunday, September 23, 2007
Saturday, September 22, 2007
မွေးနေ့ပွဲ
ဒီနေ့ကမီးလေးရဲ့ မွေးနေ့လေးပါ။ မီးလေးရဲ့မွေးနေ့ပွဲကို သူငယ်ချင်းတွေပို့ပေးတဲ့(ပုံတွေမှာ တကယ့်ကိတ် က ခဏနေမှရောက်မယ် အချိန်မီရင် တင်ပေးမယ်နော်) ကိတ်တွေနဲ့ မွေးနေ့ပွဲလုပ်ထားပါတယ်။
တိုက်ဆိုင်တာလေးတစ်ခုပြောရဦးမယ်။ ဒီနေ့ဟာ မီးလေးရဲ့ နှစ်ဆယ့်တစ်နှစ်မြောက် မွေးနေ့ဖြစ်သလို၊ ဘောလုံးသမား ရောနယ်လ်ဒိုရဲ့ သုံးဆယ့်တစ်နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။ ပြီးတော့ ဒီနေ့က friendship day လည်းဖြစ်ပါတယ်။ ဒါကြောင့် ဘလော့ဂ်ညီအစ်ကို မောင်နှမများနဲ့ အတူတူ မွေးနေ့ပွဲကျင်းပဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။ မွေးနေ့ပွဲကို တက်ရောက်ကြသော ညီအစ်ကို မောင်နှမများအား ကျေးဇူး အထူးပင်တင်ရှိပါသည်။ အချိန်မရ လိုက်ပါသဖြင့် ဖိတ်ကြားဖို့ ကျန်ခဲ့တဲ့သူများအားလည်း တောင်းပန်ပါတယ်။ အ၀စားကြနော်။ မလောက်ရင် ထပ်ကျွေးမယ်။ နင်နေမှာစိုးလို့ ရေခဲမုန့်လည်း စားသွား၊ အသီးတွေလည်း စားသွားကြနော်။ ပြီးရင် မကောင်းဘူးတော့ မပြောပါနဲ့နော်။ ဆုလည်းတောင်းပေးဦး။ ဟီး ..ဟီး
Labels:
စားသောက်ဖွယ်ရာ
ဂါရ၀ပြုခြင်း
ဒီနေ့ကမီးလေးရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ မီးလေးရဲ့မွေးနေ့မှာ မီးလေးကို မွေးဖွားပေးခဲ့တဲ့ ဖေဖေနဲ့မေမေကို ရိုသေစွာ ဒီပို့စ်လေးကနေ ဂါရ၀ပြုလိုက်ပါတယ်။ မီးလေးကို မွေးနေ့မှာ ကုသိုလ်ကောင်းမှုလုပ်ဖို့အတွက် ကူညီပံ့ပိုးပေးတဲ့ မေမေကို ကျေးဇူးတင်မိပါတယ်။ အထူးအားဖြင့် မနေ့က မိုးတွေရွာပြီး ရေတွေကြီးနေခဲ့ပါတယ်။ မီးလေး ဘုရားကို အသီးကပ်ချင်တယ်ပြောလို့ မိုးရွာချဉ်းထဲမှာ ခြေဖ၀ါးရောင်နေတဲ့ခြားက City Mart ကို စိတ်ရှည်ရှည်နဲ့ (မီးလေးကဂျီးများပြီး ကြာတတ်လို့) လိုက်ပေးတဲ့ မေမေကို အရမ်းပဲကျေးဇူးတင်ပါတယ်။ ဒီနေ့မီးလေးရဲ့ မွေးနေ့မှာ ပြုတဲ့ ကုသိုလ်ကောင်းမှုကို ညီအစ်ကို မောင်နှမ၊ မိတ်ဆွေအားလုံးကိုလည်း အမျှပေးဝေရင်း မီးလေးသိပ်ချစ်ရတဲ့ ဖေဖေနဲ့ မေမေကို ရိုသေစွာ ဂါရ၀ပြုလိုက်ပါတယ်။
Labels:
ဒိုင်ယာရီ
Friday, September 21, 2007
Congratulation!
