Pages

Monday, August 17, 2009

မီးလေး ဆေးရုံတက်တော့မည်...

ခုတလော မီးလေးမှာ အပြင်းအထန် ရောဂါတစ်ခု စွဲကပ်နေပါသည်... ဆရာဝန်မှ ကုရာနတ္ထိ ဆေးမရှိဟု ပြောလိုက်ပါသဖြင့် အကြီးအကျယ် စိတ်ညစ်နေပါသည်.... ဆေးရုံတက်ပြီး ကုတောင် ရချင်မှ ရတော့မှာလို့ ဆရာဝန်က ပြောလိုက်ပါ၍ အစားအသောက်ပျက်နေပါသည် (တနေ့ ၅ ပန်းကန် :$)... ဆေးရုံတက်ဖို့ ဗေဒင်တွက်ရွှေးပြီးမှ တက်မည်ဟု ဆုံးဖြတ်ထားတယ်...

Process Addiction လို့ခေါ်တဲ့ ဗိုင်းရပ်စ်ရောဂါ တစ်မျိုး ကူးစက်ခံနေရပါတယ်... ထိုဗိုင်းရပ်စ်ဟာ လူငယ်တော်တော်များများကို ကူးစက်ခံနေရပြီး ဖြစ်ပါတယ်... ပြန့်နှံ့နှုန်းက လေတိုက်နှုန်း ၂၀၀၀၀ ထက် အဆတစ်ရာ ပိုမြန်ပါတယ်... ခုချိန်ထိ ကာကွယ်ဆေး မပေါ်သေးပါဘူး... ထိုရောဂါ ကူးစက်ခံရခြင်း ရှိ၊ မရှိ အောက်ပါရောဂါလက္ခဏာ (Symptoms) များကို ကြည့်၍ သိနိုင်ပါသည်...


၁။ tolerance - ယဉ်ပါးသွားခြင်း (ဆေးယဉ်သကဲ့သို့)
(အင်တာနက်သုံးတဲ့အချိန်များ နေပေမယ့် ဆက်ပြီးဆက်ပြီးသုံးချင်နေတာ၊ အချိန်နည်းတယ်လို့ ခံစားရ၊ စိတ်ကျေနပ်မှုမရတာ)

၂။ withdrawal symptoms- ဆေးဖြတ်လက္ခဏာများခံစားရခြင်း -
(အင်တာနက်သုံးတာလျှော့ချလိုက်ရရင်၊ စိတ်မပျော်တာ၊ စိတ်တိုစိတ်ဆတ်လာတာ၊ စိတ်ဓာတ် ကျသလိုခံစားရတာ၊ စိတ်အလိုမကျသလိုခံစားရတာ။ အင်တာနက်သုံးနေတုန်းမှာ အနှောင့် အယှက်ပေးသလိုဖြစ်ရင် ပုံမှန်ထက်ပိုပြီးစိတ်တိုလာတာ။ အင်တာနက်ကြည့်နေရမှ စိတ်ပျော်ရွှင် ကျေနပ်မှုရတာ)

၃။ ပုံမှန်အချိန်တွေမှာပါ အင်တာနက်နဲ့ပတ်သက်တာတွေးနေမိတာ၊
( ဥပမာ-ဘလော့ဂ်မှာ ဘာတင်လိုက်မယ်၊ ဘယ်သူ့ဆီသွားမလည်ရသေးဘူးစသဖြင့်
ဈေးသုံးနေရင်းစဉ်းစားနေမိတာမျိုး။)

၎။ အင်တာနက်နဲ့ပတ်သက်တဲ့အိပ်မက်မကြာခဏမက်တာ

၅။ type ရိုက်သလိုမျိုးလက်ဂနာမငြိမ်လှုပ်ရှားတတ်လာတာ

၆။ စိတ်ကူးထားတာထက်ပိုပြီးအင်တာနက်ကိုအချိန်ပေးနေမိတာ။
ဥပမာ-မအိပ်ခင် နာရီဝက်လောက်ကြည့်လိုက်ဦးမယ်ဆိုပြီး ၂-၃ နာရီဆက်မိတာ

၇။ အင်တာနက်နဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စတွေမှာ အချိန်ပိုပေးနေမိတာ
(အင်တာနက်ကြည့်တာအပြင်) ဥပမာ- ဘလော့ဂ်မှာတင်ဖို့ စာအုပ်ရှာဖတ်တာမျိုး

