
ရစ်ခ်ျစကေး ၇ ဒဿမ ၆ ပြင်းအားရှိတဲ့ ငလျှင်တစ်ခု ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၂၀၀ ကျော်အကွာ အိန္ဒိယသမုဒ္ဒရာကို ဗဟိုပြုပြီး ဒီမနက် လှုပ်ခတ်သွားတယ်လို့ အမေရိကန် ဘူမိဗေဒ (USGS) က အစီရင်ခံစာ ထုတ်ပြန်နှိုးဆော်ပါသည်။အန်ဒမန်ကျွန်း ပို့ဘလဲဆိပ်ကမ်းရဲ့မြောက်ဘက် မိုင် ၁၆၀ လောက်ကို ဗဟိုပြုပြီး ဒီမနက် ၂ နာရီလောက်မှာ လှုပ်ခတ်သွားတဲ့ ဒီငလျှင်ကြောင့် ဆူနာမီ ငလျှင်ရေလှိုင်းတွေဟာ မြန်မာအပါအ၀င် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကို ထိခိုက်နိုင်တယ်လို့ သတိပေးနှိုးဆော်ခဲ့ပါတယ်။
ဒီငလျှင်ဗဟိုဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ အနောက်ဘက် မိုင် ၅၁၀ (၈၈၂၅ ကီလိုမီတာ) အကွာမှာဖြစ်ပြီး အိန္ဒိယနိုင်ငံအရှေ့တောင်ဘက် မိုင် ၁,၄၂၀ (၂၂၉၅ ကီလိုမီတာ) မှာပါဖြစ်ပါတယ်။
၂၀၀၄ တုန်းက အိန္ဒိယသမုဒ္ဒရာတွင်း ငလျှင်ရေလှိုင်းကြောင့် ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေအပါအ၀င် လူ ၆,၀၀၀ နီးပါးသေဆုံးခဲ့ပြီး ဒေသတစ်ခုလုံးမှာ လူတစ်သိန်းလောက် သေဆုံးပါတယ်။ မြန်မာနိုင်ငံမှာတော့ လူ ၉၀ ကျော် သေဆုံးတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မနှစ်က မေ ၂ ရက် နာဂစ်မုန်တိုင်းဘေးမှာတော့ မြန်မာနိုင်ငံသား ၁၄၀,၀၀၀ နီးပါး သေဆုံးပျောက်ဆုံးခဲ့ပါတယ်။
ဒီပို့စ်လေးကို ကိုBreeze ဆီမှ ကူးယူဖော်ပြပါသည်....
No comments:
Post a Comment