မီးလေးက ဘောလုံးပွဲကို ၀ါသနာမပါဘူး။ ကြည့်လည်းမကြည့်ဘူး။ နိုင်ငံခြားပွဲတွေဆိုပိုစိုးတယ်။ ကြည့်လည်း မကြည့်တတ်ခဲ့ပါဘူး။ ဒါပေမယ့် မီးလေးကြည့်တဲ့ပွဲစဉ်တွေက မြန်မာပါတဲ့ပွဲဆိုရင်တော့ ရှုံးသည်ပဲဖြစ်စေ၊ နိုင်သည်ပဲဖြစ်စေ ကြည့်တယ်ဆိုတာထက် အားပေးဖြစ်ခဲ့ပါတယ်။ မီးလေး အစ်ကိုနဲ့ သူငယ်ချင်းတွေဆို မီးလေးကို အမြဲပြောတယ် ကောင်းလည်း မကောင်းပဲ နင်မို့လို့ကြည့်တယ်တဲ့ နိုင်ငံခြားပွဲစဉ်တွေဆို ဘယ်လောက် ကောင်းလဲတဲ့။ ဘယ်သူဘာပြောပြော မီးလေးကတော့ မြန်မာပွဲစဉ်ကို အားပေးမြဲ အားပေးတယ်။ မြန်မာတွေချဉ်းကန်တဲ့ပွဲကို ပြောတာ မဟုတ်ဘူးနော်။ ကိုယ့်နိုင်ငံနဲ့ သူများနိုင်ငံ ကန်တဲ့ပွဲကို ကြည့်တာ။
မီးလေးငယ်ငယ်တုန်းက ကြည့်တဲ့ပွဲစဉ်တွေကဆို မြန်မာတွေ ရှုံးတာ များတယ်။ ထိုင်းတို့၊ မလေးတို့ဆို မကန်ခင်ရှုံးဖို့ဘက်ကချဉ်း များတယ် ဟိုးအရင်ခေတ်က ဘောလုံးပွဲတွေဆို ထိုင်းတွေ မြန်မာကို ကြောက်ရတယ်။ အရမ်းလည်းအားမလို အားမရဖြစ်မိတယ်။ ဟိုတနှစ်က မြန်မာအမျိုးသား ဘောလုံးအသင်း နိုင်လာတော့ အရမ်းပျော်မိပါတယ်။
သူတို့တွေရဲ့ အပျော်က မီးလေးတို့ဆီကို ကူးစက်သွားလားမသိဘူး။ မြန်မာအမျိုးသမီး အသင်းကတော့ အများအားဖြင့် နိုင်တာများတယ်။
ယခုလည်း အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ထိုင်းအသင်းကို အနိုင်ယူပြီး ဒုတိယအကြိမ်မြောက် ချန်ပီယံဆုရတဲ့အတွက်လည်း ၀မ်းမြောက်ဂုဏ်ယူမိပါကြောင်း ...
မီးလေးငယ်ငယ်တုန်းက ကြည့်တဲ့ပွဲစဉ်တွေကဆို မြန်မာတွေ ရှုံးတာ များတယ်။ ထိုင်းတို့၊ မလေးတို့ဆို မကန်ခင်ရှုံးဖို့ဘက်ကချဉ်း များတယ် ဟိုးအရင်ခေတ်က ဘောလုံးပွဲတွေဆို ထိုင်းတွေ မြန်မာကို ကြောက်ရတယ်။ အရမ်းလည်းအားမလို အားမရဖြစ်မိတယ်။ ဟိုတနှစ်က မြန်မာအမျိုးသား ဘောလုံးအသင်း နိုင်လာတော့ အရမ်းပျော်မိပါတယ်။
သူတို့တွေရဲ့ အပျော်က မီးလေးတို့ဆီကို ကူးစက်သွားလားမသိဘူး။ မြန်မာအမျိုးသမီး အသင်းကတော့ အများအားဖြင့် နိုင်တာများတယ်။
ယခုလည်း အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ထိုင်းအသင်းကို အနိုင်ယူပြီး ဒုတိယအကြိမ်မြောက် ချန်ပီယံဆုရတဲ့အတွက်လည်း ၀မ်းမြောက်ဂုဏ်ယူမိပါကြောင်း ...
Labels:
ဆောင်းပါး
မေတ္တာရပ်ခံခြင်း...