၈။ အင်တာနက်ကို လျှော့ဖို့စိတ်ကူးပေမယ့် မအောင်မြင်တာ

၉။ တခြားလူမှုရေးနဲ့ နေ့စဉ်ဘ၀လုပ်ငန်းဆောင်တာတွေပျက်ကွက်လာတာ။ အထူးသဖြင့် မိသားစု ရှိသူတွေမှာ၊ ချက်ပြုတ်သန့်ရှင်း လိုစိတ်နည်းလာ၊ လင်မယား ဆက်ဆံရေး စိတ်ဝင်စားမှုလျော့လာ၊
သားသမီးပေါ် ၀တ္တရားပျက်လာတာ။ တစ်ဦးထဲသမားတွေမှာ အပြင်သူငယ်ချင်းတွေနဲ့ ထိတွေ့ ဆက်ဆံမှုနည်းလာတာ။ ကျောင်းသားတွေမှာ အဆင့်ကျလာတာ။ အလုပ်သမားတွေမှာ
အလုပ်ထဲ စိတ်ပါဝင်စားမှု နည်းလာတာ

၁၀။ ကိုယ်လက်လှုပ်ရှားမှု၊ အပြင်ထွက်အပမ်းဖြေခြင်း၊ တီဗီကြည့်ခြင်းစတာတွေ သိပ်မလုပ် တော့တာ။

၁၁။ အင်တာနက်အချိန်များလွန်းလို့ အိပ်ရေးပျက်ပြီး၊ နောက်နေ့မနက် စောစောမထနိုင်တာ၊ အိပ်ရေးပျက်မှုကြောင့် အင်တာနက်ထိုင်တာကလွဲပြီး ဘာမှလုပ်ချင်စိတ်မရှိတာ၊

၁၂။ အလုပ်အကိုင်၊ ကျန်းမာရေး၊ အိမ်ထောင်ရေးဝတ္တရားပျက်နေမှန်းသိနေလျက်နဲ့
အင်တာနက်ကို မဖြတ်နိုင်ဘဲဖြစ်လာတာ။

၁၃။ Forming cyber relationships with strangers met online is also a
sign of internet addiction. - အွန်လိုင်းကတဆင့် မတွေ့ဘူးမမြင်ဘူးသူ
သူစိမ်းများနဲ့မိတ်ဆွေဖြစ်-ဆက်ဆံဖြစ်တာ
Extra-marrital relations - အိမ်ထောင်ဖက်ဇနီး၊ ခင်ပွန်းအပြင် ဆက်သွယ်မှုများ
ရောဂါဖြစ်လွယ်သူများ စိတ်ဓာတ်ရေးရာ အားနည်းချက်ရှိသူများမှာ ဒီရောဂါစွဲလွယ်ပါတယ်။ ငယ်ဘ၀က စိတ်အနာရဖူးသူများ (psychological trauma)၊ စိတ်ဓာတ်ကျလွယ်သူများ၊ အများနဲ့ မဆက်ဆံချင် တကိုယ်တည်းနေတတ်သူများ၊ အလုပ်ဒဏ်ကိုရှောင်တတ်သူများ၊ အင်တာနက်နဲ့ စိတ်ထွက်ပေါက်ရှာတတ်သူများ

Complications - ဆက်တွဲဆိုးကျိုးများ

၁။ ကျန်းမာရေးဆိုင်ရာပြဿနာများ-health problems

(၁) မျက်စိပြဿနာ
(၂) ကျောအောင့်ခါးနာ စသော အကြောဆိုင်ရာဝေဒနာများ
(၃) လက်မ၊လက်ညိုးနှင့်လက်ခလယ်လက်ချောင်းလေးများထုံကျင်ခြင်းရောဂါ -carpal
tunnel syndrome
(၄) အားအင်နည်းပါးခြင်း(fatigue)
(၅) အဆီတက်လာခြင်း-ထိုမှတဆင့် နှလုံးသွေးကြောရောဂါများ

