Pages

Sunday, August 23, 2009

ခေတ္တခွဲခွာခြင်း

သြဂုတ်လ ၂၁ရက်နေ့မှာ မီးလေးဘလော့ဂ် သက်တမ်းလေး သုံးနှစ်ပြည့်ခဲ့ပါတယ်... အဲနေ့က အကြောင်းကြောင်းကြောင့် ပို့စ်မတင်နိုင်ခဲ့ပါဘူး... ခုမှပဲ တင်ဖြစ်တော့တယ်... အမျိုးမျိုးသော အခက်အခဲတွေကြားက သုံးနှစ်ပြည့်မှန်းမသိ ပြည့်ခဲ့ပါပြီ... ခုတော့ မီးလေး ဒီဘလော့ဂ်လေးနှင့် ခဏခွဲခွာရပေဦးမည်... အဘယ်ကြောင့်ဆိုသော် ကျောင်းစာများ၊ ပရောဂျက်များနှင့် အလုပ်ရှုပ်နေ ပါသောကြောင့် ပို့စ်များ တင်နိုင်မည် မဟုတ်သေးပါ... အားရင်အားသလိုတော့ ရေးတင်ပါမည်... လာလည်တဲ့ လူတွေကိုလည်း အားနာမိပါသည်...

မီးလေးအရင်ကလည်း ခေတ္တမျှ ခွဲခွာခဲ့ဖူးပါသည်... မီးလေးပြန်လာချိန်မှာ အတော်ပြောင်းလဲ ကုန်ပါပီ... လင့်တွေတော်တော်များများ မရှိကြတော့... ဘလော့ဂ်သစ်လေးများနှင့် ထပ်မံ ဆုံစည်းခဲ့ပြန်ပါသည်... ခုတော့ ပြန်လည်ခွဲခွာရဦးမည်... မီးလေး မရှိစဉ်မှာ မီးလေးအိမ်ကို စောင့်ရှောက် ပေးကြတဲ့ မောင်နှမများနှင့် လူမရှိပေမဲ့ လာလည်ပေးကြတဲ့ စာဖတ်ပရိတ်သတ်များ၊ မောင်နှမအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း....

2 comments:

su wai said...

မီးလေး ဘလော့လေးက သုံးနှစ်တောင် ရှိသွားပြီနော်.. အလုပ်မအားတဲ့ကြားကနေ ဘလော့သက်တမ်း သုံးနှစ်ပြည့်အောင် စာတွေ ရေးနိုင်တာ မီးလေးရဲ့ဇွဲနဲ့ စာဖတ်သူ သူငယ်ချင်းမောင်နှမတွေပေါ်မှာ ထားတဲ့ သံယောဇဉ်ကြောင့် ဖြစ်မှာပါ.. မီးလေးပြောတဲ့ မရှိတော့တဲ့ လင့်ခ်တွေထဲမှာ ဆုဝေဘလော့လဲ ပါမယ်ထင်တယ်နော်.. ဆုတောင်းပေးပါတယ် မီးလေးရေ.. နောင် နှစ်ပေါင်းများစွာထိ ဘလော့လောကထဲမှာ နွေးထွေးပျော်ရွှင်စွာ ရှင်သန်သွားနိုင်ပါစေလို့.. စာတွေလဲ အများကြီး ဆက်ရေးနိုင်ပါစေလို့......။

ခင်တဲ့
ဆုဝေ

မြစ်ကျိုးအင်း said...

ဘလော့လောကမှာ သုံးနှစ် ရပ်တည်ဘို့ဆိုတာ အလွန်ခက်ခဲပါတယ်။
ဂုဏ်ယူလေးစားပါတယ်။အားကျမိပါတယ်။