မီးလေးထံလာလာလည်ကြတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါတယ်။ ပို့စ်တွေကို အားပေးကြတဲ့အတွက်လည်း ၀မ်းသာကြည်နူးမိပါတယ်။ အခြေအနေ အရပ်ရပ်ကြောင့် လင့်ပိတ်ထားခြင်းအား နားလည်ခွင့်လွတ်ပေးကြရန်နှင့် အလျင်းသင့်ရင်သင့်သလို ပြန်လည် ဖွင့်ပေးထားမှာ ဆိုတဲ့အကြောင်း မေတ္တာရပ်ခံလိုက်ပါတယ်ရှင်
Labels:
ထွေရာလေးပါး
သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်များသို့
ဒီပို့စ်လေးက မီးလေးရဲ့ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေအတွက် မွေးနေ့ဆုတောင်းလေးပါ...
လာလည်ကြတဲ့ ညီအစ်ကို မောင်နှမတွေထဲမှာ စက်တင်ဘာဘွန်းများရှိခဲ့ရင် စီဘောက်မှာ လာအော်နိုင်ပါတယ်...
မနက်ဖြန်ခါလည်း မီးလေးရဲ့ ဘလော့ဂ်အိမ်ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်...
မနေ့က သြစတေးလျရောက် သူငယ်ချင်းနဲ့ chat ဖြစ်တယ် သုမရဲ့ မွေးနေ့ကို မေ့နေခဲ့တဲ့ မီးလေး သူ့ကို တောင်းပန်တဲ့ အနေနဲ့ သူမအတွက်ရော၊ ကျန်တဲ့သူငယ်ချင်းတွေအတွက်ပါ မွေးနေ့ ဆုတောင်းလေးကို ရေးလိုက်ပါတယ်။ သူငယ်ချင်းကျေနပ်နိုင်ပါစေ
စက်တင်ဘာလ 4ရက်နေ့ - ဖြိုး
စက်တင်ဘာလ 11ရက်နေ့ - လုံးလုံး
စက်တင်ဘာလ 17ရက်နေ့ - သူသူ
ဘလော့ဂ်ညီအစ်ကိုမောင်နှမများ
စက်တင်ဘာလ 14ရက်နေ့ - နတ်သျှင်နောင်
စက်တင်ဘာလ 19ရက်နေ့ - တောအုပ်ထဲက ကိုနေသစ်
တို့ရဲ့ မွေးနေ့မှသည် ပျော်ရွှင်ချမ်းမြေ့တဲ့ ဘ၀လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ။
စိတ်သွားတိုင်းကိုယ်ပါပြီး တစ်ဦးချင်းစီတိုင်း တစ်ဦးချင်းစီတိုင်း ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
လာလည်ကြတဲ့ ညီအစ်ကို မောင်နှမတွေထဲမှာ စက်တင်ဘာဘွန်းများရှိခဲ့ရင် စီဘောက်မှာ လာအော်နိုင်ပါတယ်...
မနက်ဖြန်ခါလည်း မီးလေးရဲ့ ဘလော့ဂ်အိမ်ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်...
မနေ့က သြစတေးလျရောက် သူငယ်ချင်းနဲ့ chat ဖြစ်တယ် သုမရဲ့ မွေးနေ့ကို မေ့နေခဲ့တဲ့ မီးလေး သူ့ကို တောင်းပန်တဲ့ အနေနဲ့ သူမအတွက်ရော၊ ကျန်တဲ့သူငယ်ချင်းတွေအတွက်ပါ မွေးနေ့ ဆုတောင်းလေးကို ရေးလိုက်ပါတယ်။ သူငယ်ချင်းကျေနပ်နိုင်ပါစေ
စက်တင်ဘာလ 4ရက်နေ့ - ဖြိုး
စက်တင်ဘာလ 11ရက်နေ့ - လုံးလုံး
စက်တင်ဘာလ 17ရက်နေ့ - သူသူ
ဘလော့ဂ်ညီအစ်ကိုမောင်နှမများ
စက်တင်ဘာလ 14ရက်နေ့ - နတ်သျှင်နောင်
စက်တင်ဘာလ 19ရက်နေ့ - တောအုပ်ထဲက ကိုနေသစ်
တို့ရဲ့ မွေးနေ့မှသည် ပျော်ရွှင်ချမ်းမြေ့တဲ့ ဘ၀လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ။
စိတ်သွားတိုင်းကိုယ်ပါပြီး တစ်ဦးချင်းစီတိုင်း တစ်ဦးချင်းစီတိုင်း ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
Labels:
ထွေရာလေးပါး
Subscribe to:
Posts (Atom)

+Cake.jpg)


+Cake.jpg)

ရေခဲမုန့်လည်း စားသွားကြနော်