၂။ မိသားစုပြဿနာများ-Familial problems
(၁) လင်မယားပြတ်စဲခြင်း
(အွန်လိုင်းမိတ်ဆွေအဆင့်မှ သံယောဇဉ်ပိုလာခြင်းကြောင့် အိမ်ထောင်ဖက်ကို စိတ်ဝင်စားမှု နည်းလာခြင်း၊ အင်တာနက်ကိုသာအလွန်အမင်းစွဲလမ်းနေမှုကြောင့် လင်မယားဆက်ဆံရေး နည်းပါးလာခြင်း နှစ်မျိုးဖြစ်နိုင်ပါတယ်)
(၂) သားသမီးစိတ်ဝေဒနာရခြင်း-မိဘသားသမီးဆက်ဆံရေးအေးစက်လာခြင်း

၃။ လူမှုရေးအကျိုးဆက်များ-Social problems
အလုပ်ပျက်ခြင်း၊ မိတ်ဆွေစစ်နည်းပါးလာခြင်း၊

Treatment - ကုသမှု ဆေးကိုတိကနဲဖြတ်ရင် ဆေးဖြတ်တဲ့ withdrawal symptoms တွေကြောင့် လူထိခိုက်တတ်သလို၊ နက်သမားကို နက်တိကနဲဖြတ်ခိုင်းရင် စိတ်ဓာတ်ကျတာ၊စတဲ့
ဝေဒနာတွေဝင်လာတတ်ပါတယ်။ ဒါကြောင့်မျှင်းပြီးဖြတ်စေရပါတယ်။

၁။ တနေ့တာအတွင်းနက်သုံးချိန်ကို မှတ်တမ်းပြုစုစေခြင်း
၂။ ပြင်ပလောကနဲ့ပိုဆက်ဆံစေခြင်း-ခရီးတိုထွက်ခြင်းစသည်
၃။ မိသားစုသမားများအတွက်၊ မိဘ၀တ်-သားသမီးဝတ်-လင်ဝတ်-မယားဝတ်
စသည်များပြန်လည်သတိရစေခြင်း
၎။ သင်တန်း-လက်မှုအတတ်ပညာစတာတက်စေခြင်း
၅။ တရားထိုင်စေခြင်း

Prognosis - ရောဂါပျောက်ကင်းနိုင်မှု
ခံယူချက်နဲ့ အမူအကျင့်ပြောင်းလဲနိုင်မှု attitude and behavioral change
ပေါ်မှာမူတည်ပါတယ်တဲ့...

Forward မေးလ်ထဲကပါ အတော်များများ တိုက်ဆိုင်လို့ ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်...

ရယ်မောခြင်းဖြင့် အသက်ရှည်နိုင်ကြပါစေသော်......

10 comments:

ဇောင်း said...

ဒီကောင်မလေး တော်တော်နောက်၏
ဆေးရုံတတ်ရမယ်ဆိုတော့ တစ်ကယ်ထင်နေတာ :S

အင်တာနက်သုံးချိန်ကို တော့ ဘယ်လိုနည်းနဲ့မှာ လျှော့လို့မရတာအတူတူပါပဲ တစ်ခါတစ်လေ များတော့အားဖြင့်တော့ မိုးလင်းသွားတာများတယ်

လောလောဆယ် ကျောအောင့် ခါးနာ ဖြစ်ချင်သလိုလိုဖြစ်နေပီ...
မင်နီ နဲ့ ပြထားတဲ့ အကြောင်းအရာတွေ နဲ့ တော်တော်တူနေတယ်ဗျာ...... တစ်ခါတစ်လေ ထမင်းစားဖို့မေ့ရင်းနဲ့ မာမားခေါက်ဆွဲနဲ့ ညားတာများ၏ :P

မီးလေး said...

ကိုဇောင်း ညညဆို ဖေ့ဘွတ်ခ်မှာ အပင်စိုက်နေတာ သိသားပဲ... မြန်မြန်တက်ကုသင့်နေပီ...:D

သားဖြိုး said...

ဖြစ်တတ်ပါတယ်... ဒါကြောင့်လည်း facebook မှာ ရွာသာကြီးဘက် ဒိုးနေတာ တွေ့ရတာကိုး... (စတာနော်...)

အမှန်တော့ မီးလေး ခုလို ရေးထား ပြောထားတာတွေကို သဘောကျ ရယ်(ရီ)မောမိတာ စိတ်ပျော်စရာ ကောင်းပေမယ့်... တစ်ဖက်က စဉ်းစားကြည့်တော့ တစ်ခြားသူတွေကို အင်တာနက် အလွန်အကျွံ သုံးတတ်လာအောင် အားပေးအားမြှောက်များ ဖြစ်နေသလားလို့ပါ...

ဝေဖန်ကြည့်တာပါ...

