Pages

Thursday, August 20, 2009

ဘုံဆိုင်ထဲမှ ဟာသများ

လမ်းတနေရာအရောက် သူငယ်ချင်းနှစ်ယောက် ဆုံတွေ့ကြရာ...
ပထမလူ ----- မင်းတွေ့တာနဲ့ အတော်ပဲကွာ ငါ့မိန်းမ ကလေးမွေးချင်နေလို့ အိမ်မှာလဲ ဘယ်သူ့မှ မကျန်ခဲ့ဘူး။ ငါ့ကို ကားသွားငှားပေးပါလားကွာ။

ဒုတိယလူ ----- ဆောရီးပဲ သူငယ်ချင်းရာ။ ငါဒီနေ့ ဥပုသ်စောင့်ထားလို့ ထမင်းစားချိန်ကျော်တော့မှာမို့ သွားတော့မယ်ကွာ။
ဒါနဲ့ ဒုတိယလူလဲ ကားငှားပီး သူ့မိန်းမအား ဆေးရုံပို့လိုက်လေသည်။ ညနေစောင်း၍ ဆေးရုံမှ အိမ်သို့ ပြန်လာစဉ် လမ်းထိပ်၌ ထိုသူငယ်ချင်းအား ဆိုင်တဆိုင်တွင် တွေ့လိုက်လေသည်။

ပထမလူ ----- သူငယ်ချင်း မင်းပြောတော့ ဥပုသ်စောင့်တယ်ဆို ခုတော့ ဘုံဆိုင်ရောက်နေပါလားကွ။
ဒုတိယလူ ----- အင်း... ဥပုသ်စောင့်ထားတယ်လေ။ စိတ်သာ အဓိကကွ ငါက ဒါကို ရေလို့စိတ်ထဲမှာ သဘောထားပြီး သောက်တော့ ဘာမှမဖြစ်ဘူးပေါ့ကွ။
တိန်

တွေးပြီးမှ ပြုံးပါ

5 comments:

Anonymous said...

နင်ကဘုံဆိုင်ရောက်ဖူးလို့လား :P

မီးလေး said...

ရောက်ဖူးရင် ဒီထက်တောင် ပိုရေးဦးမှာ...
ခုက ဘုံဆိုင်မဟုတ်ဘဲ ဘီယာဆိုင် ရောက်နေတဲ့ ဘလောဂ်ဂါကိုကိုကြီးတွေကို စောင်းရေးထားတာဟ...
ကြားရင် နာ့လာရိုက်တော့မယ်....
ရှုး...တိုးတိုး

Anonymous said...

ငါအရင်လာရိုက်မယ် ဟီး ထိချက်ပြင်းတယ်ကွာ...

Anonymous said...

ဟုတ်တာပဲ စိတ်သာအဓိကပဲဟာ..။ ငြင်းမယ်မကြံနဲ့

Unknown said...

also I think, mind attitude is main cause for doing anything.