အမှားပါသွားလျှင် ခွင့်လွှတ်ပေးပါ...

(သားဖြိုး http://mypoembag.mmgenius.com )

အောင်မျိုးဟန် said...

၂။ မိသားစုပြဿနာများ-Familial problems
(၁) လင်မယားပြတ်စဲခြင်း
(အွန်လိုင်းမိတ်ဆွေအဆင့်မှ သံယောဇဉ်ပိုလာခြင်းကြောင့် အိမ်ထောင်ဖက်ကို စိတ်ဝင်စားမှု နည်းလာခြင်း၊ အင်တာနက်ကိုသာအလွန်အမင်းစွဲလမ်းနေမှုကြောင့် လင်မယားဆက်ဆံရေး နည်းပါးလာခြင်း နှစ်မျိုးဖြစ်နိုင်ပါတယ်)
(၂) သားသမီးစိတ်ဝေဒနာရခြင်း-မိဘသားသမီးဆက်ဆံရေးအေးစက်လာခြင်း

သြော်မီးလေးတို့များ လျှို့ဝှက်ထားတာ ခုမှပေါ်တော့တယ်။

Yu Ya said...

ဟုတ်တယ်ဗျ.. ကျွန်တော်ကိုတော့ ကျွန်တော်မဟေသီက တုတ်တစ်ချောင်းဆောင်ပြီး ည ၁၁ နာရီးထိုးတာနဲ့ ပွဲစကြမ်းတော့တာပဲ..အဟီး။ ဒါနဲ့ပဲ အချိန်မှန်မှန် အိပ်ဖြစ်နေသေးတယ်။ မနက်ဆိုလည်း ၇ နာရီခွဲထပြီး ခဏလေး ၁၀ မိနစ်လောက် သုံးပြီးမှ မျက်နှာသစ် ရေမိုးချိုးပြီး အလုပ်သွားတာဗျ။

Weekend ဆိုရင်တော့ မနက် ၃ နာရီလောက်အထိ သုံးမိတယ်ဗျ။ ကျန်းမာရေး ရှုထောင့်ကကြည့်ရင်တော့ မကောင်းဘူးပေါ့ဗျာ။

Internet Growth Statistics ကိုကြည့်ရင်လည်း နှစ်စဉ် မြှင့်တက်နေတာကို တွေ့ရတာပေါ့။

yu ya

မီးတောက် said...

စဖတ်တုံးက လန့်တောင်လန့်သွားတာပဲ ..
ပီးတော့ ဘယ်ဟုတ်မလဲ ..
ဟာသလေးတွေကို တစ်ဝကြီး ဖတ်ရှုသွားပါတယ်
အော် ဒါနဲ့
ဆေးသောက်ရင် လှုပ်သောက်နော်
ဟိ

su wai said...

ရောဂါချင်း တူနေတယ် မီးလေးရေ... ဆေးရုံ တူတူ တက်ကြရအောင်နော်... ဒါမှ ဆေးရုံပေါ်မှာ အင်တာနက်အကြောင်းလေး ဆွေးနွေးဖို့ အဖော်ရမှာ :)

စိတ်၏ဖြေရာ said...

symtoms တွေတော်တော်များများတူနေလို့ရောဂါ
ကူးစက်ခံနေရပြီထင်ပါရဲ့မီးလေးရေ

Anonymous said...

သိပါဘူးဗျာ ကုရာနတ်ထိဆိုတော့ အောအိုင်ဒီအက်စ် များလားလို့ အဟေဟေ

mabaydar said...

အမယ်လေး... ငါ့အခြေအနေလဲ အတော်ဆိုးတဲ့အထဲပါနေပြီထင်တယ်... ရှိတဲ့ လက္ခာဏာတွေမှာ ၉၀ ရာခိုင်နှုန်းလောက်က တူနေတယ်... မိသားစုနဲ့ စကားမပြောဖြစ်တာ... အင်တာနက်မသုံးရရင် စိတ်တိုနေတာ... သူငယ်ချင်းတွေနဲ့ အပြင်မထွက်တော့တာ... နာရီဝက်ဆိုပြီး ထိုင်လိုက်ရင် ၂-၃ နာရီ ဆက်ထိုင်မိတာ... ဘုရား... ဘုရား... ဒွတ်ခတော့ ရောက်ပြီ... အဲဒါ ရောဂါမှန်းကို မသိတာ...